Home » , » ဂုဏ်ပြုထိုက်သူ

ဂုဏ်ပြုထိုက်သူ

Written By မောင်စေတနာ on Friday, May 4, 2012 | 1:43:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLp5NKuB81C88npZwDP1PfCTeVe1aftdBimUlepjGE_KlcbJ6rPXKrdXzsIirBju77YwrDRmx7JY3MMeFmd1rGVvBl1BKMbKqrGt0qQszNK3G4x2imuymqO0pDJ5Qu3zD0lhKdi-fo9Wyk/s400/trainphotos.jpg

ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် ထွက်ခွာလာသည့် အမှတ်(၁၇၆) အစုန်ရထားသည် ဒါးပိန်ဘူတာ အ၀င်ရှိ ရထားလမ်းတံတားသို့ အရောက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အဘွားအိုနှင့် မြေးငယ် ရထားလမ်းလယ်တွင် ရပ်နေစဥ့်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

အသက်၈၃နှစ်ရွယ်အဘွားအိုနှင့် လူမမယ်မြေးငယ်အား ရထားကြိတ်ခံရမည့်ဘေးမှ မိမိအသက်ကို မငဲ့ဘဲ ကွက်ဘဲ ရထားပေါ်မှ ဆင်းတွန်း ဖယ်ကယ်တင်ခဲ့သော စက်ခေါင်းမောင်းသူ မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် ကိုဌေးဦး ကို ထိုက်ထိုက်တန်တန် အစိုးရရော ပြည်သူပါ ဂုဏ်ပြုသင့်ပါတယ်လို facebook စာမျက်နှာမှာ တွေ့ရပါတယ်။

အဆိုပါရထားလမ်းတံတားပေါ်တွင် လမ်းလျှောက်ဖြတ်ကူးနေသော မြေးအဖွားနှစ်ဦးသည် ရုတ်တရက် ကြောက်လန့်ကာ တံတားအလယ်၌ တစ်ဦးကို တစ်ဦးဖက်လျက် အနေအထားဖြင့် ရှိနေခဲ့ပါတယ်။

အမှတ်(၁၇၆) အစုန်ရထားသည် တံတားပေါ်တွင် မြေးအဖွားနှစ်ဦးကို မြင်သည့်အတွက် ဥသြဆွဲခဲ့သော် လည်း မြေးအဖွားနှစ်ဦးသည် ရုတ်တရက် အကြောက်လွန်၍ တံတားအလယ်တွင် ရှိနေခဲ့သည်။

အဆိုပါ ရထားစက် ခေါင်းမောင်းမှ အရေးပေါ်ဘရိတ်ဆွဲသော်လည်း မောင်းနှင်လာသော အရှိန်ဖြင့် ချိန်ဆ လုပ်ဆောင်ရခြင်းကြောင့် ရထား၏ အရှိန်လျော့သွားသော်လည်း ချက်ချင်းရပ်၍မရဖြစ်ခဲ့ပါတယ်။

အရှိန်မရပ်သောရထားဟာ မြေးအဖွားနှစ်ဦးဆီသို့ ဦးတည်နေရာ လက်ထောက် စက်ခေါင်းမောင်း ကိုဌေးနိုင်က စက်ခေါင်းပေါ်မှ ခုန်ချကာ မြေးအဖွားနှစ်ဦးစလုံး နှင့်အတူ ရထားလမ်းတံတားပေါ်မှ ရေထဲသို့ခုန်ဆင်း၍ အသက်ကယ်တင်ခဲ့ကြောင်း facebook စာမျက်နှာများတွင် ရေးသားဖော်ပြထားပါသည်။

facebook က comment လေးတစ်ချို့ကိုလဲဖော်ပြပေးလိုက်ပါတယ်။

Kyang Wang အင်း ဘယ်လူများ ချီးကျူးမလဲကြည့်ကြသေးတာပေါ့။ တားကတော့ လူမျိုးမခွဲခြားသလို ဘာသာမခွဲခြားဘူး လူသားတစ်ယောက်ပီသတဲ့လူကို ချီးကျူးပါတယ်။

ge Naing လေးစားပါတယ်။ ကားထဲမှာ ရေနစ်နေတဲ့သူကို ၀င်ကယ်ခဲ့ဖူးတဲ့ စိုင်းအောင်လှိုင်မြင့်ကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ဟင်နရီဒူးနန့်ဆုကို ချီးမြှင့်ခဲ့တယ်လို့ ကျွန်မတို့ငယ်ငယ်က ကြက်ခြေနီစာစောင်တွေမှာ ဖတ်ရလို့ ကြားဖူးပါတယ်။ အခုလည်း ကိုဌေးနိုင်ကို နိုင်ငံခြားကမဟုတ်ရင်တောင်မှ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့အစိုးရနဲ့ တခြားလူမှုဝန်ထမ်းအဖွဲ့တွေကနေ ဦးဆောင်ပြီး ထိုက်ထိုက်တန်တန် ဂုဏ်ပြု သင့်ပါတယ်။

et Htet Htun လူလူချင်း ကူညီတာကို ကျေးဇူးတင်ပါတယ်
မွတ်စလင်ဖြစ်နေတာကို ဂုဏ်ယူပြီးပြောနေရင်တော့ sorry ပါ

ချီးကျူးပါတယ်ဗျာ၊ ကြားရတာနဲ့တင် ဂုဏ်ယ၀မ်းမြောက်မိပါတယ်။

Thiha Tun ဘာသာကအဓိကမဟုတ်ဘူး..လူလူချင်းထားတဲ့စိတ်ဓါတ်ပဲ။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။