Home » , , » ဘယ်လို သတင်းထောက်လဲ?????

ဘယ်လို သတင်းထောက်လဲ?????

Written By မောင်စေတနာ on Sunday, April 15, 2012 | 4:34:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmOZK-LOnL8T0CozSHilJmt2bjxBmW44TEkOXqo9r5CVZ0i7t8xvJ3JHFKHNdUx0vbLagH5SVc2oNKnrKn0pqKZcdxetmW0DqsZ8g4isXxTfZkvEq9BgNagy0B4d3ZfPpDQ5uNzzjV5VU/s400/09o0.jpg

ဖေ့စ်ဘုတ်က တွေ့လိုက်ရတဲ့ အကြောင်းအရာလေး တခုဆိုပေမယ့် အလွန်စဉ်းစားစရာဖြစ်ခဲ့လို့ ချရေးမိလိုက်ပါတယ်။

လင်းဘိုဘိုဆိုတဲ့ သူရဲ့ ဖေ့ဘွတ်မှာ ဖော်ပြထားတာကတော့ “အမေရိကန်သံရုံးက ဆီနိတ်တာ ဂျင်မ်ဝက်ဘ်ရဲ့ သတင်းစာရှင်းလင်းပွဲအပြီး သံရုံးရှေ့မှာ စောင့်နေတဲ့ SB တွေကို ရီကော့ဒါ( အသံဖမ်းစက်) သွားပေးတဲ့ သတင်းထောက် တွေ့ရတယ်။ ဘယ်သူရယ် ဘယ်ဝါရယ် လက်ညှိုးထိုးပြော ချင်ပေမယ့် မပြောတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့က SB တွေ ခြံထဲကို ဝင်တဲ့သတင်းထောက်တွေကို ရီကော့ဒါယူသွားဖို့၊ ဓါတ်ပုံပြန်ပေးဖို့ တောင်းတယ်။

ရိုးပုံရိုးလက် အေးပုံအေးလက်ရှိတဲ့ သူတွေကို ချဉ်းကပ်တာများပေမယ့် တချို့သတင်းထောက်တွေ စိတ်ပါ လက်ပါကြီး ကူညီပေးနေတာတွေ့တော့ စိတ်ပျက်မိတယ်” တဲ့။ ကဲ ကောင်းကြသေးရဲ့လား စတ္တုတ္ထ မဏ္ဍိုင်ရဲ့ အားကူပေးသူတွေလုပ်ရပ်။ လောကမှာ မိမိရဲ့ သမိုင်းကို သစ္စာဖောက်သူလောက် နိမ့်ကျယုတ်ညံ့တာ ရှိမယ် မထင်ပါ။

ဒီထက်ပိုဆိုပြီး လူမသိလိုက်တာတွေ ဘာတွေများ ရှိနေမလဲ စဉ်းစားခန်း ၀င်နေမိတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

1 comments:

ktd said...

၈၈ကျောင်းသားတွေထဲမှာလဲ ဒီလိုလူမျိုးတွေရှိသဗျာ။
ထင်ရှားတဲ့သူတွေလဲ ရှိသလို၊ မထင်မရှားတဲ့ သူတွေလဲရှိတယ်၊ လုပ်ကြတယ်။
ဟိုဖက်လိုလို၊ ဒီဘက်လိုလို၊

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။