Home » , » ရထားလမ်းမှာ ညမထွက်ရ

ရထားလမ်းမှာ ညမထွက်ရ

Written By မောင်စေတနာ on Thursday, April 26, 2012 | 4:12:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-KCcZMDYnNGhHBsSzqtKYwMNQcD9X5EDxVp9et72EhxCyFIzThDezv_eYNzL8L-_pB-t2VKp2zbWFPHI-R3SrCL-HQHXyE5JQ14mKDoV_nOiL7kMVJDvvi7UkwMEN-jmQYLBqlS1JXXg/s400/000ef+knu10255555550000.jpg

(ဓာတ်ပုံ - ဧရာဝတီ)

မြစ်ကြီးနားနှင့် မိုးညှင်းဘူတာကြားရှိ သံလမ်းများတွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထား

မန်းသားလေး

မိုးညှင်းဘူတာမှ မြစ်ကြီးနားဘူတာအကြားရှိ သံလမ်းတစ်လျှောက်တွင် စစ်တပ်လုံခြုံရေးများ နေရာ အနှံ့ ချထားလျက်ရှိပြီး ညပိုင်းတွင် ဖြတ်သန်း သွားလာခွင့် မပြုကြောင်း သိရသည်။

ညပိုင်း၆နာရီမှ စတင်ကာ ဖြတ်သန်းသွားလာသူများကို စစ်ဆေးမေးမြန်းလျက် ရှိပြီး စစ်ဆေး မေးမြန်းခြင်းကို လက်မခံဘဲ ထွက်ပြေးသူများကို ပစ်ခတ် ဖမ်းဆီးကြသည်ဟု မိုးညှင်းဒေသခံများက ပြောသည်။

"ကျွန်တော်တို့ မုံရွာတက္ကသိုလ်မှာ ကျောင်းပြီးလို့ ရွာကို ပြန်လာကြတာ။ ရွာပြန်ရောက်တော့ သူငယ်ချင်းတွေ စုပြီး ပျော်ပါးကြတာပေါ့။ ညောင်ပင်သာယာ ရွာကနေ ရထားသံလမ်းအတိုင်း ဆိုင်ကယ်စီးပြီး ပြန်လာကြတာ။ လမ်းမှာ ကင်းစောင့် စစ်သားတွေက တားတယ်။ ကျွန်တော်တို့ကလည်း မရပ်ဘဲ ဆက်မောင်းတော့ သေနတ်နဲ့ လှမ်းပစ်တယ်။ လူတော့ မထိဘူး။ မိုးပေါ်ထောင်ပစ်တာလည်း မဟုတ်ဘူး။ ဘယ်ကို ပစ်တာလည်းတော့ မသိဘူး" ဟု မိုးညှင်းတွင် နေထိုင်သော တက္ကသိုလ် ကျောင်းသား မောင်မောင်က ပြောသည်။

မိုးညှင်းမြို့တွင် ညပိုင်းတွင် သေနတ်ပစ်ဖောက်သံများ ကြားရသည်။ သေနတ်ဖောက်သံများကြောင့် ဒေသခံများမှာ အထိတ်တလန့် စိုးရိမ်စွာ နေထိုင်ကြရကြောင်း သိရသည်။

"ညပိုင်းတွေဆိုရင် သေနတ်ဖောက်သံတွေ ကြားရတယ်။ ကျွန်မတို့ထင်တာ ညပိုင်း လူချင်းချိန်းတာမို့ အချက်ပေးတဲ့အနေနဲ့ ပစ်ဖောက်တာ ထင်တာ။ အမှန်က မဟုတ်ဘူး။ ညပိုင်း သံလမ်းနားကပ်လာတဲ့ မသကာင်္တဲ့လူတွေကို သေနတ်နဲ့ ပစ်ဖောက်ကြတာ" ဟု ဟိုပင်ဒေသတွင် နေထိုင်သော ဒေါ်နန်းလုခန်းက ပြောသည်။

မန္တလေး နှင့် တည်ငြိမ်မှု မရှိသေးသော မြစ်ကြီးနားကို အဓိက အားထားပြီး သွားနေသည့် ရထားလမ်းတွင် ဗုံးထောင်၊ ဗုံးခွဲမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး ရထားလမ်းတလျှောက် စစ်တပ်များ အသီးသီးချပြီး ကင်းစောင့်ခြင်းများ ပြုလုပ်ကြသည်။

ညပိုင်း၆နာရီတွင် ရထားသံလမ်းတစ်လျှောက် မည်သူ့ကိုမျှ ဖြတ်သန်းသွားလာခိုင်းခြင်းမပြုချေ။

"ညနဲနဲမှောင်တာနဲ့ ရထားသံလမ်း တစ်လျှောက်မှာ ဘယ်သူ့ကိုမှ ဖြတ်သန်းသွားတာ လက်မခံပါဘူး။ အထက်ကလည်း မသကာင်္တဲ့လူကို ပစ်မိန့် ပေးထားပြီးသားပါ။ ညပိုင်းတွေမှာ ကျွန်တော်စစ်ဆေးမှုကို ကြည်ဖြူစွာမခံယူဘဲ ထွက်ပြေးတဲ့ဆိုင်ကယ်တွေ ရှိတယ်။ ကျွန်တော်တို့က အော်ပြီး ဟန့်တားတယ်။ ဒါကို ဂရုမစိုက်ဘဲ ဇွတ်အတင်း ထွက်ပြေးတယ် ဆိုရင်တော့ သေနတ်နဲ့ ပစ်ခြောက်ပြီး ဖမ်းတယ်" ဟု နန်းမားကြီးကျေးရွာပိုင်သော ရထားသံလမ်းတွင် တာဝန်ကျသည့် အမှတ်၃၈၈တပ်မှ တာဝန်ကျ ကင်းစောင့် တပ်သားတစ်ဦးက ဧရာဝတီကို ပြောသည်။

မိုးညှင်းမှ မြစ်ကြီးနားသွား ရထားသံလမ်းတစ်လျှောက်တွင် ၁၀မိုင်ရွာသစ်မှ စတင်ပြီး မြစ်ကြီးနားအထိ အစိုးရစစ်သားများ အစုလိုက်တဲထိုးပြီး ညပိုင်းများတွင် ကင်းစောင့်လျက် ရှိကြသည်။

စစ်ကိုင်းတိုင်းဖြစ်သော မော်လူး၊ ကသာ အစရှိသည့် မြို့ရွာများတွင် ရထားသံလမ်းတစ်လျှောက် ကင်းစောင့်ခြင်းများ မရှိပေ။ ရထားသံလမ်း ဗုံးခွဲမှုများမှာ စစ်ကိုင်းတိုင်းဘက်တွင်းမဟုတ်ဘဲ မြစ်ကြီးနားခရိုင်အတွင်းတွင်သာ အဓိကထား ဖြစ်ပေါ်လျက် ရှိကြောင်း သိရ သည်။

ရထားသံလမ်းများတွင် ဗုံးထောင်ဖောက်ခွဲမှုကို ကျူးလွန်သူမှာ မည်သည့်အဖွဲ့အစည်း ဖြစ်ကြောင်း အတိကျမသိရဘဲ သံလမ်းများ ပျက်စီးစေရန် အဓိက ရည်ရွယ်ပြီး ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

မြစ်ကြီးနားနှင့် မန္တလေးကို ကားလမ်းများ ဖောက်လုပ်ထားသော်လည်း လမ်းကြမ်းသည့်အတွက် ဒေသခံတို့က ရထားကိုသာ အဓိကအားထား သွားလာနေကြရသည်။


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။