Home » , , , » “ရွှေထွက်တဲ့လူတွေလို့ ထင်နေကြတယ်”

“ရွှေထွက်တဲ့လူတွေလို့ ထင်နေကြတယ်”

Written By မောင်စေတနာ on Wednesday, April 25, 2012 | 3:37:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiZ_x3YjqhFkWUgpnW0TlVjR3Yx3nyUP5z6f8QWciNNKOkwD2Q2V77bVw3TzmlRUKsCVzv0l4AaO4KvX8wQU6FY3hpd-S4xtV3mefecDE9LTRfBCoBqUAhgakjhjKNj6zbhkoRaE05oZo/s400/DSC06083.JPG

ယနေ့မွန်းလွဲပိုင်းက မြ၀တီမှတဆင့် မဲဆောက်ဘက်သို့ ရောက်ရှိလာသည့် မြန်မာပြည်သား အလုပ်သမားများ။ ဓာတ်ပုံ - ဧရာဝတီ။

မြန်မာ နှစ်သစ်ကူးပွဲအပြီး ထိုင်းဘက်ကို ပြန်ထွက်ကြမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မြန်မာ မော်တော်ယာဉ်လိုင်းတွေက ယာဉ်စီးခ နှစ်ဆနီးပါး တောင်းခံနေတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရ တယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

လှိုင်းဘွဲမြို့သူနန်းစေအွာက ”သင်္ကြန်ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေ သင်္ကြန် မတိုင်ခင်တလနဲ့ အလွန် တလတွေမှာ မလွဲမသွေ ကြုံရတဲ့ အခက်အခဲတွေလေ သင်္ကြန်မတိုင်ခင်ပြန်ရင် အခါတွင်း ဆိုပြီး မြ၀တီကနေ ဘားအံကို ပုံမှန် ကျပ် ၅၀၀၀ ကို ကျပ် ၁၀၀၀၀ ပေးရတယ်။ အပြန် ခရီးလည်း ဒီလိုဘဲ ဘန်ကောက်ပြန်တွေကို သူတို့က ရွှေထွက်တဲ့လူတွေလို့ ထင်နေကြတယ်။ ဒီမှာက ကိုယ့်ဒုက္ခကိုယ်ဘဲသိတယ်” လို့ ဆိုပါတယ်။

ဒီလိုကာလမျိုးမှာ မြ၀တီဘားအံကားလိုင်းအပြင်ကို မြ၀တီ-မော်လမြိုင်၊ ရန်ကုန်ကို ပြေးတဲ့ လိုင်းတွေလည်း ခါတော်မီပြီး ယာဉ်စီးခတွေ နှစ်ဆနီးပါး ပေးရတယ် လို့လည်း ခရီးသွားတွေ ပြောနေကြပါတယ် မော်လမြိုင်သား ကိုကုလားရဲ့အဆိုအရ မြ၀တီ-မော်လမြိုင် ပုံမှန်ကျပ် ၁၀,၀၀၀ ကို ဒီကာလတွေမှာကျပ် ၁၅,၀၀၀ ပေးစီးနေရတယ် လို့ပြောပါတယ်။

ကားခအပြင်ကို အထုပ်အပိုးတွေအတွက်လည်း အဆမတန် တောင်းပြီး မြင်းကျားအိပ်ကြီး တလုံး အတွက် မြ၀တီဘားအံ လမ်းကြောကို ကျပ် ၁,၅၀၀ တောင်းတယ် လို့လည်း အလုပ်သမားတွေက ပြောကြပါတယ်။

မြန်မာနှစ်သစ်ကူးမတိုင်ခင်နဲ့အလွန်ကာလမှာ ထိုင်းနိုင်ငံကနေ နေရပ် အလည်ပြန်ကြတဲ့ ရွှေ့ပြောင်းမြန်မာအ လုပ်သမားအရေအတွက်က နေ့စဉ် ၁,၀၀၀ အထက်မှာ ရှိပါတယ်၊ မြ၀တီက မော်တော်ယာဉ်လိုင်းတွေ ထင်တိုင်း ကျဲနေတာတွေကို သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းတွေနဲ့ တာဝန်ရှိသူတွေက တစုံတရာ အရေးယူတာမျိုး မရှိပါဘူး တဲ့။

ကားသမားတွေပြောတာကတော့ သကြန်ကာလမှာ စက်သုံးဆီဈေးကြီးတယ် ဆိုပြီး အကြောင်းပြတယ်လို့ မြ၀တီမြို့ခံတဦးက ရှင်းပြပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။