Home » , , , , » နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ကြီးနှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ကြီးနှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး

Written By မောင်စေတနာ on Sunday, April 22, 2012 | 3:35:00 PM


မင်္ဂလာပါ ခင်ဗျာ။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန်ရောက်ပါလာပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးမှာ မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော်မှာ တည်ရှိတဲ့ နှလုံးလှ ပရဟိတ သွေးလှူရှင် အဖွဲ့ကြီးနဲ့ တွေ့ဆုံပြီး နိုင်ငံတကာမှ စာဖတ်သူ မိတ်ဆွေများကို အသေးစိပ် အချက်အလက်များ သိနိုင်ဖို့ အတွက် အင်တာဗျူး အစီအစဉ်လေးနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။


သွေးသည်အသက် ၊ အသက်သည်သွေး ဖြစ်သကဲ့သို့ လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မှီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့ကြီးအား တည်ထောင်ထားပြီး စတင် တည်ထောင်ပြီး မကြာမီ အချိန်တွင် နာရေးကိစ္စများ ၊ လိုအပ်သော ပရဟိတ ကိစ္စများ နှင့် သွေးလှူဒါန်းမှု ကိစ္စများကို


ပထမအကြိမ် ၊ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်များကို ကေအယ်ကွာလာလမ်မြို့တွင် ကျင်းပခဲ့ပြီး အရေးပေါ် သွေးလှူဒါန်းမှုများနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင် လှူဒါန်းမှုများနဲ့ လိုအပ်သော အဖက်ဖက်မှ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများကို လုပ်ဆောင်လျှက်ရှိနေပြီး မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ အားလုံးအတွက် အကျိုးပြုနေသော အဖွဲ့ကြီး ဖြစ်ပါတယ်။ နှလုံးလှ ပရဟိတ သွေးလှူရှင် အဖွဲ့ကြီးနဲ့ တွေ့ဆုံပြီး အင်တာဗျုးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။


မေး = နှလုံးလှ ပရဟိတ သွေးလှူရှင် အဖွဲ့ကြီး စတင် ဖြစ်ပေါ်လာခဲ့ပုံလေးကို ပြောပြပေးပါ။

ကျွန်တော်တို့ မိတ်ဆွေတစ်ဦးရဲ့ အရေးတစ်ကြီး လိုအပ်နေသော သွေးကိုကိုယ်တိုင်လှူခဲ့ရတော့ ပီတိစဖြစ်ခဲ့ရပါတယ်။ သွေးလှူခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း စိတ်ထဲမှာ မျှဝေပေးခြင်း စတဲ့ ပီတိလေး ဖြစ်ခဲ့ရပါတယ်။

ထိုအတွက်ကြောင့် ရန်ကုန် နာရေးကူညီမှုအသင်းရဲ့ ဒုဥက္ကဌဖြစ်သော စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင် မလေးရှားနိုင်ငံကို စာပေဟောပြောပွဲလာတဲ့ အခိုက်မှာ ကျွန်တော်တို့ အဖွဲ့တွေတိုင်ပင် ပြောပြတဲ့ အခါမှာဆရာမကြီးကလည်း ဝမ်းမြောက်စွာ တိုက်တွန်း အားပေးခဲ့ပါတယ်။ သို့အတွက်ကြောင့် ဆရာမကြီးလမ်းညွန်မှုဖြင့် ကျွန်တော်တို့ယနေ့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့အစည်း စတင်ဖြစ် ပေါ်လာခဲ့ပါတယ်။


မေး = နှလုံးလှ ပရဟိတ သွေးလှူရှင်အသင်းကြီးရဲ့ ရည်ရွယ်ချက် ဦးတည်ချက်လေးတွေကို သိပါရစေ။

ကျွန်တော်တို့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ကြီးကို ရည်ရွယ်ချက် (၆)ရပ်ဖြင့်ဖွဲ့စည်း ထားပါတယ်။

(၁) လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတစ်ကြီး လိုအပ်နေသော သွေးများကို အချိန်မှီလှူဒါန်း အကူညီပေးနိုင်ရန်


(၂) လူမျိုးမရွေး ၊ ဘာသာမရွေး ၊ နိုင်ငံသားမရွေး လိုအပ်သော အခါတွင် အသက်ကယ်သွေးများ လှူဒါန်းပေးခြင်းဖြင့် အမိမြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ၏ စိတ်ဓာတ်နှင့် စေတနာကို နားလည် သဘောပေါက်ကြစေရန် ။


(၃) သွေးအုပ်စု ၊ သွေးအမျိုးအစား အလိုက် စုထားခြင်းဖြင့် ရှားပါးသော သွေးအုပ်စု အမျိုးအစားများ လိုအပ်သည့်အခါ အခက်အခဲ မရှိစေရန်


(၄) သွေးလှူသော လုပ်ငန်းကို အခြေခံ၍ နောင်တွင် အခြားကျန်းမာရေး ကာကွယ် ကုသခြင်းလုပ်ငန်း နှင့် နာရေးကူညီမှုလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်သွားရန် ။


(၅) ပြည်ပသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ အနေနှင့်လည်း ကျန်းမာရေးချို့တဲ့သည့် အခါ အထီးကျန်မှု မဖြစ်စေပဲ အားကိုးရာ အဖွဲ့အစည်း တစ်ခု ဖြစ်လာစေရန် ။


(၆) မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား အားလုံး စည်းလုံးညီညွတ်စွာဖြင့် မွန်မြတ်လှသော ပရဟိတလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး တည်ထောင်ဖြစ်ခဲ့ပါတယ်။

မေး = နှလုံးလှ ပရဟိတလူငယ်များ အဖွဲ့ကြီးကို ဦးစီး ဆောင်ရွက်နေသူများရဲ့ နာမည်လေးကိုလည်း ဖြေကြားပေးပါ။

ကျွန်တော်တို့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ကြီးကို စတင်တည်ထောင်သူများကတော့

နာယက (၁) ဆရာမကြီး ဒေါ်သန်းမြင့်အောင်

(၂) ဆရာမကြီး ဒေါ်အေးအေးစိန်

(၃) ဆရာဦးသက်ဆွေ

(၄) ဆရာကျော်ထွန်းသာ (ဓာတ်ခွဲခန်းမှူး)

(၅) ဒေါက်တာဒေါ်စီလေးခိုင် (သားဖွားမီးယပ် ၊ ကထိက မလာယာ ယူနီဗာစတီ ဆေးရုံကြီး)

(၆) ဒေါက်တာဇော်ဝေလင်း

(၇) ဒေါက်တာ ကျော်ကျော်

(၈) ဒေါက်တာ သန်းထွန်းအောင်

(၉) ဒေါက်တာ ရန်ရှင်းဖောင်

(၁၀) ဒေါ်ဝင်းမေ တို့ဖြစ်ပြီး


အမာခံ E C များကတော့

(၁) ကိုသက် (ဥက္ကဌ)

(၂) ကိုဆန်းမင်းဦး (ဒုဥက္ကဌ)

(၃) ကိုစိုးဝင်း (အတွင်းရေးမှူး)

(၄) ကိုစိုးမိုးအောင် ( တွဲဖက်-အတွင်းရေးမှူး)

(၅) ကိုအော်စကာ ( ဘဏ္ဍာရေးမှူး)

(၆) ကိုသီဟမောင်မောင် (တွဲဖက် ဘဏ္ဍာရေးမှူး)

(၇) ကိုတင့်ဇော် (ရုံးအဖွဲ့မှူး)

(၈) ကိုသက်နိုင်စိုး (စရင်းစစ်-၁)

(၉) မစိမ်းမို့မို့ (စရင်းစစ်/မီဒီယာ)

(၁၀) ကိုဝင်းမင်းသိန်း (စရင်းစစ်-၃)

(၁၁) မနွေးနွေးလှိုင် ( စည်းရုံးရေးမှူး)

(၁၂) မခင်မာရွှေ (အလုပ် အမှူဆောင်)

(၁၃) မမြတ်ဆုမွန် (အလုပ် အမှူဆောင်)

(၁၄) မစန္ဒာ ( အလုပ်အမှုဆောင်) တို့ ဖြစ်ပါတယ်။


မေး = နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ကို လူဦးရေ ဘယ်လောက်နဲ့ စတင်ဖြစ်ခဲ့လဲ ဆိုတာ ပြောပြပေးစေ လိုပါတယ်။


ကျွန်တော်တို့ အသင်းကြီးကို နာယကဝင် (၉) ဦးနဲ့ တည်ထောင်သူ EC အဖွဲ့ဝင် (၁၃) ဦးတို့က စတင် တည်ထောင်ဖြစ်ခဲ့ပါတယ်။


မေး = ပရဟိတ လုပ်တယ်ဆိုတော့ မတည်ငွေ အဓိက လိုအပ်မယ်လို့ ထင်ပါတယ်။ ဆိုတော့ အစ်ကိုတို့ရဲ့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ရဲ့ အသင်းမတည်ငွေ ရန်ပုံငွေ နှင့် ပက်သက်ပြီးတော့ ဘယ်လို စီစဉ်ဆောင်ရွက် ထားပါသလဲ ?


ကျွန်တော်တို့ အသင်းကို အသင်းရဲ့မတည်ငွေ အနေနဲ့ EC အမာခံအဖွဲ့ဝင်များထံမှ တစ်ဦးကို မလေးရှားရင်းဂစ် (၅၀၀) စီထည့်ဝင်ကာ တည်ထောင်ပြီး အသင်းဝင်များ အနေနဲ့ တစ်ယောက်ကို ရင်းဂစ် (၃၀) စီထည့်ဝင်ရပါတယ်။ အသင်းဝင်များကိုလည်း ယူနီဖောင်း အကျီင်္နှင့် အဖွဲ့ဝင် Member Card များပြန်လည်ပေးအပ်ပါတယ်။


ထပ်မံပြီး အသင်းဝင်များ၏ လစဉ်ကြေး နှင့် အလှူရှင်များမှ လှူဒါန်းထားသည့် အလှူငွေများအား စုဆောင်းပြီး အသင်း၏ လုပ်ဆောင်ရန် ကိစ္စအဝဝကို ရန်ပုံငွေအဖြစ် စီစဉ်ဆောင်ရွက်ထားပါတယ်။

မေး = နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ကြီးရဲ့ လတ်တလော ကူညီဆောင်ရွက်ခဲ့ပုံလေးကို သိပါရစေ။

ကျွန်တော်တို့ အသင်းကို စတင်တည်ထောင်ပြီး မကြာခင်မှာပဲ KL မြို့လည်ကျောင်းရဲ့ဒုတိယ ကျောင်းထိုင် ဆရာတော် ဦးမေဃိယ ပျံလွန်တော် မူတာကြောင့် ဆရာတော်ကြီးရဲ့ ဈာပန အခမ်းအနားကို စတင်ကူညီဆောင်ရွက်ခဲ့ရပါတယ်။ ထပ်မံပြီး ကာချမ်းမြို့မှ မိသားစုတစ်ခုက အကူအညီတောင်းလာတာကြောင့် ကွန်လွန်သူ ဦးကျော်အေးရဲ့ ဈာပနကို ထပ်မံကူညီနိုင်ခဲ့ပါတယ်။

ထပ်မံပြီး ပြီးခဲ့တဲ့ ၁၁.၃.၂၀၁၂ တနင်္ဂနွေနေ့(တောင်သူလယ်သမားနေ့) အထိမ်းအမှတ်အဖြစ် ကျွန်တော်တို့ အသင်းကြီးရဲ့ မထမဆုံးအကြိမ် မိတ်ဆက်ပွဲနှင့် စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနားကို ကွာလာလမ်ပူရှိ Chinese Assembly Hall မှာအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ပထမအကြိမ် သွေးလှူဒါန်းပွဲ အခမ်းအနားမှာ သွေးအလှူရှင် ၁၀၄ ယောက် ၁၇.၄.၂၀၁၂ တနင်္ဂနွေနေ့မှာ ဒုတိယအကြိမ်မှာ ၁.၇.၂၀၁၂ တနင်္ဂနွေနေ့မှာ တတိယအကြိမ်မှာ ၂၈၁ ယောက် လာရောက် လှူဒါန်းခဲ့ပါတယ်။ အရေးပေါ် သွေးလှူဒါန်းမှုများနဲ့ ပက်သက်ပြီးတော့ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်းမာရေး စောင့်လျှောက်မှုများ အနေနဲ့ ၈ ကြိမ်လုပ်ဆောင်ခဲ့ပါတယ်။

အရေးပေါ် သွေးလှူဒါန်းမှုများနဲ့ ပက်သက်ပြီးတော့ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်းမာရေး စောင့်လျှောက်မှုများ အနေနဲ့ ၈ ကြိမ်လုပ်ဆောင်ခဲ့ပါတယ်။



ထိုပထမအကြိမ်မှာပဲ သွေးအလှူရှင် ၁၀၄ ဦး၏သွေးများကို Hospital University Malaysia ဆေးရုံကြီးသို့ ဝမ်းမြောက်စွာ လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီး ဒုတိယအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားမှာကို မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ 17.4.2012 နေ့လေးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ သွေးအလှူရှင် ၁၅၆ ဦး၏သွေးများကို Natoinal Blood Canter - Kuala Lumpur ဆေးရုံကြီးသို့ ဝမ်းမြောက်စွာ လှူဒါန်းခဲ့ပါတယ်။ နောက်ထပ်လည်း ကျွန်တော့်တို့ အသင်းကြီးက အဆင်ပြေသလို စီစဉ်ဆောင်ရွက် လုပ်ဆောင် သွားဖို့ ရှိပါတယ်။



မေး = ဆက်လက်ပြီး ဘယ်လိုပရဟိတ လုပ်ငန်းများကို လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိလဲဆိုတာ ဖြေကြားပေးစေလိုပါတယ်။

ကျွန်တော်တို့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အသင်းကြီး အနေနဲ့ ပရဟိတကိစ္စများကို လုပ်ဆောင်ရန် အဆင့် (၃) ဆင့်ရှိပါတယ်။

(၁) သွေးလှူဒါန်းမှု

(၂) ကျန်းမာရေး စောင့်ရှောက်မှု

(၃) နာရေးကိစ္စများ ကူညီမှု စတဲ့ပရဟိတ လုပ်ငန်းကို လုပ်ဆောင်သွားဖို့ သွားမှာ ဖြစ်ပါတယ်။



မေး = အစ်ကိုတို့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အသင်းကြီးရဲ့ ရေရှည်တည်တံ့ရေးအတွက် ဘယ်လို စီစဉ် ထားပါသလဲ?


ကျွန်တော်တို့ အသင်းကြီး ရေရှည်တည့်တံ့ဖို့အတွက် အဓိက ရရှိတဲ့တာက ရန်ပုံငွေ ဖြစ်ပါတယ်။ အသင်းဝင်များ၏ ပုံမှန်လစဉ်ကြေးထည့်ဝင်ခြင်း ဖြင့်ရသော ရန်ပုံငွေ ၊ အလှူရှင်များမှ လှူဒါန်းခြင်းမှ ရရှိသောရန်ပုံငွေ အလှူငွေများကို အသင်းကြီးမှ ဘဏ္ဍာရေးမှူး ၊ စရင်းစစ်များဖြင့် စနစ်တကျ ထိန်းသိမ်းပြီး ဝင်ငွေထွက်ငွေ စစ်ဆေးခြင်းများကို လစဉ် အစည်းအဝေး ကျင်းပ ရှင်းလင်းခြင်းများဖြင့် စည်းလုံးညီညွတ်စွာ ပရဟိတ စိတ်ဓာတ်အပြည့် ဆောင်ရွက် သွားမည်ဖြစ်ပြီး နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အသင်းကြီးရဲ့ ရေရှည် တည်တံ့အောင် စီစဉ်ထားပါတယ်။


မေး = နောက်ထပ် သိချင်တာလေးက အခုတလော မလေးရှားက ဂျာနယ်ထဲမှာပါလာတဲ့ ဓာတ်ပုံကိစ္စနဲ့ ပက်သက်ပြီး မြန်မာတွေများက လုပ်ကြံပြီးထည့်ထားတယ်လို့ ပြောဆိုတာတွေ ကြားနေရပါတယ်။ အဲဒီကိစ္စလေးနဲ့ ပက်သက်ပြီး အပြည့်အစုံ ဖြေကြားပေးပါဦး ....



ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့ဖက်က ပြောချင်တာက နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အသင်းကြီးဟာ ပရဟိတကို ဘယ်တော့မှ လုပ်ကြံပြီးတော့ ပြုလုပ်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး။ အဲကိစ္စနဲ့ပက်သက်ပြီး ကျွန်တော် အသေးစိမ် ရှင်းပြပါ့မယ်။ ကျွန်တော်တို့ရဲ့ နာယကဖြစ်တဲ့ ဆရာမကြီး ဒေါ်အေးအေးစိန် ဟာ ရန်ကုန်သို့ ပထမအကြိမ် မိတ်ဆက်ပွဲ နှင့် သွေးအလှူရှင်ပွဲကြီး ပြီးသွားတဲ့ အခါမှာ 13.3.2012 မှာ မြန်မာပြည်ကို ပြန်သွားခဲ့ပါတယ်။


ပြန်သွားတော့ အစ်ကိုတို့ ကနေမန်ဘာ EC အင်္ကျင်္ီတွေကို အစ်ကိုတို့ရဲ့နာယကလည်း ဖြစ်တဲ့ ရန်ကုန် နာရေးကူညီမှု အသင်းကြီးရဲ့ဒုဥက္ကဌ ဖြစ်တဲ့ ဆရာမကြီး ဒေါ်သန်းမြင့်အောင် အတွက် လက်ဆောင် EC အကျီင်္လေးကို ပေးလိုက်တာပါ။ အဲဒီမှာ အစ်ကိုတို့က ဆရာမကြီး ဒေါ်သန်းမြင့်အောင် ကိုပေးရင်တော့ ကိုကျော်သူ ကိုလည်း ပေးမှ ဖြစ်မယ်။ ဒါကြောင့် မလေးကပြန်သွားတဲ့ ဆရာမကြီး ဒေါ်အေးအေးစိန်မှ မန်ဘာအကျီများကို လက်ဆောင်အဖြစ် သွားပေးထားဖြစ်ပါတယ်။

ပေးပြီးတာနဲ့ ဆရာမကြီးက အစ်ကိုတို့ရဲ့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အသင်းကြီးရဲ့နာယက ဖြစ်ပါတယ်။ ဒါကြောင့် ကိုကျော်သူရယ် ၊ ဆရာမကြီး ဒေါ်သန်းမြင့်အောင်ရယ် ၊ မလေးရှားက ပြန်သွားတဲ့ ဆရာမ ဒေါ်အေးအေးစိန်ရယ် ပေါ့။ အတူတူ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ ရိုက်ပြီးတော့ ရန်ကုန်ကနေ အီးမေး တစ်ခါတည်းပို့ ပေးလိုက်ပါတယ်။ ပို့ပေးပြီးတာနဲ့ ရောက်နေပြီ။ အစ်ကိုတို့လည်း ကြည့်လိုက်တော့ ကိုကျော်သူပါ ဓာတ်ပုံမှာ အတူတူပါလာတော့ အစ်ကို့တို့ရဲ့ ရုံးခန်းမှာ အမှတ်တရ ချိတ်ထားဖို့ အတွက် လုပ်ဆောင်မယ်ပေါ့။



မလေးရှားက ဂျာနယ်တွေထဲမှာပါတဲ့ အကြောင်းအရာကတော့ အစ်ကိုတို့ရဲ့ ဒုတိယအကြိမ် သွေးလှူပွဲအတွက် ဖိတ်ဖို့ ဖိတ်စာတွေ ရိုက်နေတဲ့ အချိန်ဖြစ်နေပါတယ်။ ဒါ အဆင်ပြေတယ် အစ်ကိုတို့လည်း ဒုတိယအကြိမ် သွေးလှူပွဲအတွက် ဖိတ်တဲ့နေရာမှာ အဲဒီဓာတ်ပုံလေးကို အသုံးပြုပြီး ထည့်လိုက်ပါတယ်။ ကြေငြာကိစ္စများ အတွက် ဓာတ်ပုံတွေပါ ထည့်မယ်ဆိုတော့ ကိုကျော်သူက ရန်ကုန် နာရေးကူညီမှုအသင်းကြီး ဥက္ကဌ ဖြစ်တယ်။ အစ်ကိုရဲ့တို့ နာယကဖြစ်တဲ့ ရန်ကုန်နာရေး ကူညီမှုအသင်းကြီးမှ ဒုဥက္ကဌဖြစ်တဲ့ စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင် ဖြစ်တယ်။



အစ်ကိုတို့ရဲ့ ပထမအကြိမ်မှာ ကျင်းပတဲ့ပွဲလေးမှာ လှူဒါန်းတဲ့ အလှူရှင်တွေရယ် အားလုံးကို ဂုဏ်ပြုမှတ်တမ်းလွှာ နဲ့ ဒုတိယအကြိမ် ကျင်းပတဲ့သွေးလှူပွဲအတွက် ဖိတ်တဲ့ဖိတ်စာမှာ မလေးရှားက ဂျာနယ်ထဲမှာ ထည့်လိုက်တာပါ။ ဂျာနယ်တွေ ကြေငြာတွေထဲ မထည့်ခင်မှာ ဆရာမကြီး ဒေါ်သန်းမြင့်အောင် ထံသို့ အစ်ကို့တို့ ဖုန်းဆက်ပြီးတော့ ကိုကျော်သူ ၊ ဆရာမကြီး ဒေါ်သန်းမြင့်အောင် နဲ့ ဆရာမကြီး ဒေါ်အေးအေးစိန်တို့ အမှတ်တရ ရိုက်ထားတဲ့ ဓာတ်ပုံကို အမှတ်တရ ထည့်ဖို့ပြောတဲ့ အခါမှာ စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင် ကခွင့်ပြုတယ် လို့ပြောပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguftEIplHZ5kCgRNYOizwxYoJJoSB41FIZWYSCjSZw6UvNtejRVbT2mJj-uZyDRQLxSDIkrwKkRQhCGdHeM2vFjLzuVbswPqeGaT7e1mZt2NkGTgqAz1Fy_xrogwoTWFzYTmN2o7k_LBCQ/s320/1.jpg

ပရဟိတ လုပ်တာပဲ သူတို့ဓာတ်ပုံကို သုံးပါ ရပါတယ်လို့ ပြောပါတယ်။ ဆရာမကြီးက ကျွန်တော်တို့ရဲ့ နယက ဖြစ်တယ်။ ကိုကျော်သူ ဓာတ်ပုံကိုလည်း ကျွန်တော်တို့ ထည့်ချင်တယ်။ ဆိုတော့ ဖြစ်ပါတယ်။ ဆရာမကြီး တာဝန်ယူပါတယ်။ ဆိုတော့ ကျွန်တော်တို့ ဒီဓာတ်ပုံကို အမှတ်တရ အဖြစ်အသုံးပြုလိုက်တာပါ။ ဓာတ်ပုံကိစ္စနဲ့ ပက်သက်ပြီး အသေးစိပ်အချက် အလက်များကို အစ်ကိုတို့ရဲ့ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် ရုံးခန်းမှာ လာရောက်မေးမြန်း နိုင်ပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlTwKtCEk0caECTlF3UFG8BimTpdsa9w-xO2fzIPQDL5i83DR9ltaCL6II3FpUazr3yJlVpDDKDuFTGK1IrjJYI32GprSuNseZVhaVvy64myNbYlZN-UasAf4fT9s6pNo5VbED7qDp3ytq/s320/10.jpg

မေး = ပရဟိတကိစ္စတွေကို အများနဲ့ လုပ်ဆောင်ရတယ် ဆိုတော့ အသင်းဝင် မန်ဘာများအတွက် အဆင်ပြေအောင် အစ်ကိုတို့ဖက်က ဘယ်လိုစီစဉ် ပေးထားလဲ ဆိုတာ သိပါရစေ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijQiSjAh3VSC8PPM1QPqUfbvXwULszcRLA5bKbYWlK2tV9b-khsQMNHCotkSJNbNP6wQWEc5K07JGQ4cTsvRZQXniJJO2RjIAsKKAvoC3OrMxeiSfb8xW7iZ-NjKBxlWzrHVR2VZZUvINn/s320/2.jpg

အစ်ကို့တို့ အဖွဲ့ကိုလာရောက်တဲ့ မန်ဘာတွေကို နှစ်မျိုးခွဲထားပါတယ်။ မန်ဘာကဒ် အသင်းဝင်မန်ဘာကဒ် ပေါ့နော်။ နောက်တစ်ခုက ကိုယ်တိုင်လှူချင်တဲ့လူတွေအတွက် သွေးလှူရှင် သီးသန့်ပေါ့။ သွေးလှူဖို့ အတွက် ဖောင်လေးတွေတော့ ဖြည့်ရပါတယ်။ ဓာတ်ပုံတော့ မလိုတော့ဘူး အစ်ကိုဖက်က ဖောင်လေးတွေ ယူထားတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJg-LYWBysfHcm7i9jMtxFzreED-RKbSQPvOmbZ3LmT9p6NDLXpD3AtbQaREN0i38b8DLGVUOWkUSzpAYTMQDx9zid73nS-G0sofolZJtkd9rFenPlsppXcOD_5chnOtQCABZmII3NSWVM/s320/3.jpg

သွေးလှူတဲ့နေ့တွေမှာ ဆေးရုံက ဖောင်ကို ထပ်ဖြည့်ရပါတယ်။ ဖြည့်ပြီးတော့ အဲဒီနေ့မှာ သွေးတစ်ခါတည်း လှူပေါ့။ နောက်တစ်ခုက အသင်းဝင် မန်ဘာပေါ့။ အမြဲတမ်းမန်ဘာပေါ့နော် ၊ ဒီမန်ဘာက ဖောင်ဖြည့်မယ် ၊ ဓာတ်ပုံရိုက်မယ် ၊ ပြီးတော့ အသင်းဝင်ကြေး (၃၀) သတ်မှတ်ထားပါတယ်။ တစ်နေ့ကို (၁)ကျပ်နှုန်းပေါ့။ တစ်လကို (၃၀) သတ်မှတ်ပြီးတော့ အစ်ကိုတို့ဖက်က မန်ဘာကဒ်တွေရယ် ၊ မန်ဘာယူနီဖောင်း အင်္ကျင်္ီတွေရယ် အားလုံးပေးရပါတယ်။ အားလုံးပေးတာနဲ့တင် (၂၀) ကျော်လောက် ဖြစ်နေပါပြီ။ ပိုတဲ့ငွေကိုတော့ အစ်ကိုတို့ ရန်ပုံငွေအဖြစ် သုံးပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHybNVqCNZQRZUJswkqEX9oiRyNg09MB_SE4Wfe7OET14QekVAAuMUiYd_ugdDzY6etu_oHsefu9Z-LqLpGwPGQMwUHYZ6DTC7N0fMY6Cszy0-SWDBTlhGi1fEqv5-ogI7URi_ab2ktUWP/s320/4.jpg

ရန်ပုံငွေကတော့ ဒီအသင်းဝင်လေးတွေကို အစ်ကိုတို့က သွေးလှူရှင် သီးသန့်မဟုတ်ပဲနဲ့ (၁) အချက်က သွေးလှူဒါန်းမှု (၂) အချက်က ကျန်းမာရေး စောင့်ရှောက်မှု (၃) အချက်က နာရေးကိစ္စများ ကူညီမှု စတဲ့ပရဟိတကိစ္စတွေကို ဒီမန်ဘာလေးတွေက ရရှိတဲ့ ရန်ပုံငွေ နောက်ပြီးတော့ အလှူရှင်တွေဆီက ရရှိတဲ့ငွေတွေကို စုပြီးတော့ဝင်ငွေ ထွက်ငွေစရင်းတွေကို သေချာအောင် လုပ်ထားပါတယ်။ လစဉ် အစ်ကိုတို့ မန်ဘာဝင်တွေနဲ့ အတူတူ ရှင်းတမ်း အနေနဲ့ လုပ်ဆောင်ပြီး ရှင်းပြသွားမှာပါ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq8wweffI3D0PTiW6VKXU8SWuGSl5BXqzC3cDYXptXs-KyjYv5GVxAVsdPny9HQNckAI0oejd8hnfs8zCA7T4FIwOAil3-r8OM3y3_0bGZiA_BNzCRmADA0NpRbkw9zRGpQ2HjOQYIT5y5/s320/6.jpg

မေး = အခု နောက်ဆုံး မလေးရှားရောက် မြန်မာတွေအတွက် ပြောချင်တဲ့ အမှတ်တရ စကားလေး တစ်ခုခု ပြောကြားပေးပါဦး။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0pgK8pb07ewsmW9_65h7eWyuiIs_giUV880O_kQj9UoOTJenxcjdxKUYXjGWYJa0TRfMVt2ZkH5CgGB8Af_5fy4haJin_pDp2fxzwU1P3sogxICdnWtJp8OaZNFOh7L8Sa1IthFmk2ykh/s320/8.jpg

အစ်ကိုပြောချင်တဲ့ စကားတွေက အကြောင်း အမျိုးမျိုးကြောင့် မလေးရှားရောက်လာပြီး မိဘတွေနဲ့ဝေးနေရတဲ့ ညီအစ်ကို မောင်နှမတွေ အားလုံး အဆင်ပြေကြပါစေ။ အစ်ကိုတို့ရဲ့ သွေးလှူဒါန်းတဲ့ ဖော်မပြနိုင်တဲ့ ပီတိလေးကိုလည်း ရစေချင်ပါတယ်။ မိဘတွေကိုလည်း မမေ့ကြဖို့နဲ့ လူအများ အပေါ်မှာလည်း သနားကျင်နာပြီး ပရဟိတ စိတ်ကလေးတွေ မွေးမြူနိုင်ကြပါစေ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1YVuQf0clErgplBxLbyXxSRn8qKKY8FTDzcEQ13iDEj_ZFO_RecA55jJ4LnoWn64ZV6_YFJ1RqusYgG9vPQziKUelBFcvPssfBSGxziUN75JJY1Na2C2EJqtcHhGGWB3dqO9RZ84KKl1f/s320/9.jpg

အစ်ကိုတို့ သွေးလှူဒါန်းမှု အဖွဲ့အစည်းအနေနဲ့ ပြောချင်တာက မလေးရှားရောက် ရွှေမြန်မာများအားလုံး ပရဟိတ စိတ်လေးနဲ့ လာရောက်ပြီး သွေးလှူဒါန်းကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပြီး ဝမ်းသာပါကြောင်း ပြောချင်ပါတယ်။ ဆက်လက်ပြီး ရှေ့ဆက်ပရဟိတ ကိစ္စလေးတွေကို ဝိုင်းဝန်းကူညီ ပါဝင်ကြဖို့ ပြောကြား လိုပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsowLo_kPDC97POq3cen8ehRmCsX9RyZbLVncXIjVGtq5eUZUQTVTHToHQevwnn2F311f6A9MnyVEeR-uKe_CEViosBWE0wI8xd1Os5JY1nCyKUc6UvzExRAKwXxYFNRM18MqkjYuot2Fu/s320/7.jpg

အခုလို ကျွန်တော်မေးသမျှကို တစ်ယောက်တစ်လှည့်ဆီ အချိန်ပေးဖြေကြားပေးသွားသော နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အသင်းကြီးမှ EC အမာခံ အဖွဲ့ဝင်များအား အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက်လည်း ပရဟိတ ကိစ္စတော်များများကို လူအများအတွက် အကျိုးပြု၍ ကူညီပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJk8W2p1H9TqDmt3gtoNq5K3Ati-8t8oVy8i68uzKOCbJnw_uRnGfTPfInK-5hN7d9N2e_-jguoXcKZOcNj5GluwbL9jtxxIeC8px4f4optD7P4A6ni-5lD1BZ1tq5IKgyMJckior673mp/s320/Myr+Card.jpg

အစ်ကိုတို့ရဲ့နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ကြီးအား အခုလို လာရောက် အင်တာဗျုးမေးမြန်းပြီး နိုင်ငံတကာမှ စာဖတ်သူများနဲ့ မိတ်ဆက်ပေးသော News Information & Online Radio Media (Malaysia) မှညီလေး နေဇော်လင်း အား အစ်ကိုတို့ရဲ့ အဖွဲ့ကိုယ်စား အထူးပဲ ကျေးဇူးပါကြောင်း ပြောလိုပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqdBKuEnaCwlIpZY0Sg3lCb_zSoOrq3QMUrZ4u4oI5csjV1kTC0uQVbtF4BD4fnhCuIukeuHEEYaGwmKtnbYdDecxC1Vw_I6hBO0DD7ZQ0JvBvAjOA6_2nt0ajOHsjHSvFi5Jo2QyZe9BF/s320/IMG_0790.JPG

မလေးရှားရောက် ရွှေမြန်မာများ အနေဖြင့် သွေးလှူဒါန်းမှုများနှင့် ပရဟိတ ကိစ္စလေးကို ပါဝင်ပြီး ဆောင်ရွက်လိုပါက အောက်ပါနေရာများတွင် အတူလက်တွဲပြီး ပရဟိတကိစ္စလေးကို ပါဝင်ကူညီနိုင်ပါကြောင်း အသိပေးရင်း အင်တာဗျူး အစီအစဉ်လေးကို ဒီလောက်ပဲ ကျေနပ်နိုင်ကြပါစေလို့ ပြောကြားရင်း အင်တာဗျူး အစီအစဉ်လေးကို ရပ်နားခွင့် ပြုပါခင်ဗျာ။ အချိန်ပေး ဖတ်ရှုကြသော နိုင်ငံတာကာမှ စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY8gx0XozOSAkksAeuLmdQXTfzRCnMYbR2AE4QY2U1P6ee4bBhmwK31ryVzw7AAUevWqnC259ivBOHlJoTBIG3z1YEDFKe43OTVOOMHYHQWdUOWlEwQfB_RAsQ_IcZycd1w113o8ZLrBuo/s320/IMG_0782.JPG

မှက်ချက် ။ ။ မလေးရှားက ဂျာနယ်ထဲမှာပါလာတဲ့ ဓာတ်ပုံကိစ္စနဲ့ ပက်သက်ပြီး အဆိုပါ ဦးကျော်သူတို့ ၃ ဦးတွဲ ဓါတ်ပုံ မှာ နာယက ဆရာမကြီး ဒေါ်အေးအေးစိန် ကိုယ် တိုင် မတ်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံသို့ အလည်ပြန်စဉ်က ဦးကျော်သူနှင့် စာရေးဆရာမကြီး သန်းမြင့်အောင်တို့အတွက် အသင်းယူနီဖောင်း များ၊ ပထမအကြိမ် သွေးလှူပွဲ ဗီဒီယိုခွေများ၊ မှတ်တမ်းဓါတ်ပုံများ ပေးအပ်ခဲ့စဉ် မတ်လ ၁၅ ရက်နေ့က အသင်းအင်္ကျီများ ၀တ်ဆင်ကာ အမှတ်တရ ဓါတ်ပုံ တွဲရိုက်ထားသောပုံ ဖြစ် ကြောင်း ....... ......

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQJyd-zA1a_YmwaFC2Nj8clz3QsLTUaz4qXNz0we7seV8IeCWlmPgw8N7P-G04aeWhzvI7MbLrT50rc0vGc3GkTbTKu-lJST0_Ag5qIeueq4huIdPq7AlD1H332XpODX2IeV_z7QgZPq_d/s320/IMG_3106.JPG

စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်က ဓာတ်ပုံနဲ့ ပက်သက်ပြီး ခွင့်ပြုတယ်လို့ သိရပါတယ်။ ထိုနေ့က ရိုက်ကူးခဲ့သော အခြားဓါတ်ပုံ များ၊ အခြားထောက်အထားများလည်း ရှိကြောင်း၊ အသေးစိပ် သိလိုပါက ဖုန်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင် သွားရောက်၍ လည်းကောင်း စုံစမ်း စစ်ဆေးနိုင်ပါကြောင်းနဲ့ အသေးစိမ် အောက်ပါဖုန်းနံပတ် များနှင့် ရုံးလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သိရှိရပါသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN7c5XQjLk7GEk_ZoLe4ehotGQuH2DM0iKC8RjzTA4jPXXa6IZ6Q3xn47RvBZPCqB6yNLC5D-jrb0tjGElXtQ15T0_AQP_qrlyHrauFuH6GWOTMz2lgLbbQX_drO3tYGXn8OSTjznNPzfg/s320/IMG_0620.JPG

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကိုသက် - 017 2838 470
ကိုစိုးဝင်း - 016 6938 766
ကိုဆန်းမင်းဦး - 016 3687 939
ကိုအော်စကာ - 016 6738 398
ကိုသီဟမောင်မောင် - 012 38888 480
ကိုစိုးမိုးအောင် - 016 3194 126
ဒေါ်အေးအေးစိန် - 012 3427 729
ကိုမင်းမင်းသိန်း - 016 2546 885
ကိုတင့်ဇော် - 012 2651 742
ကိုသက်နိုင်စိုး - 016 2471 397

ရုံးလိပ်စာ -
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ)
အမှတ် ၁၁၈၊ (ပထမထပ်)၊ အောင်မြန်မာဆိုင် ဘေးလှေခါး
Lovely Heart Philanthropic Youth Blood Donation Organization (Kuala Lumpur)
No.118, Jalan Tun H.S.Lee, 50000, Kuala Lumpur.
Email : lovelyheart.blooddonation@gmail.com
Wedsite : http://www.myanmarblooddonationkl.com/




nayzawlin1

News Information & Online Radio Media (Malaysia)


အင်တာဗျုး ဖြေကြားချက်များ အသံဖိုင် အသေးစိပ် မေးမြန်းမှုများကို ကျွန်တော်ရဲ့ ကိုပိုင်အွန်လိုင်း ရေဒီယို အသံလွင့် အစီအစဉ် ကနေ ထုပ်လွင့်ပြီးသား ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Share this article :

1 comments:

Lps said...

တော်လိုက်တဲ့ ယောက်ဖကွာ ဒီထက်အောင်မြင်တဲ့ သူဖြစ်ပါစေ ယောက်ဖရေ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။