Home » , , » စင်္ကာပူ မြန်မာသံရုံးမှာ ကြိုတင်မဲပေးသူ

စင်္ကာပူ မြန်မာသံရုံးမှာ ကြိုတင်မဲပေးသူ

Written By မောင်စေတနာ on Saturday, March 10, 2012 | 4:51:00 AM

စင်္ကာပူရောက် ကိုနိုင်လင်းက သူ့ Facebook မှာ အခုလို ရေးထားပါတယ်။

"Singapore မြန်မာသံရုံးတွင် NLD Daw Khin Htay Kywe အား ကြိုတင်မဲ ပေးခဲ့ပြီး" တဲ့။ ကြိုတင်မဲပေးတဲ့ ဓာတ်ပုံလည်း တင်ထားပါတယ်။

သူက ကြားဖြတ်ရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က NLD ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်ကို မဲပေးခဲ့တာပါ တဲ့။

ဘာကြောင့် ဒေါ်ခင်ဌေးကြွယ်ကို မဲပေးရတာလဲ ဆိုတဲ့ ဧရာဝတီ သတင်းဌာနရဲ့ အမေးကို ကိုနိုင်လင်းက အခုလို ဖြေပါတယ် -

"သူ့ကိုလည်း သိတယ်၊ သူ့အကြောင်းလည်း သိတယ်။ NLD ကိုလည်း နဂိုကတည်းက ထောက်ခံပြီးသားပါ။ ဒါကြောင့် သူ့ကို မဲပေးလိုက်တာပါ" တဲ့။

(ဒေါ်ခင်ဌေးကြွယ် ဆိုတာ ၂၀၀၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံရစဉ် လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတွေထဲက တဦး ဖြစ်ပါတယ်။ NLD မှာ နှစ်ပေါင်း ၂၀ ကျော် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။)

မော်လမြိုင်ဇာတိ ကိုနိုင်လင်းက မနေ့က သံရုံးက အပြန်မှာ ဒီဓာတ်ပုံကို Facebook မှာ တင်လိုက်တာပါ။

"မဲပေးတဲ့နေရာမှာ လူ ၈ ယောက်ပဲ ရှိတယ်။ သံရုံးက ၀န်ထမ်း ၂ ယောက်၊ မဲပေးမယ့်သူ ၆ ယောက်။ အခု မဲပေးချင်တယ် ဆိုရင် မရတော့ဘူး။ Request Form ဆိုတာ အရင်တင်ပြီး ခွင့်ပြုချက်အရင်တောင်းရတယ်။ မဲပေးဖို့ အစီအစဉ်ကို လူတိုင်းမသိလိုက်ဘူး။ အရင်တပတ် သောကြာနေ့က ကြေညာတယ်၊

ဒီကြားထဲ စနေ တနင်္ဂနွေ ရုံးပိတ်တယ်။ ကျနော်တို့ဆိုရင် မီရုံလေးပဲ။ နီးစပ်ရာ ပြောပြီး လျှောက်လွှာတင်လိုက်ကြတယ်။ (မဲပေးဖို့အခွင့်အရေးအတွက် ပေးထားတဲ့) အချိန်က အရမ်းကို နည်းပါတယ်" လို့ ကိုနိုင်လင်းက ဧရာဝတီကို ပြောပါတယ်။


ကြိုတင်မဲ request form ကို ဖေဖော်ဝါရီ ၂၄ နောက်ဆုံး ထားပြီး တင် ခဲ့ ရ တာပါ။ သံရုံး website မှာ ကြေညာတဲ့ ရက် က ဖေဖော်ဝါရီ ၁၈ ပါ။ ၂၂, ၂၃, ၂၄ နေ့တွေမှာ သံရုံး ပိတ် ပါ တယ် တဲ့။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။