Home » , » လေယာဉ်ဘီးပေါက်ခြင်း

လေယာဉ်ဘီးပေါက်ခြင်း

Written By မောင်စေတနာ on Friday, March 9, 2012 | 2:03:00 PM

၂၀၀၉ ခုနှစ်က စစ်တွေမှာ လေယာဉ်တစီး အတောင်ပံကျိုးခဲ့ပုံ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

လေယာဉ်ဘီးပေါက်၊ ရထားဘီးပေါက်လို့ နောက်ကျသွားတယ်ကွာ ဆိုတာ နောက်ပြောင်တဲ့စကား ဖြစ်ပေမယ့် ဒီဖြစ်ရပ်မျိုးဟာ စစ်တွေ လေဆိပ်မှာ တကယ်ဖြစ်ခဲ့ပါတယ် တဲ့။ တနင်္ဂနွေနေ့က စစ်တွေလေဆိပ်မှာ လေယာဉ်တစီး ဘီးပေါက်လို့ ခရီးသည်များကို လေယာဉ်ပေါ်က ဆင်းခိုင်းခဲ့ရတယ် လို့ Hot News ဂျာနယ်အွန်လိုင်း http://www.hotnewsweekly.com/archives/2815 သတင်းတပုဒ်မှာ ရေးထားပါတယ်။

တခြားလေယာဉ်တစီးက "စပါယ်ယာဘီးနှင့်အတူ အင်ဂျင်နီယာ (၃)ဦး" ကို တကူးတက လာပို့ပေးရတယ်လို့ ဆိုတယ်။ သတင်းမှာ ဖော်ပြထားချက်အရ ဆိုရင် လေယာဉ်က ၃ နာရီလောက် နောက်ကျသွားပါတယ်။

နတ်ကြီးတဲ့ ကွင်းတွေထဲမှာ စစ်တွေကွင်းလည်း ပါမယ် ထင်ပါရဲ့။ ၂၀၀၉ ခုနှစ် ဇွန်လကလည်း စစ်တွေမှာ မြန်မာ့လေကြောင်းက လေယာဉ်တစီး ပြေးလမ်းချော်ခဲ့ပါသေးတယ်။

အဲဒီတုန်းကတော့ ညာတောင်ပံကျိုးပြီး ဘီး ပြုတ်ထွက်သွားခဲ့ပါတယ်။ ခရီးသည်များ ထိခိုက်မှု မရှိခဲ့ပါဘူး။ တွဲဖက်လေယာဉ်မှူး တယောက်ပဲ နဖူးမှာ ဒဏ်ရာနည်းနည်း ရခဲ့ပါတယ်။ အဲဒီလေယာဉ်မှူးက ခါးပတ် မပတ်လို့ ခုံကနေ လွှင့်ထွက်ပြီး ဒဏ်ရာရခဲ့ဟန် တူပါတယ်။

ဒါကြောင့် လေယာဉ်ဝန်ထမ်းများက ခရီးသည်တွေကို ခါးပတ်ပတ်ကြဖို့ သတိပေးကြတာပေါ့။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။