Home » , , , , » ထောင်ဝါဒါ စက်ရုပ်များ

ထောင်ဝါဒါ စက်ရုပ်များ

Written By မောင်စေတနာ on Saturday, April 21, 2012 | 4:35:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1wZR3suKg1XcH-RrYFSqkuN7xI8YdyNJu1ecAKIUIYaRX1-udn9taSfAvvU-_sQsoQqFIZcnv_C1UFgzWAr9HjriQXTigGpCVwyC_j5GP5WWTSSRt-MVKdkCFcnoAF7JcUL9k0GBUA6A/s400/1.jpg

အကျဉ်းထောင်ဆို့တဲ့ နေရာက လူကို လူချင်း ထိန်းသိန်း ကွပ်ကဲကြတယ် ဆိုတာ သိကြမှာပါ။ ယ္ခုအခါမှာတော့ တောင်ကိုရီးယားနိုင်ငံ ပိုဟန်းမြို့ အကျဉ်းထောင် တစ်ခုမှာ စက်ရုပ်တွေကို အကျဉ်းထောင် လုံခြုံရေး အစောင့်များအဖြစ် အသုံးပြုရန် လက်တွေ့အားဖြင့် ဖြစ်နိုင်၊ မဖြစ်နိုင်ကို စမ်းသပ်နေပါတယ် တဲ့။

ဒီအကြောင်း ဧပြီလ ၁၈ ရက်နေ့ထုတ် မြန်မာအစိုးရ သတင်းစာမှာလည်း ဖော်ပြထားပါတယ်။ စက်ရုပ်များရဲ့ အဓိကတာဝန်ကတော့ အကျဉ်းတိုက်များ အကြားရှိ ခန်းမများတွင်း ကင်းလှည့်ကာ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်မည့် လက္ခဏာများ ရှိ မရှိ စောင့်ကြည့်ရေးပါ တဲ့။


ပြဿနာ ပေါ်ပေါက်မည့် အရိပ်အယောင်ကို ထောက်လှမ်း သိပြီဆိုရင်တော့ လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ လူသား အကျဉ်းထောင်စောင့်များကို စက်ရုပ်များက အချက်ပေးအကြောင်းကြားရမယ် ဆိုပါတယ်။

အကျဉ်းထောင်စောင့်စက်ရုပ်များသည် တာဝန်ထမ်းဆောင်စဉ်မှာ လူသားလုံခြုံရေး အစောင့်အကြပ်များရဲ့ အကူအညီကို လိုတယ် မလိုဘူး ဆုံးဖြတ်ရန် ရှိပါသတဲ့။ ဒီအပြင် အကျဉ်းသားများရဲ့ စရိုက် အပြုအမူတွေကိုလည်း ခွဲခြမ်း စိတ်ဖြာနိုင်ကြောင်းပါ တဲ့။

အကျဉ်းထောင်စောင့် ၀ါဒါ စက်ရုပ်များကို ဖန်းတီးရခြင်းရဲ့ အဓိက အကြောင်းအရင်းက အကျဉ်းထောင်များမှာ လူအင်အား အသုံးပြုရမှု လျှော့ချရန်နဲ့ အကျဉ်းသားများရဲ့ လုံခြုံမှုကိုပါ စိတ်ချရနိုင်မည့် အခြေအနေတစ်ခု ပေါ်ထွန်းလာစေဖို့ ဖြစ်ပါတယ် တဲ့။

အကျဉ်းသားတွေအတွက် ဒီစက်ရုပ်ငနဲတွေက ကောင်းတာရော ဆိုးတာရော ဖန်တီးပေးပါလိမ့်မယ်။ ကောင်းတာက - စက်ရုံမှာ ဆဲဆိုကြိမ်းမောင်းတဲ့ ပရိုဂရမ် ထည့်မထားဘူးလို့ ယူဆရလို့ပါ။

ဆိုးတာကတော့ (ချော့မော့/လာဘ်ထိုး/တောင်းပန် ဆိုတဲ့ နည်းတမျိုးမျိုးနဲ့) ခိုင်းလို့မရအိုင်တီခေတ် အိုင်တီဝါဒါ ဘယ်လို လှုပ်ရှားသလဲ ဆိုတာကို ဒီ တမိနစ်ခွဲရုပ်သံမှာ ကြည့်ဖြစ်အောင် ကြည့်ဖို့ လက်တို့လိုက်ပါတယ်။ တာပါပဲ။



Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။