Home » , » Homophobia သို့မဟုတ် လိင်တူချစ်သူများအား ရွံမုန်းမှု

Homophobia သို့မဟုတ် လိင်တူချစ်သူများအား ရွံမုန်းမှု

Written By မောင်စေတနာ on Friday, April 27, 2012 | 12:15:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQRQm5ozrvEONlAkMJ6QonYE_iNvQCNJte0UzAUP24hjoH4pc5dTv8LF2j6Hw1HvW1QV62qME8ukN29WaGSw00zXNG6fG6JS9I5j0b5aqDhtpGePWsqtgCPer80piTJozICkWCkt86vauz/s400/557650_228436830593466_202664583170691_339237_1355328326_n.jpg

Campaign Poster for May (17) International Day Against Homophobia

မေ ၁၇ မှာ ကျရောက်မယ့် လိင်တူချစ်သူများအား ရွံမုန်းမှု တိုက်ဖျက်ရေး နိုင်ငံတကာနေ့ အတွက် ပိုစတာ တဲ့။

ဒီလို လှုံ့ဆော်တဲ့နေ့မျိုး ကျင်းပတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး၊ လောကအလှ အွန်လိုင်း မဂ္ဂဇင်းမှာ ဒီအကြောင်း စာရေးဆရာ အတ္တကျော်နဲ့ အင်တာဗျူးတခု ဖော်ပြခဲ့တယ် ဆိုပြီး http://www.colorsrainbow.com မှာ အခုလို တွေ့ရပါတယ်။

ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ မေလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ INTERNATIONAL DAY AGAINST HOMOPHOBIA နေ့ အထိမ်းအမှတ် ဟောပြောပွဲကို တက်ရောက် ဟောပြောခဲ့တဲ့ ဆရာအတ္တကျော်နှင့် လောကအလှတို့ တွေ့ဆုံခဲ့ပြီး သိလိုသည်များကို မေးမြန်းခဲ့ရာ ဆရာအတ္တကျော်က ဖြေကြားသွားခဲ့ပါတယ်။
ဇင်းမယ်မြို့ကို ဆရာ သွားခဲ့တဲ့ ကိစ္စလေး သိခွင့်ရှိမလားရှင်။

ဇင်းမယ်မှာ ရှိတဲ့ “သက်တံများ”ဆိုတဲ့ အဖွဲ့က ဖိတ်ကြားလို့ သွားခဲ့တာပါ။ သူတို့က မေလ ၁၇ ရက်နေ့မှာ လိင်တူချစ်သူများအား ရွံမုန်းမှု တိုက်ဖျက်ရေး နိုင်ငံတကာနေ့ ကျင်းပမယ်၊ အဲဒီ့မှာ စကားလာပြောပေးပါဆိုလို့ သွားခဲ့တာပါ။

ဆရာ အဲဒီမှာ ဟောပြောတဲ့ခါ ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်း ပြောကြား ခဲ့တာပါလဲ။

လိင်တူချစ်သူများကို ရွံမုန်းတယ်ဆိုတဲ့ နေရာမှာ အပိုင်းနှစ်ပိုင်းရှိတယ်။ ပထမပိုင်းက ကိုယ်ကိုယ်တိုင်က စိတ်မလုံခြုံတာ။ ကိုယ်က အများနဲ့မတူတဲ့အတွက် သိမ်ငယ်စိတ်က အနည်းနဲ့ အများရှိတယ်။ သည်တော့ ကိုယ့်ကို ရွံမုန်းလိမ့်မယ်လို့ တွေးထင်ထားတာ။ ဒါက တစ်ချက်။

အဲတော့ မိမိရဲ့ လိင်စိတ်ကိုင်းညွှတ်မှု (sexual orientation) ကို မိမိဘာသာ အသာတကြည်လက်ခံလိုက်မယ်ဆိုရင် အများကြီး သက်သာနိုင်တဲ့အကြောင်း။ နောက်တစ်ပိုင်းကကျတော့ ဆရာ့ကိုယ်တွေ့ကို ပြောပြတာ။ လိင်တူချင်းတပ်မက်တဲ့ ယောက်ျားတစ်ယောက်နဲ့ ဆရာ ပထမဆုံး စဆုံဖူးတဲ့အရွယ်က ၁၂ နှစ်တောင် မပြည့်ချင်သေးဘူး။ အဲဒီ့မှာ အရမ်းလန့်သွားတယ်။ အခန့်မသင့်ရင် စိတ်ဒဏ်ရာတောင် ရသွားနိုင်တာမျိုး။

အဲတော့ လိင်တူ ချစ်သူတွေအနေနဲ့ အရွယ်မရောက်သေးသူတွေကို သားကောင်ရှာတာမျိုးကို ရှောင်ရှားနိုင်ကြမယ်ဆိုရင် လိင်တူချစ်သူများအပေါ် ရွံမုန်းမှုတွေ လျော့ပါးသွားနိုင်မယ်လို့ ပြောခဲ့ပါတယ်ပရိတ်သတ်ဘက်က တုန့်ပြန်မှုကရော..ဆရာ။

ပရိသတ်က အဲဒါတွေချည်းပဲလေ။ ထူးထူးဆန်းဆန်း ခရစ်ယာန် ဘုန်းကြီးတစ်ပါးတော့ပါတယ်။ နိုင်ငံခြားသားပါ။ သူကလည်း လိင်တူ ချစ်သူပဲ။ ပရိသတ်က ဆရာပြောတဲ့အချက်ကို လက်ခံကြပါတယ်။ သူတို့ မမြင်တဲ့ ထောင့်ကနေ ပြောသွားတယ်၊ အခွင့်အရေးနဲ့တကွ တွဲနေတဲ့ တာဝန်ကို မီးမောင်းထိုးပြသွားတယ်လို့ ပြောကြတယ်။

ဒီပွဲကနေ လူသားတွေကောင်းကျိုး ရှိလာတယ်လို့ ပြောလို့ရတာပေါ့နော်ဆရာ။ အဲ... အဲလောက်ကြီး ပြောလို့တော့ မရသေးဘူးထင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ သည်လိုပွဲမျိုး လုပ်နိုင်လာတာလေးတစ်ခုကတော့ အားရစရာကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ၀ိုင်းပယ်ခံ လူနည်းစုတစ်စုရဲ့ ရပ်တည်ရှင်သန်ရေး အတွက် အားထုတ်မှုတစ်ရပ်လို့ပဲ ပြောနိုင်မလားပဲ။


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။