Home » , , » သမီးလေးကို စိတ်ချမ်းသာအောင်ထားပါ တဲ့

သမီးလေးကို စိတ်ချမ်းသာအောင်ထားပါ တဲ့

Written By မောင်စေတနာ on Tuesday, April 3, 2012 | 4:00:00 PM


ကော့မှူးကို စိတ်ချမ်းသာအောင်ထားဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြိုင်ဘက်ဟောင်း တိုက်တွန်း မိုးမခအထောက်တော် အမှတ် ဝဝ၇
ဧပြီ ၃၊ ၂ဝ၁၂

ကော့မှူးမြို့ဒေသခံများ စိတ်ချမ်းသာရေး လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ပြိုင်ဘက်အမတ်လောင်း ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းက ယနေ့နံနက်ပိုင်း ထုတ်လွှင့်သွားသည့် ဘီဘီစီသတင်းဌာနနှင့် မေးမြန်းခန်းတွင် တိုက်တွန်းလိုက်သည်။

ဒေါက်တာစိုးမင်းက ကော့မှူးမြို့အား သူ၏ သမီးအဖြစ် တင်စား ပြောဆိုလိုက်သည်။

"ဆရာ့မှာ ကော့မှူး ဆိုတဲ့ သမီးပျိုလေးတစ်ယောက် ရှိတယ်၊ ဒီသမီးပျိုလေးဟာ သူ အိမ်ထောင်ပြုချင်တဲ့ဆန္ဒနဲ့ အိမ်ထောင်ပြုသွားတယ်၊ သူ ပိုယုံလို့ အိမ်ထောင်ပြုသွားတာလေ။ ဆရာ့ရဲ့ သမီးပျိုလေးကို စိတ်ချမ်းသာအောင်ထားပါလို့ ပြောချင်ပါတယ်"

ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ကိုယ်စားလှယ်အဖြစ် ဧပြီ ၁ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။

မဲဆွယ်သည့် ကာလအတွင်း ဒေါက်တာစိုးမင်းသည် ဒေသခံအများအပြားကို အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း ရွေးကောက်ပွဲ ကာလတွင် ကော့မှူးမြို့သူ မြို့သား တို့၏ မဲအပြားအများကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့သည်။

ညွှန်း - မိုးမခ - http://moemaka.blogspot.com/


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။