Home » , » မကြာခင် ရောင်းချပေးမည့် WCDMA(3G)ဖုန်းမှာ ဂျီအက်စ်အမ် စနစ်ဖြစ်ပြီး စီဒီအမ်အေဖုန်းဟု အထင်မှားသူများရှိနေ

မကြာခင် ရောင်းချပေးမည့် WCDMA(3G)ဖုန်းမှာ ဂျီအက်စ်အမ် စနစ်ဖြစ်ပြီး စီဒီအမ်အေဖုန်းဟု အထင်မှားသူများရှိနေ

Written By မောင်စေတနာ on Tuesday, March 27, 2012 | 5:06:00 PM

7268

မကြာခင်ရောင်းချပေးမည့် WCDMA(3G) ဖုန်းမှာ ဂျီအက်စ် အမ်စနစ်သာဖြစ်ပြီး သုံးစွဲသူအချို့ မှာ စီဒီအမ်အေ ဖုန်းဟု ထင်နေသူများလည်း ရှိနေကြောင်း သိရသည်။

“ WCDMA ကို စီဒီအမ်အေ ဖုန်းလိုလို အထင်မှားကြတာတွေ ရှိပါတယ်။ WCDMA က ဂျီအက်စ် အမ်ဖုန်းပါပဲ။ ဂျီအက်စ်အမ်မှာ သူ့ မျိုးဆက်အလိုက် တိုးတက်လာခဲ့ပြီး 1 G တုန်းကဆိုရင် Analog စနစ်ပဲ ရှိသေးတယ်။ 2G မှာ Digital ဖြစ်လာပြီး Data Service က ပါတယ် ဆိုရုံလေးပဲ။ ဥပမာ- SMS တို့ Message တို့ ပို့လာနိုင်တာမျိုးပေါ့။ 2G ကိုထပ်မြှင့်တော့ 3G မဖြစ်ခင် မှာ 2.5, 2.75 ဆိုပြီး ဖြစ်လာတယ်။ အရင် Circuit Switched Data Transport အစား Package Data Transport စနစ်ဖြစ်လာတယ်။ Data Service ပိုင်းမှာ ပိုကောင်းလာတာပေါ့။ ဒီလိုပဲ 3G ဖြစ်လာတဲ့အခါ Data Speed တွေ ပိုမြန်၊ ပိုကောင်း လာတယ်။ ဥပမာပြောရရင် EDGE က လမ်းကောင်းရင် မြန်မြန်မောင်းနိုင်သလိုဖြစ်ပြီး UMTS ကျတော့ လမ်းကောင်းတဲ့အပြင် ပိုကျယ်လာလို့ မြန်မြန်မောင်း နိုင်သလိုမျိုးပေါ့။ 2G ရဲ့ Frequency က 850,900,1800, 1900 လေးမျိုးရှိပြီး ဒီက ဂျီအက်စ်အမ်က 900 MHz ဖြစ်ပါတယ်။ 3G မှာတော့ 1800, 1900, 2100 ဆို ပြီးရှိပါတယ်”ဟု MTDC မိုဘိုင်းဖုန်းဆိုင်ရာ သင်တန်းကျောင်းမှ ကိုစိုးမင်းထွန်းက ပြောကြားခဲ့သည်။

“အရင် ၁၅ သိန်းဂျီအက်စ်အမ် ဖုန်းတွေတုန်းက ၀၉၅၅ နဲ့စတာတွေ က WCDMA ဖုန်းတွေပါ။ WCDMA ရဲ့ Service တွေမရလို့ သုံးရတာ ဘာမှလည်း သိပ်ပိုမထူးပါဘူး။ အဲဒီဖုန်းဝယ်တုန်းက ဈေးနှုန်းဆိုရင် သိန်း ၂၀ ကျော်တယ်။ Downtown ထဲရောက်ရင် ကွန်ရက် က 3G တက်ပြီး တခြားမြို့နယ်တွေ ရောက်ရင် 2G ဖြစ်သွားတာပဲ” ဟု ၀၉၅၅ နံပါတ်ဖြင့် စသော WCDMA ဖုန်းသုံးစွဲသူတစ်ဦးက ပြောပြသည်။

ကမ္ဘာပေါ်တွင် GSM/UMTS သုံးစွဲသော နိုင်ငံပေါင်း ၂၁၈ နိုင်ငံရှိ ပြီး လုပ်ငန်းဆောင်ရွက်နေသော အော်ပရေတာ အရေအတွက်မှာ ၈၀၀ ကျော်ခန့် ရှိကြောင်း၊ ဂျီအက်စ်အမ်သုံးစွဲမှု တိုးတက်နှုန်းမှာ တစ်လလျှင်သန်း ၄၀ ခန့်ရှိပြီးလိုင်းအင်အားမှာ သန်း ၅၀၀၀ နီးပါးရှိကြောင်း သိရသည်။

WCDMA (3G) ဖုန်းများကို ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့များမှအပ ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့၌ ဧပြီလ ၂၃ ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဂျီအက်စ်အမ်ဖုန်းကို ကျပ်နှစ်သိန်း၊ WCDMA(3G) ဖုန်းကို ကျပ်နှစ်သိန်းခွဲဖြင့် ရောင်းချမည်ဟု သိရသည်။

Source by :http://www.news-eleven.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။