Home » , , » AVENGERS ရုပ်ရှင်ဇတ်ကား နှင့် မိတ်ဆက်

AVENGERS ရုပ်ရှင်ဇတ်ကား နှင့် မိတ်ဆက်

Written By မောင်စေတနာ on Friday, April 27, 2012 | 6:06:00 PM



ဒီလရုပ်ရှင်ရီဗျူးကဏ္ဍအတွက် ဧပြီလ ၂၆ ရက်နေ့မှာ ရုံတင်မယ့် Avengers ဆိုတဲ့ ဇာတ်ကားကို မိတ်ဆက်တင်ပြပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ အက်ရှင်နဲ့ စွန့်စားမှုကို အသားပေးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေ၊ ရန်သူတွေကို ချေမှုန်းနိုင်ဖို့အတွက် S.H.I.E.L.D ဆိုတဲ့ ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့တစ်ခုကို လျှို့ဝှက်စွာ ဖွဲ့စည်းထားပါတယ်။

နစ်ဗျူရီဟာ SHIELD အဖွဲ့ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး အဖွဲ့ဝင် တွေကတော့ နာမည်ကြီးတွေဖြစ်တဲ့ Iron Man, Captain America, Hulk, Thor, Hawkeye စတဲ့ လူစွမ်းကောင်းတွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါ တယ်။ ဒီအချိန်မှာ ကမ္ဘာကို အုပ်စိုးပြီး လူသားမျိုးနွယ် တစ်ခုလုံးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတာကတော့ Loki ပဲ ဖြစ်ပါတယ်။ တခြားဂြိုလ်တစ်ခုကနေ အင်အားကြီးမားလှတဲ့ Loki ရဲ့တပ်တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ မြို့ကြီးတွေကို စတင်တိုက်ခိုက် ဖျက်ဆီးလာတဲ့ အချိန်မှာ တော့ SHIELD အဖွဲ့မှာရှိတဲ့ လူစွမ်းကောင်းတွေက ကမ္ဘာမြေနဲ့ လူသားမျိုးနွယ်အတွက် ကာကွယ်ရပါတော့တယ်။

Avengers ရုပ်ရှင်မှာ ဇာတ်လမ်းဇာတ်အိမ်တွေက သာမန်မျှသာ ဖြစ်ပြီး ဖျော်ဖြေရေးအနေနဲ့ သဘောထားပြီး ကြည့်မယ်ဆိုရင်တော့ အတော်ကို ကြည့်ကောင်းမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို 2D နှင့် 3D နှစ်မျိုးလုံးနဲ့ ပြသဦးမှာ ဖြစ်ပါတယ်။ အထူးပြုလုပ်ချက်တွေ၊ အသံစနစ်တွေ ကောင်းတဲ့အပြင် နာမည်ကြီး ဇာတ်ကားတွေထဲက စူပါဟီးရိုး ဇာတ်ကောင်တွေကို ပေါင်းစပ် ရိုက်ကူးထားတဲ့အတွက် ရုပ်ရှင်ကားကြီး မထွက်ခင်ကတည်းက ကြိုတင် နာမည်ကြီးနေတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ Joss Whedon က ရိုက်ကူး ပေးထား တာဖြစ်ပြီး Nick Fury အဖြစ် Samuel Jackson ၊ Iron Man အဖြစ် Robert Dowrey၊ Captain America အဖြစ် Chris Evans ၊ Hulk အဖြစ် Mark Ruffalo ၊ Thor အဖြစ် Chris Hemsworth ၊ Loki အဖြစ် Tom Hiddleston နဲ့ အခြားနာမည်ကြီး သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင် ထားကြ ပါတယ်။ Avengers ဇာတ်ကားဟာ အက်ရှင်ဇာတ်ကား ကြိုက်နှစ်သက်သူ တွေအတွက် တမျိုးတမည်နဲ့ အကြိုက်တွေ့စေဦးမယ့် ဇာတ်ကားတစ်ခု ဖြစ်ပါတယ်ဆိုတာ တင်ပြရင်း သတင်းကောင်းပါးလိုက်ပါရစေ။
ဂျူရိုကိုး








Source by : သတင်းကွန်ယက်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။