Home » , , » ပြောစရာများတဲ့ ကြားဖြတ်ရွေးကောက်ပွဲ

ပြောစရာများတဲ့ ကြားဖြတ်ရွေးကောက်ပွဲ

Written By မောင်စေတနာ on Monday, April 2, 2012 | 3:30:00 PM

ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံမေးမြန်းနေတဲ့ ဧရာဝတီ အင်္ဂလိပ်စာမျက်နှာ အယ်ဒီတာ ကျော်စွာမိုး

မဲဆန္ဒနယ် အနည်းအကျဉ်းအတွက် လုပ်ကြတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ အရေးပါပေမယ့် မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ကတော့ အရေးပါတယ်ဆိုတဲ့အဆင့်ထက် အများကြီးပိုပါတယ်။
နိုင်ငံတကာ ကြားဖြတ်ရွေးကောက်ပွဲတွေထဲမှာ အထင်ရှားဆုံးလည်း ဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲ ဖြစ်ရပ်တွေ၊ ဖြစ်နိုင်ချေတွေကို စိတ်ဝင်စားသူ များပြားတဲ့အတွက် မီဒီယာများလည်း အလုပ်များနေပါပြီ။

သမ္မတဦးသိန်းစိန်အစိုးရ ဖွင့်ပေးတဲ့လမ်းကြောင်းထဲ NLD က လျှောက်သွားပါပြီ။

ဘာတွေဖြစ်လာဦးမလဲ ဆိုတဲ့ မေးခွန်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ပဲ ရပ်တည်မလား၊ ဦးသိန်းစိန်တို့ကရော ဒီထက် ပိုပြီး လမ်းဖွင့်ပေးဦးမှာလား ဆိုတဲ့မေးခွန်းတွေက စိတ်ဝင်တစား မေးနေ ပြောနေကြတဲ့ထဲမှာ ပါပါတယ်။

ဦးသိန်းစိန်တို့က ဒေါ်အောင်ဆန်းစုကြည်အတွက် ၀န်ကြီးတနေရာစာ စီစဉ်မယ် ဆိုတာလည်း ဖြစ်နိုင်ချေ တခုပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်ကို စွန့်ခွာဖို့ ရည်ရွယ်ချက် မရှိပါဘူး လို့ ကြိုပြောထားပါတယ်။

“ ဒီလို ၀န်ကြီးအဖြစ် ကမ်းလှမ်းမယ်လို့ ပြောတာမရှိသေးဘဲနဲ့ ယူမယ်၊ မယူဘူးပြောတာ မသင့်တော်ဘူး။ အန်တီအနေနဲ့ ဒီလောက်တောင်မှ လွှတ်တော်ထဲကို ကြိုးစားပမ်းစား ၀င်ဖို့ လုပ်နေတာက ခဏလေး လွယ်လွယ်နဲ့ ထွက်ဖို့ မဟုတ်ဘူး ” လို့ ရွေးကောက်ပွဲမတိုင်ခင် ၂ ရက်အလို သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဝန်ကြီးတာဝန်ယူရင်တော့ ဒေါ်အောင်ဆန်းစုကြည်က NLD မှာ ဥက္ကဋ္ဌ တာဝန်ကို စွန့်လွှတ်ရမှာပါ။ အစိုးရအဖွဲ့ထဲပါတဲ့သူက ပါတီက ထွက်ဖို့ မလိုပေမယ့် ပါတီမှာ တာဝန်ကြီးကြီး မယူရဘူး လို့ ဆိုတယ်။

လောလောဆယ်တော့ နေပြည်တော် သီရိမြို့တွေ အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲ ဒေသအသီးသီးမှာ NLD က မဲအများဆုံး ရထားတယ် ဆိုတဲ့ သတင်းကြောင့် မြန်မာပြည်သား အများအပြားက ကျေနပ် ၀မ်းသာနေကြပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။