နောက်ကျဂိုး နှစ်ဂိုးဖြင့် မန်စီးတီး ချန်ပီယံဖြစ်ယနေ့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ် ပရီးမီးယားလိဂ် ပြိုင်ပွဲ ပွဲစဉ် ၃၈ တွင် မန်ချက်စတာ စီးတီးအသင်းက ကျူပီအာ အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၁၁ - ၂၀၁၂ ပရီးမီးယားလိဂ် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးရရှိ သွားသည်။
မိနစ်ကိုးဆယ် ပြည့်သည်အထိ ယှဉ်ပြိုင်ကစားကြရာတွင် မန်စီးတီးအသင်းက ကျူပီအာ အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း ထပ်ဆောင်းအချိန်ပို ၅ မိနစ်တွင် ချေပဂိုးနှင့် အနိုင်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့သည်။
တစ်ချိန်တည်းတွင် ယှဉ်ပြိုင်ကစားနေသည့် ချန်ပီယံဟောင်း မန်ချက်စတာ ယူနိုက်တတ်နှင့် ဆန်းဒါးလန်း အသင်းတို့ ပွဲစဉ်တွင် မန်ယူက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရှိခဲ့သော်လည်း ရမှတ်တူ သွင်းဂိုးကွာခြားချက် အသာဖြင့် မန်စီးတီးအသင်းက ဖလားရရှိခဲ့ခြင်း ဖြစ်သည်။

Source by :http://www.yoyarlay.com/
0 comments:
Post a Comment