Home » , , » မလေးရှားအမျိုးသမီး သရုပ်ဆောင် မီရှဲယို ပြင်သစ်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ

မလေးရှားအမျိုးသမီး သရုပ်ဆောင် မီရှဲယို ပြင်သစ်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ

Written By မောင်စေတနာ on Tuesday, March 27, 2012 | 8:12:00 PM

မလေးရှား အမျိုးသမီးသရုပ်ဆောင် မီရှဲယိုသည် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံခဲ့ရ ကြောင်း သိရသည်။

ပါရီမြို့တွင် မတ်လ ၁၄ ရက် ကပြုလုပ်ခဲ့သောအခမ်းအနား၌ ပြင် သစ်သမ္မတ နီကိုလတ်ဆာကော်ဇီက မီရှဲယိုကို Legion of Honour ဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ပါရီမြို့ရှိ Elysee သမ္မတနန်းတော်တွင် ပြုလုပ်သော ယင်းအခမ်းအနားသို့ ပြင်သစ်သမ္မတကတော် ကာလာဘရူနီ၊ သမ္မတဟောင်း ဂျက်ရှီယက်၏ ဇနီးဘာနန်ဒက် တီရှီယက်အပါအ၀င် ပြင်သစ်ဆိုင်ရာ မလေးရှားသံအမတ်ကြီး အဗ္ဗဒူအဇက်ဇိုင်နယ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကမ္ဘာတစ်ဝန်းရှိ အနုပညာနှင့်ဖျော်ဖြေရေးနယ်ပယ်မှ ၁၁ ဦးကို ဆာကော်ဇီက Legion of Honour နှင့် The Order of Merit ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုရရှိသူများထဲတွင် မီရှဲယိုအပါအ၀င် ပြင်သစ်တေးရေးဆရာ Jean- Michel Barre နှင့် ဒီဇိုင်းပညာရှင် Jean-Claude Jitrois တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ပြင်သစ်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု Legion of Honour ဆုကို ပြင်သစ် ပထမသမ္မတနိုင်ငံ ထူထောင်ခဲ့သော နပိုလီယန်ဘိုနာပတ်က ၁၈၀၂ ခုနှစ်၊ မေလ ၁၉ ရက်တွင် စတင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၁၈၀၄ ခု နှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် စတင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အရပ်ဘက်နှင့် စစ်ဘက်တွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော အမျိုးသား၊ အမျိုးသမီး မရွေး၊ ပြင်သစ်နိုင်ငံသား သို့မဟုတ် ပြည်ပနိုင်ငံသားများကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အမျိုးအစား ငါးမျိုး ခွဲခြားထားကြောင်း သိရသည်။

Commandeur of the Légion d'Honneur ဘွဲ့ကို မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရရှိထားသည်။

The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှဲယိုမှာ Legion of Honour ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

Source by :http://www.news-eleven.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။