Home » , » ဒေါက်မြင့်ဖိနပ်နှင့် ကျန်းမာရေး သင်ကြိုက်ရာရွေး

ဒေါက်မြင့်ဖိနပ်နှင့် ကျန်းမာရေး သင်ကြိုက်ရာရွေး

Written By မောင်စေတနာ on Wednesday, May 9, 2012 | 4:26:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsY9yuBqASFd6gp9EsG74lRRHBaWAK41fIAl_N9Ew32vdzlZ37_O2mRW_SBppWJKCEQcgEKovOsLETSzpHxKg48iG2ybx-ZhETBP-V0yq_f1rVDYo5xOzCj3uqNzPWbiUgtwMmSyjDSMao/s400/528742_303252969752499_266067356804394_681305_2088117906_n.jpg

အမျိုးသမီးအများစုဟာ ဒေါက်မြင့်ဖိနပ်ကို အမြတ်တနိုးစီးကြပါတယ်။ ဒေါက်မြင့်စီးလိုက်မှပဲ မိန်းကလေးများရဲ့ တင်၊ ရင် ခြေတံ စသဖြင့် ပိုကြွ၊ ပိုလှလာတယ်လို့ အထင်ရှိနေတာ အမျိုးသမီးအများစုပါ။

ဒါပေမယ့် ဒေါက်မြင့်ဖိနပ်စီးလို့ ကျန်းမာရေးကို ဘယ်လို ထိခိုက်တယ်ဆိုတာ သိထားသင့်ပါတယ်။
ဒေါက်မြင့် ဖိနပ် စီးတဲ့အတွက် အနည်းဆုံး ခြေမပေါ်မှာ အနာ စိမ်းပေါက်တာ၊ နောက်ကြွက်သားနဲ့ အရိုးကို ဆက်သွယ် ပေးထားတဲ့ အရွတ်ကို ပျက်ဆီးစေတာ၊ ခြေချောင်းလေးတွေပျက်စီးတာ စသဖြင့် ဖြစ်ပွားစေ ပါတယ်။

အဓိက ဖြစ်ပွားစေတာကတော့ ပုံမှာ ပြထားတဲ့အတိုင်း ball of the foot လို့ ခေါ်တဲ့ ခြေမနဲ့ ခြေဖ၀ါးအရိုးကို ဆက်ထားတဲ့ နေရာကို တကိုယ်လုံးက ဖိအားတွေ ကျရောက်ပြီး အဲဒီ အရိုးဆုံလည် ပျက်ဆီးတာတွေ၊ အရိုး ကျီးပေါင်းတက်တာတွေ၊ နောက် အရိုးအတက်ပေါက်တာတွေနဲ့ ခြေထောက်ပုံသဏ္ဍန် ပျက်စီးတာတွေ လည်းဖြစ်စေပါတယ်။

ဒေါက်က မြင့်လေ လေ ဖိအားက အဲဒီ အရိုးဆုံလည်အပေါ် တကိုယ်လုံးရဲ့ဖိအားက သက်ရောက်လေဖလဖြစ်ပါတယ်။

နောက်ထပ် ဆိုးကျိုးကတော့ ဒူးနဲ့ ကျောကိုပါ ထိခိုက်လာနိုင်တာပဲဖြစ်ပါတယ်။ မကြာခဏ အကြောတက်တာ၊ ခါးကိုက် တာတွေလည်းဖြစ်စေပါတယ်။ ၊ အမြဲလိုလို ဒေါက်မြင့်ဖိနပ်ကို စီးမယ် ဆိုရင်တော့ ခြေထောက်ကို ဆိုးဆိုးဝါးဝါး ပျက်စီးစေ မှာ အသေအချာပါဘဲ။

ကိုယ့်ကိုယ်ကို ကျန်းမာစေချင်တယ် တကယ် လှစေချင်တယ်ဆိုရင်တော့ ဒေါက်မြင့်ဖိနပ် မစီးတာ အကောင်းဆုံး ပါဘဲ။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။