
(ဓာတ်ပုံများ - www.mgr.manager.co.th)
လူကုန်ကူးခံရတဲ့ ၇ နှစ်အရွယ် မြန်မာကလေးတယောက် ဘန်ကောက်မြို့မှာ နှင်းဆီပန်းရောင်း၊ တခါတရံ အရိုက်အနှက်ခံရတဲ့ ဘ၀ကနေ လွတ်မြောက်သွားပါပြီ တဲ့ - မနေ့က ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးထားပါတယ်။
ကလေးအကြောင်း အသေးစိတ် ဖော်ပြမထားပါ။
လူကုန်ကူးမှု တိုက်ဖျက်ရေးဌာန ရဲအရာရှိရဲ့ အဆိုအရ ဒီကလေးကို ခိုင်းစားနေတဲ့ Maso Muhammad ဆိုတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးကို ထိန်းသိမ်းထားတယ်လို့ ဆိုတယ်။
ခိုင်းစားခံရတာ ဒီတယောက်ထဲ မဟုတ်ဘူး၊ ကလေးတွေ နှင်းဆီပန်း အရောင်း မသွက်၊ ရောင်းမကုန်ဘူး ဆိုရင် ရိုက်ခံရတယ်၊ ထမင်းအငတ်ထားတယ်လို့ ရဲအရာရှိက ဆိုတယ်။
ခိုင်းစားတဲ့ အမျိုးသမီးက ကလေးတွေကို ပန်းရောင်းခိုင်းတယ်ဆိုတာကိုတော့ ၀န်ခံတယ်၊ သို့သော် ဒီကလေးတွေက သူ့အမျိုးတွေပါလို့ ပြောတယ် တဲ့။ ရောင်းရတဲ့ အမြတ်ကိုလည်း ဝေစားမျှစားလုပ်တယ်၊ ကလေးမိဘတွေဆီ ပို့ပေးပါတယ် တဲ့။

Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment