ထိုင်းနိုင်ငံရှိဘဏ်များအနက် အဆိုပါ ဘဏ်ကို ရွေးချယ်ရခြင်းမှာ ယင်းဘဏ်၏ ATM (အလိုအလျောက် ငွေထုတ်စက်) များတွင် အင်္ဂလိပ်၊ ထိုင်းသာမက မြန်မာဘာသာစာများပါ ကပ်ထားပေးပြီး မြန်မာလုပ်သားများကို ဂရုတစိုက်ရှိ သောကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့နိုင်ငံတွင် ငွေစက္ကူသိပ်မသုံးဘဲ ငွေလွှဲလျှင် ဘဏ်ကတ်သာ အသုံးများသဖြင့် ငွေလွှဲကောင်တာများတွင် ဘဏ်ဝန်ထမ်းအများစု ထားလေ့မရှိသော်လည်း ယခုငွေလွှဲအစီအစဉ်အတွက် မြန်မာလုပ်သားများ လူကိုယ်တိုင်လာရောက် ငွေလွှဲကြမည်ဖြစ်ရာ အဆိုပါဘဏ်တွင် ငွေလွဲကောင်တာများနှင့် ဝန်ထမ်းများထားရှိရန် K Bank က စီစဉ်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။
၎င်းတို့နှစ်ဘဏ် ငွေလွှဲလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရန် မေလ ၈ ရက်နေ့တွင် ဘန်ကောက်မြို့၌ သဘောတူစာချုပ် ချုပ်ဆိုကြမည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ တရားဝင် ထုတ်ပြန်ကြေညာ ထားသည်။
ယင်းနိုင်ငံခြား ငွေလွှဲလုပ်ငန်း လုပ်ပိုင်ခွင့်ကို ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်တို့က ယမန်နှစ် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိ ထားကြခြင်းဖြစ်ကြောင်း ယင်းဘဏ်များမှ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၄ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Source by :http://www.onekokoaung.co.cc/
0 comments:
Post a Comment