အမေရိကန် ရုပ်သံလိုင်း NBC ရဲ့ ပြီးခဲ့တဲ့ Saturday Night Live ဟာသ အစီအစဉ်က ဗုဒ္ဓမြတ်စွာကို နောက်ပြောင်ထားတယ်လို့ သိရပါတယ်။ ခေါင်းစဉ်ကို Rude Buddha (အရိုင်းအစိုင်း ဗုဒ္ဓ) လို့ ပေးထားပါတယ်။
၃ မိနစ်ကျော်ကြာတဲ့ ဒီအစဉ်အစဉ်ကို အွန်လိုင်းကနေလည်း ပြန်ကြည့်နိုင်တယ်လို့ သိရပါတယ်။ လိပ်စာကတော့ http://www.nbc.com/saturday-night-live/video/buddha/1388804 ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်က အင်တာနက်ပရိသတ်ကပဲ ကြည့်နိုင်ပါတယ်။

ဒီရုပ်သံ ထုတ်လွှင့်ချက်ဟာ အဆင့်မရှိဘူး၊ စော်ကားမော်ကားလုပ်ထားတဲ့ ရိုက်ချက်တွေပဲ ဆိုပြီး လို့ ပရိသတ် အများစုက NBC ရုပ်သံ အွန်လိုင်းမှာ မှတ်ချက် ပြုထားပါတယ်။
၂၀၀၆ ခုနှစ်ကလည်း ဒီ ဟာသ အစီအစဉ် ထုတ်လွှင့်ချက်တခုဟာ ခရစ်ယာန်ဘာသာကို ထိခိုက်၊ စော်ကား ထားတာဖြစ်လို့ NBC ကို သပိတ်မှောက်ကြဖို့ ဆော်သြခဲ့ကြတာကို http://www.renewamerica.com/columns/gaynor/060202 မှာ ဖတ်နိုင်ပါတယ်။

Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment