Home » , , » သင်္ကြန်မဏ္ဍပ်များတွင် သီဆိုရန်ချုပ်ဆိုထားသော စာချုပ်များ ဖျက်သိမ်းခံရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီအစိုးရနှင့် သက်ဆိုင်ခြင်းမရှိကြောင်း

သင်္ကြန်မဏ္ဍပ်များတွင် သီဆိုရန်ချုပ်ဆိုထားသော စာချုပ်များ ဖျက်သိမ်းခံရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီအစိုးရနှင့် သက်ဆိုင်ခြင်းမရှိကြောင်း

Written By မောင်စေတနာ on Thursday, April 12, 2012 | 9:06:00 PM

1111a

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ

လာမည့် သင်္ကြန်တွင် နေပြည်တော်နှင့် ရန်ကုန်ရှိ မဏ္ဍပ်အချို့၌ ဖျော်ဖြေရန် စာချုပ်ချုပ်ဆိုထားသော အဆိုတော်နှင့် သရုပ်ဆောင်အချို့ စာချုပ်ဖျက်သိမ်းခံရခြင်းမှာ မိမိတို့ တိုင်းဒေသကြီး အစိုးရနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၁၁ ရက်နေ့ ည ၇နာရီတွင် ပြည်သူ့လွှတ်တော် အဆောက်အအုံရှိ ၀န်ကြီးချုပ် အစည်းအဝေးခန်းမတွင် ပြောကြားခဲ့သည်။

"အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ အဆိုတော်နှင့် သရုပ်ဆောင်အချို့ သင်္ကြန်မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့် ပိတ်ပင်ခံရတယ်ဆိုတာ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲဆွယ်စည်းရုံးခဲ့လို့ အခုလို ဖျော်ဖြေခွင့် ပိတ်ပင်ခံရတယ်ဆိုတာကလည်း လုံးဝမဟုတ်ပါဘူး။

ဒီအဆိုတော်နဲ့ သရုပ်ဆောင်တွေ အနေနဲ့ သဘောတူညီမှုရပြီးမှ စာချုပ် ဖျက်လိုက်တဲ့ ကုမ္ပဏီ အမည်ကိုသာ ပြောမယ်ဆိုရင် သဘောတူညီခွင့် ပြန်ရအောင် ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံပေးပါ့မယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

တစ်နာရီခန့် ကြာမြင့်ခဲ့သော အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီး အစိုးရအပြင် ပြည်ထောင်စု အစိုးရအနေဖြင့်လည်း အနုပညာရှင်များ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် စည်းရုံးလှုံ့ဆော်ခဲ့မှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အပြစ်ပေးအရေးယူရန် ညွှန်ကြားခဲ့ခြင်း မရှိဟု အတိအလင်း ငြင်းဆိုသွားခဲ့သည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ်က ယခုကဲ့သို့ သတင်းထွက်ပေါ်ခြင်းကြောင့် မိမိတို့ တိုင်းဒေသကြီး အစိုးရနှင့် ပြည်ထောင်စုအစိုးရအပေါ် အထင်အမြင် လွဲမှားစေနိုင်သဖြင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ သက်ဆိုင်ရ ကုမ္ပဏီများထံ လူမှုရေးအရ မေတ္တာရပ်ခံပေးလိုသည်ဟု ပြောကြားခဲ့သည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။