သမ္မတအမိန့်နဲ့ ဆိုင်းငံ့ထားတယ်လို့ ယူဆရတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်တဲ့ စာတစောင် အင်တာနက်ကို ပေါက်ကြားလာပါတယ်။ ဒီမိုဝေယံဘလော့မှာ ဖော်ပြထားတဲ့ ပြီးခဲ့တဲ့ ဗုဒဟူးနေ့ရက်စွဲတပ် ဒီစာအရ ဆိုရင် စီမံကိန်း ပြန်လည် စတင်ဖို့ ၀န်ထမ်း ၅၀၀ နဲ့ ပစ္စည်းတွေ ကန်ပိုက်တီးနယ်စပ်က ဖြတ်သန်းရေး အစီအစဉ်ကို တရုတ်ကုမ္ပဏီက တောင်းဆိုထားကြောင်း တွေ့ရမှာပါ။ ဒီစာနှင့် ပတ်သက်ပြီး ဒီမိုဝေယံဘလော့ http://www.demowaiyan.org/2012/04/cpi.html မှာ ဒီလို ရေးသား တိုက်တွန်းထားပါတယ်
အများပြည်သူရဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါပြီဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ကြေငြာချက်ကို လေ့လာ ဆန်းစစ်ရပါတော့မယ်။ ဒီကြေငြာချက်ဟာ ကျွန်တော်တို့ ပြည်သူတွေကို ပျက်ရယ်ပြုနေသလားပဲ..။ ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက တရုတ်အင်ဂျင်နီယာတွေ ပြန်ရောက်နေကြောင်း ဒီမိုဝေယံဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်မှာ အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်...။
ယခုအထက်ပါ.. ကချင်ပြည်နယ်အစိုးရထံကို CPI ကုမ္ပဏီမှ အင်ဂျင်နီယာနဲ့ လုပ်သားဦးရေ (၅၀၀)အတွက် ကဒ်ပြားတွေ ထုတ်ပေးဖို့နဲ့ စက်ယန္တယား အစရှိတာတွေ ပြန်လည်တင်သွင်းဖို့ အခွန်ကင်းလွတ်စွာနဲ့ ဝင်ရောက်ခွင့်ပြုဖို့ မတ်လ(၂၈)ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်ပြည်သူတွေ ရွေးကောက်ပွဲမှာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး နောက်ကျောကနေ တောင်းဆိုနေပါပြီ..။ ကဲ ကျွန်တော်တို့ ပြည်သူတွေ ဘာဆက်လုပ်ကြမလဲ.. ကျွန်တော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးပါ...။ အားလုံးဘက်ပေါင်းစုံက ဖော်ထုတ်၊ ကန့်ကွက်ကြပါ...။
Source by :http://www.irrawaddyblog.com/




.jpg?width=750)

0 comments:
Post a Comment