Home » , , » WINDOWS - 7 USER GUIDE PART ( V )

WINDOWS - 7 USER GUIDE PART ( V )

Written By မောင်စေတနာ on Wednesday, March 7, 2012 | 4:30:00 PM


အခုတင်ပြမယ့် Windows 7 အတွက် အကြောင်းအရာလေး ကတော့ "Take Charge Of Automatic Updates" (အလိုအလျောက်Updateလုပ်ခြင်း) ပါပဲခင်ဗျာ။ ဒီအရာလေးဟာလဲ ကျွန်တော် စုဆောင်းထားခဲ့တဲ့ အရာတွေထဲ ကတစ်ခုပါပဲ။ ဘာလို့ အဲဒီ လိုပြောရသလဲဆိုရင် ကျွန်တော်ဟာ IT သမားတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

ITသမား ဖြစ်တာနှင့်အညီ ကျွန်တော်အားလုံးကို လုပ်ကြည့်တယ်။စမ်းသပ်တယ်။ နည်းပညာ စာအုပ်တွေဖတ်တယ်။ မှတ်တယ်။ပြီးရင် ကျွန်တော့်ရဲ့ မှတ်စု စာအုပ်ထဲ ကူးသွားတယ်။ ပြီးရင်အိမ်က Laptop မှာ အကုန်လျှောက်စမ်းတယ်။ ကျွန်တော်က IT သမားကိုး ဟီးဟီး.....။ အဲ့ဒါကြောင့်လား မသိဘူး အိမ်က Laptop ကြီးလည်း ရစရာကို မရှိဘူး။

စုပ်ပြတ်သတ်လို့။ အိမ်ကတော့နင့်ကို ဒီလိုဖျက်ဆီးပစ်ဖို့ ၀ယ်ပေးထားတာ မဟုတ်ဘူး ဆိုပြီးခု အသက် 18 နှစ်ထိ အရိုက် ခံရသေးပါရောလားဗျာ။ သြော်.....ITသမားကိုး...ဟဲဟဲ။ ကဲစကြရအောင်နော်။ ကွန်ပျူတာကို ညဘက်မှာ မသုံးတော့ဘူး။ ပိတ်လည်းမသွားဘဲ ဒီအတိုင်းထားခဲ့တယ်။ နောက်တစ်နေ့ မနက်ပြန်လာရင် အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာ ဆိုရင် Download တွေချထားလို့ ပရိုဂရမ်တွေ ပိတ်နေတာမျိုးနဲ့ ကြုံရတတ်ပါတယ်။

အဲဒါကို Cancel ပြန်လုပ်ဖို့ အချိန် အတော်လေးကြာကြာစောင့်ရတယ်။ ကွန်ပျူတာက Automatic Update လုပ်နေတာကြောင့် Restart တွေအကြိမ်ကြိမ် လုပ်နဲ့ ကွန်ပျူတာသုံးရတာ အဆင်မပြေဖြစ်တတ်ပါတယ်။ ဒါဆိုရင် အလိုအလျောက် Update မ လုပ်နိုင်အောင် Disable လုပ်ရပါလိမ့်မယ် ။

Automatic Update လုပ်တယ် ဆိုတာက Update တွေအလိုအလျောက် Install လုပ်နေမယ်၊ Update တွေကို Download လုပ်နေတာကို ရွေးချယ် ပေးဖို့ လိုမယ်။ အရာရာတိုင်းကို Update လုပ်နေဖို့ မဟုတ်ဘူး။ ကိုယ်လုပ်ချင်တာကိုယ်ရွေးချယ်နိုင်ခွင့်ရှိရမယ်။

Update ကို ဘယ်တော့မှ ပြန်ပြီး Check မလုပ်ချင်ဘူး။ Automatic Update လုပ်ချင်ရင်

1 - Start ကို Click လုပ် ၊ Control Panel ကို Click လုပ် ။ 2 - System and Security ကို Click လုပ် ။ 3- Turn Automatic On or Off ကို Click လုပ် ။ 4- ကိုယ့်ကွန်ပျူတာကိုယ် Update လုပ်ချင်သလို ကြိုက်တာ ကိုရွေးနိုင်တယ်။ 5 - OK ကို Click လုပ်မယ် ။

ဒါဆိုရင် Update လုပ်တိုင်း မလိုအပ်တာတွေကို လိုက်ပြီး Install မလုပ်အောင် တားဆီးနိုင်ပါလိမ့်မယ်လို့ ညွှန်ပြရင်း အဆုံးသတ်လိုက် ပါရစေခင်ဗျာ ။

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Source:http://pyaesonelay.blogspot.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။