Home » , » ကြိုးဖုန်းများမှ ပြည်ပဖုန်းခေါ်ဆိုမှု နှုန်းထားများ စတင်လျော့ချ

ကြိုးဖုန်းများမှ ပြည်ပဖုန်းခေါ်ဆိုမှု နှုန်းထားများ စတင်လျော့ချ

Written By မောင်စေတနာ on Monday, March 5, 2012 | 5:02:00 PM



ကြိုးဖုန်းများမှ ပြည်ပနိုင်ငံများသို့ ခေါ်ဆိုသည့် တယ်လီဖုန်း ခေါ်ဆိုခနှုန်းထားများအား မတ်လ ၁ရက် နေ့မှစတင်၍ လျော့ချပေးခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

''မတ်လ ၁ရက်နေ့ကစပြီး ကြိုးဖုန်းကနေ ပြည်ပခေါ်ဆိုခနှုန်းထားတွေ စလျော့ပေးခဲ့တာပါ။ ခေါ်ဆိုခတွေက သူ့နိုင်ငံအလိုက်သတ်မှတ်နှုန်း ထားတွေအတိုင်း လျော့ပေးထားပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ဆောင်မှုများအား တရားဝင် ဖြေဆိုခွင့် ရရှိထားသည့် Call Center မှ ပြောကြားသည်။

ယခုလက်ရှိပြောင်းလဲ ကောက်ခံမည့် နှုန်းထားများတွင် အာဆီယံနိုင်ငံများသို့ ခေါ်ဆိုခနှုန်းထားများမှာ တစ်မိနစ် ၁.၂ ဒေါ်လာနှင့် နောက်တိုး ၆စက္ကန့်လျှင် ၀.၁၂ဒေါ်လာ၊ အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိနိုင်ငံများသို့ ခေါ်ဆိုခ နှုန်းထားများမှာ တစ်မိနစ် ၁.၄ ဒေါ်လာနှင့် နောက်တိုး ၆ စက္ကန့်လျှင် ၀.၁၄ဒေါ်လာ၊ အာရှတိုက် အလယ်ပိုင်းရှိ နိုင်ငံများသို့ ခေါ်ဆိုခ နှုန်းထားများမှာ ၁.၈ ဒေါ်လာနှင့် နောက်တိုး ၆ စက္ကန့်လျှင် ၀.၁၈ ဒေါ်လာ၊ ဥရောပတိုက်၊ အာဖရိကတိုက်၊ သြစတြေးလျတိုက်၊ အမေရိကတိုက် နိုင်ငံများသို့ ခေါ်ဆိုခနှုန်းထားများမှာ

တစ်မိနစ် ၂.၄၀ ဒေါ်လာနှင့် နောက်တိုး ၆စက္ကန့်လျှင် ၀.၂၄ဒေါ်လာ စသဖြင့် သတ်မှတ်ထားပြီး ဂြိုဟ်တုဆက်ကြောင်းမှတဆင့် ဖုန်းခေါ်ဆိုရသည့် နိုင်ငံအချို့သို့ ခေါ်ဆိုခနှုန်းထားများမှာ တစ်မိနစ်လျှင် ၃.၅ ဒေါ်လာ မှ ၆.၉၅ ဒေါ်လာအတွင်း ကျသင့်မည်ဖြစ်သည်။

အဆိုပါ ကြိုးဖုန်းများမှ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခနှုန်းထားများမှာ မိုဘိုင်းဖုန်းများမှ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုသည့်နှုန်းထားများထက် ဈေးပိုများကြောင်း သိရသည်။

Source by :http://www.news-eleven.com/
Share this article :

1 comments:

Yin Sue said...

ဖတ်သွားတယ်ဗျို့....မိုဘိုင်းဖုန်းတွေထက်တော့ ဈေးကတော်တော်များတယ်နော်......

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။