မန်ယူအသင်း၏နောက်ခံလူ ဖေဘီယိုသည် ဘင်ဖီကာအသင်းသို့ အငှားသွားရောက်ကစားလိုကြောင်းနှင့် သူ၏ အိုးထရက်ဖို့ဒ်အနာဂတ်နှင့်ပတ်သက်ပြီး၊ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။
ဘင်ဖီကာအသင်း၏ ဖေဘီယိုအား ပုံမှန်ပွဲထွက်ခွင့်ပေးမည်ဟု အာမခံမှုနှင့်အတူ၊ မန်ယူနည်းပြ ဖာဂူဆန်သည် အသက် (၂၁)နှစ်ရှိ ဘရာဇီးနောက်ခံလူအား ပထမအသင်းအတွေ့အကြုံရရှိစေရန် ဘင်ဖီကာအသင်းသို့ အငှားသွားရောက်ကစားရန် စေလွှတ်နေသည်။
“ဘင်ဖီကာအသင်းအကြောင်း ကောင်းကောင်းသိပါတယ်၊ ဘရာဇီးမှာ သူတို့ပွဲအတော်များများ ကြည့်ဖူးပါတယ်၊ ဘရာဇီးက လူတွေဟာ ဘင်ဖီကာအသင်းကို ကြိုက်နှစ်သက်ကြပါတယ်၊ သူတို့ဟာ အသင်းကောင်းတစ်သင်းပါ၊ အဲဒီကို ပြောင်းရွှေ့မှုဟာ ကျွန်တော့်အတွက် မှန်ကန်ပါလိမ့်မယ်”
“လစ္စဘွန်းကို သွားရောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး၊ ပြဿနာရှိလိမ့်မယ်လို့ မထင်ပါဘူး၊ ကျွန်တော့်မှာ ပေါ်တူဂီ ပတ်စ်ပို့ထ်လည်းရှိပြီး၊ ပေါ်တူဂီစကားကိုလည်း ပြောတတ်ပါတယ်၊ ပေါ်တူဂီစကားပြောတတ်တာက ကျွန်တော့်အတွက် အထောက်အကူတစ်ခု ဖြစ်ပါလိမ့်မယ်၊ သူတို့ဟာ ဥရောပပြိုင်ပွဲတွေမှာ အမြဲတမ်း ခြေစွမ်းပြကြပါတယ်”ဟု ဖေဘီယိုက ပြောကြားခဲ့သည်။
ဖေဘီယိုက ဘင်ဖီကာအသင်းသို့ ပြောင်းရွှေ့မှုအား ရှင်းလင်းပြောကြားခဲ့သော်လည်း သူအနေဖြင့် အိုးထရက်ဖို့ဒ်အား စွန့်ခွာမည်လားဆိုသည်ကိုမူ မကျိန်းသေသေးကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် ဘင်ဖီကာအသင်းနဲ့ လက်မတွဲရသေးပါဘူး၊ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး၊ ဘာမှ မဆုံးဖြတ်ရသေးပါဘူး၊ ဒီရာသီကုန်ရင်တော့ ပိုပြီး၊ရှင်းလင်းလာပါလိမ့်မယ်”ဟု ဖေဘီယိုက ပြောကြားခဲ့သည်။
ဖေဘီယိုသည် (၂၀၁၁-၁၂)ရာသီတွင် မန်ယူ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ (၅)ပွဲသာ ပါဝင် ကစားရသေးသည်။
Source by :http://mutdfan.com/
0 comments:
Post a Comment