Home » , » နွေဦးကြိုတဲ့ ဆေးရောင်စုံပွဲ

နွေဦးကြိုတဲ့ ဆေးရောင်စုံပွဲ

Written By မောင်စေတနာ on Friday, March 9, 2012 | 8:31:00 PM

ဒီနေ့ဟာ အိန္ဒိယနိုင်ငံသားတို့ နွေဦးကိုကြိုတဲ့ ဟိုလီပွဲတော် -- ဆောင်းအကုန် နွေအကူး၊ ဟိန္ဒူ ပြက္ခဒိန်အရ Phalguna လရဲ့ နောက်ဆုံး လပြည့်နေ့မှာ အမြဲလုပ်တဲ့ပွဲပါ။


ဟိုလီ ပွဲတော်ဆိုတာကတော့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်တခုလည်းဖြစ်ပြီး ဟိန္ဒူဘာသာဝင်တွေ အများစုရှိတဲ့ အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပကြပါတယ်။ အိန္ဒိယနိုင်ငံက ဟိုလီ ပွဲတော် ကတော့ မာတုရ၊ နန္ဒဂ၀န်မြို့တွေနဲ့ ဟိန္ဒူနတ်ဘုရား ခရစ်ရှနား ကြီးပြင်းရာဒေသတွေဖြစ်တဲ့ ဗီရင်ဒါဗန်၊ ဘာဆန ဆိုတဲ့ မြို့တွေမှာ ပွဲတော်ကြီးတခုအဖြစ် ၁၆ ရက်ကြာ ခမ်းခမ်းနားနား လုပ်ကြပါတယ်။ ကျန်တဲ့မြို့တွေမှာတော့ ကိုယ့် ရပ်ရွာ ပတ်ဝန်းကျင်၊ စာသင်ကျောင်းတွေ၊ သင်တန်းကျောင်းတွေ၊ လုပ်ငန်းဌာနတွေနဲ့ ဆွေမျိုး အသိုင်းအ၀န်း လောက်နဲ့ပဲ ဆင်နွှဲကြပါတယ်။


ဒီပွဲတော်နေ့မှာ တယောက်ကိုတယောက် ဆေးရောင်စုံမှုန့်တွေနဲ့ သုတ်လိမ်းတာ၊ ဆေးရောင်စုံ ရောဖျော်ထားတဲ့ရေတွေနဲ့ ပက်ဖျန်းတာတွေနဲ့ ဆင်နွှဲကြပါတယ်။

ဟိုလီပွဲတော်နေ့ လုပ်ရတာနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ၊ ရာဇ၀င်တွေက အများကြီးပါပဲ။ အဓိက အချက်ကတော့ မကောင်းမှုတွေကို ချေမှုန်းပြီး ကောင်းမှု၊ ကောင်းကျိုးရယူတယ်လို့ ဆိုတာပါ။


ဟိုလီပွဲတော်အကြောင်း စိတ်ဝင်စားသူတွေ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

(Photos: IMBB)

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။