Home » , » ဖြူဖြူကျော်သိန်း စိတ်နှလုံး ထိခိုက်ရတဲ့ The Lady

ဖြူဖြူကျော်သိန်း စိတ်နှလုံး ထိခိုက်ရတဲ့ The Lady

Written By မောင်စေတနာ on Friday, March 23, 2012 | 9:12:00 PM

နာမည်ကျော်အဆိုတော် ဖြူဖြူကျော်သိန်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတခုဖြစ်တဲ့ The Lady ဇာတ်ကား ဟာ မြန်မာနိုင်ငံမှာ ပြသခွင့် မရသေးပါဘူး။
ဒါပေမယ့် နီးစပ်ရာကြောင့် တချို့လည်း ကြည့်ခွင့် ရကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်းမှာပဲ ဖြူဖြူကျော်သိန်းက The Lady ရုပ်ရှင်ဇာတ်ကားကို ကြည့်ခွင့် ရခဲ့တာပါ။

The Lady ဇာတ်ကားအပေါ် ကြည့်ပြီးသူတွေရဲ့ တုံ့ပြန်သံတွေက အမျိုးမျိုး အဖုံဖုံပါပဲ။ "The Lady က ဖြူဖြူရဲ့ စိတ်နှလုံးကို တို့ထိ ရိုက်ခတ်နိုင်တဲ့ ရုပ်ရှင်ဇာတ်ကားပါ " လို့ ဖြူဖြူကျော်သိန်းက မှတ်ချက်ပေးလိုက်ပါတယ်။

နိုင်ငံခြားသား ဒါရိုက်တာ၊ နိုင်ငံခြားသူ အမျိုးသမီး သရုပ်ဆောင်တို့ဟာ ရှိထားတဲ့ သတင်း အချက်အလက် အနည်းငယ်အပေါ် မူတည်ပြီး ရသမြောက်အောင် ရိုက်ကူးသွားနိုင်တာလည်း သူက ချီးကျူးပါသေးတယ်။

သမိုင်းအချက်အလက်အနည်းငယ် လွဲချော်အားနည်းချက်တွေ ရှိပေမယ့် ဒီရုပ်ရှင်ကားဟာ "ကမ္ဘာ့ထောင့်တနေရာမှာ ဒီလောက်မွန်းကြပ်နေတဲ့ လူ့အဖွဲ့အစည်း တခု တကယ်ရှိနေတယ် ဆိုတာကို ကမ္ဘာသူ ကမ္ဘာသားတွေ သိအောင် ပြနိုင်ခဲ့တယ်" လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတချို့ကြောင့် မျက်ရည်ကျရတယ်လို့လည်း ပြောပါတယ်။

"နောက်ပိုင်း သမိုင်း အချက်အလက် မှန်ပြီး ရသမြောက်တဲ့ ပြည်တွင်းဖြစ် The Lady ရုပ်ရှင် ဇာတ်ကားမျိုး ရိုက်နိုင်ပါစေလို့ ဖြူဖြူ ဆုတောင်းပါတယ်" တဲ့ ။

ဓာတ်ပုံ/အချက်အလက် - အလင်းတန်းဂျာနယ်

Source by :http://www.irrawaddyblog.com
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။