Home » , , » NLD အဆိုတော်တွေကို နေပြည်တော် ဒဏ်ခတ်

NLD အဆိုတော်တွေကို နေပြည်တော် ဒဏ်ခတ်

Written By မောင်စေတနာ on Thursday, April 12, 2012 | 7:01:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglM-0FBjZ5o8f2KstAvt7lxPmr__nog5fHQfJ3hA1oqJ3fVHK7lJ3pJlnEwcdKMULYhPFi1-JsyGjI5tUz_KhxBN6q6gvnnel7YiPZnH6GQsl4HnRTJlluPlbPuVMB_1IgwCVrbZLbDHA/s1600/0000000000000000000000000000000000000000000000ttti+%25287%25291+cochinjew.jpg

ဗိုလ်ကျအနိုင်ကျင့်တဲ့ ဗိုလ်ချုပ်ကြီးများကို အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားချိန်မှာ ဗိုလ်ချုပ်ကြီးတို့ကလည်း သူတို့နိုင်လို့ရတဲ့ သူတွေကို ဒဏ်ခတ် ပိတ်ဆို့လိုက်ပါပြီ တဲ့။

NLD နဲ့ ပူးပေါင်းခဲ့တဲ့ အဆိုတော်တွေကို နေပြည်တော် သင်္ကြန်မှာ စင်ပေါ်တက် သီချင်းဆိုခွင့် ပိတ်ပင်တဲ့ နည်းနဲ့ ဒဏ်ခတ်လိုက်တာလို့ သိရပါတယ်။

ပိတ်ဆို့ဒဏ်ခတ်မှုကို အစိုးရက မကြေညာပါဘူး။
အဆိုတော် သံသာဝင်းရဲ့ ဖေ့စ်ဘုတ် http://www.facebook.com/thanthar မှာ ဟောဒီလို တွေ့ရတာပါ -

မီးမီးခဲနဲ့ ဘရိတ်ကီ က မအူပင် NLD အောင်နိုင်ရေးမှာ ပါဝင် ဖျော်ဖြေ ခဲ့လို့ ဖြစ်တယ်လို့သာ သိရပါတယ် တိကျတဲ့အကြောင်းပြချက် မသိရပါဘူး ..သီချင်းလည်းတိုက်ပြီး အားလုံးအဆင်သင့် ဖြစ်ပြီး ဒီနေ့ညနေမှ Banလုပ်လိုက်တယ် လို့ ကဗျာဘွဲ့မှူးဆီမှ သိရပါတယ် .... လင်းလင်း ကိုလည်း အားလုံးသေချာပြီးမှ ဒေါ်စုကို ဝန်းရံ တဲ့ အတွက် ခေါ်လို့မရဘူးဆိုပြီး cancel ပြန်လုပ်သွားတယ် လို့ သိရပါတယ် ..

ဖျော်ဖြေ ရေးမဏ္ဍပ် တွေကို ဖိအားပေး ထားပုံရပါတယ်.. ထလော့မြန်မာ သီချင်းကိုဆိုတဲ့ နေဇော် ကို လည်း စရံ ပေး ပြီးမှ ပြန်ဖျက်သွား တယ်လို့ ဆိုပါတယ်.. သျှီ ကိုလည်းထိုနည်းတူ.. ထူးအယ်လင်းကတော့ သူ ဖျော်ဖြေခွင့်မရဘူးဆိုတာကိုဒီနေ့ ညနေ DVBကနေပြောသွားတာ ကြားလိုက်ရပါတယ်... ကဗျာဘွဲ့မှူး ကတော့ ခရီးသွားမှာ မို့မသိပါဘူး..

အနဂ္ဂရယ် ကျမရယ်ကတော့ မဆို ဖြစ်ပါဘူး.. ဆိုရင်လည်း ပိတ်မှာတော့ သေချာသလောက်ပါပဲ ..main targets တွေလေ :P

၂၀၁၀ တုန်းက မဖြူဖြူသင်း ရဲ့ တောင်ဒဂုံက ဝေဒနာသည်တွေ ကိုသွားအားပေးလို့ဆိုပီး လူမှုရေးလုပ်တာတောင် ပိတ်သေးတာပဲ ..လူတွေသိပ်မသိလိုက် ပေမဲ့ (‘၈၈ တော်လှန်ရေးနှင့် စွန့်လွှတ်ခြင်း’ ‘ခွပ်ဒေါင်းဝိဥာဉ်’စတဲ့ သီချင်းများကြောင့် ) ဟိုးအရင် စစ်အစိုးရလက်ထက် ကတည်းကလည်း ကျမက ပိတ်ခံနေကြပါပဲ မဆန်းတော့ပါဘူး....

အခုချိန်မှာတော့ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသင့်ပြီ လို့ထင်ပါတယ် ဒါပေမဲ့...................

11:48 AM http://www.facebook.com/thanthar
Breaking News :ဒေါ်အောင်ဆန်းစုကြည်နဲ့NLDအောင်နိုင်ရေးအတွက် စည်းရုံးဝန်းရံပေးကြခဲ့တဲ့ အချို့သောအနုပညာရှင် တွေကို အကြောင်းပြချက်မရှိဘဲ သင်္ကြန်မှာ ဖျော်ဖြေခွင့်တွေ ပိတ်လိုက်ကြောင်း...

ကျမ တို့အတွက်တော့ ရိုးနေပါပြီ ..ခဏခဏ ပိတ်ခံရလွန်းလို့ .....ဒါပေမဲ့
အရင်စစ်အစိုးရ လက်ထက်တုန်းက ဒီလိုဥပဒေမဲ့ လုပ်ချင်တိုင်း လုပ်လို့ရပေမဲ့ အခုလိုdemocracy ဖော်ဆောင် နေပါပြီ ဆိုတဲ့ အရပ်သားအစိုးရလက်ထက်မှာ ဒီလို အကျင့်စိတ်တွေ ရှိ နေသေးဒါကိုကြည့်ခြင်းအားဖြင့် သူတို့တွေမပြောင်းလဲသေးဘူးဆိုတာ သက်သေပြလိုက်တာဘဲ....

လွှတ်တော်ထဲကိုတောင် ဝင်ရောက်တော့မဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကိုဝန်းရံပေး သူတွေကို လက်မခံနိုင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ကိုလက်မခံနိုင် သေးတာဖြစ်တယ်လို့ယူ ဆပါတယ် အပြင်း အထန်ကန့်ကွက်ပါတယ် ကျမသိရသလောက် မီးမီးခဲ ထူးအယ်လင်း ဘရိတ်ကီ လင်းလင်း

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။