Home » , , » ဖယောင်းရွေးကောက်ပွဲ?

ဖယောင်းရွေးကောက်ပွဲ?

Written By မောင်စေတနာ on Monday, April 2, 2012 | 4:43:00 PM

မနေ့က ဇမ္ဗူသီရိမြို့မှာ မဲထည့်နေတဲ့ သမ္မတ ဦးသိန်းစိန်

ကြံ့ခိုင်ရေးပါတီဝင် ဦးသိန်းစိန်က ကြံ့ခိုင်ရေးကိုပဲ မဲထည့်မယ်၊ သူ့ဆန္ဒမဲမှာတော့ ဖယောင်း မပါဘူး လို့ ယူဆရပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်မှာလည်း ဦးသိန်းစိန်က ကြံ့ခိုင်ရေးအတွက် မဲဆွယ်ခဲ့တယ်လို့ သိရပါတယ်။

အေပရယ်ဖူးနေ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပြားတချို့မှာ ဖယောင်းသုတ်ထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

ဆန္ဒမဲတွေ ပုံနှိပ်စက်က ထွက်သွားတုန်းက ဖယောင်း ပါမသွားဘူးလို့ အခိုင်အမာ ဆိုသူကလည်း ဆိုပါတယ်။

ဆန္ဒပြားပေါ်က မဲခွပ်ဒေါင်းဘေးက ကွက်လပ်မှာ ဖယောင်းသုတ်ထားတယ်ဆိုတဲ့ အသံတချို့လည်း ကြားရပါတယ်။

(ဖယောင်းကြောင့် မဲပေးဖို့ ဘောပင်နဲ့ တဲ့အခါ က ပီပီသသ မထင်တော့ပါဘူး။ ဒါဆိုရင် ပယ်မဲ ဖြစ်ပါပြီ)

ဖယောင်းဖြစ်ရပ်တွေ တကယ်ရှိခဲ့တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ရင်လည်း ရွေး/ကော် တာဝန်ရှိသူတွေ ရာထူးက နှုတ်ထွက်မယ် မထင်ပါဘူး။ ၂၀၁၀ မှာ ထင်တိုင်းကြဲခဲ့တာတောင် ခုထိ အားလုံး စင်ပေါ်ကပဲ မဟုတ်လား။

တကယ် ညစ်ပတ်ခဲ့တယ် ဆိုရင်တော့ မစို့မပို့ ညစ်ပတ်မှု ဖြစ်သွားပြီ၊ ဒါဟာ ဖယောင်းရွေးကောက်ပွဲ လို့ နာမည်ပြောင် ပေးရမှာ ဖြစ်ပါတယ်။

၂၀၁၀ ကတော့ ကြိုတင်မဲရွေးကောက်ပွဲပေါ့။

၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲတွေ အထုပ်လိုက် ဖန်တီးခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

သေချာ စဉ်းစားကြည့်တော့ အဲဒီတုန်းက ကြိုတင်မဲပေးဖို့၊ ကြံ့ခိုင်ရေးကိုပဲ မဲထည့်ဖို့ ဗျူဟာချခဲ့သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ပါပဲ။ စစ်အစိုးရရဲ့ အမိန့်ဆိုတော့လည်း အားလုံးက ကြံ့ခိုင်ရေး အပြတ်အသတ် နိုင်အောင် လုပ်ပေးခဲ့ကြတာပါ။

နောက်ဆုံးတော့ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေ လွှတ်တော်ထဲ အစုလိုက် အပြုံလိုက် ရောက်သွားကြပါတယ်။
၂၅ ရာခိုင်နှုန်း သတ်မှတ်ချက်ကြောင့် စစ်အရာရှိတွေလည်း လွှတ်တော်ထဲ ရောက်ပါတယ်။

ကလိန်ကျ အနိုင်ကျင့်တဲ့နည်းတွေနဲ့ ရောက်လာကြတဲ့ ဒီအုပ်စု ၂ ခုလုံးက သူ့နည်းသူ့ဟန်နဲ့ ရှက်ဖို့ကောင်းပါတယ်။ လွှတ်တော်တက်စစ်ဗိုလ်များအတွက် ဖြေသာတာကတော့ အမိန့်ပေးလို့ လွှတ်တော်ထဲ လာထိုင်ရပါတယ် ဆိုပြီး ဆင်ခြေပေးနိုင်တာပါပဲ။ ။

Source by :http://www.irrawaddyblog.com/
Share this article :

1 comments:

စံပယ်ချို said...

သူတို့တွေဘယ်လိုပဲလုပ်လုပ် အခုပြည်သူတွေပျော်နေရပါတယ်
သူ့တို့အကြောင်းတွေလဲ တကမ္ဘာလုံးသိနေကြပါပြီ
သတင်းလေးအတွက်ကျေးဇူး

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။