Home » » စပါးစ်နဲ့ပွဲက ရမ်သမ်ကို ဆက်ထိန်းထားဖို့ လိုပါတယ် - ဆာအဲလက်စ်

စပါးစ်နဲ့ပွဲက ရမ်သမ်ကို ဆက်ထိန်းထားဖို့ လိုပါတယ် - ဆာအဲလက်စ်

Written By မောင်စေတနာ on Monday, March 12, 2012 | 12:01:00 PM



မန်ယူနည်းပြ ဖာဂူဆန်က မနက်ဖြန် ၀က်ဘရွမ်းအသင်းအား အိမ်ကွင်းတွင် ဧည့်ခံကစားရမည့်ပွဲစဉ်တွင် သူ့အသင်းအနေဖြင့် စပါးစ်အသင်းနှင့်ပွဲတွင် ကစားခဲ့ သည့်ခြေစွမ်းအတိုင်း ကစားရန်လိုအပ်ကြောင်း အသင်းသားများအား တိုက်တွန်းပြောကြား လိုက်သည်။

မန်ယူအသင်းသည် လက်ရှိတွင် ဥရောပပြိုင်ပွဲများ၌အခြေအနေ မကောင်းသော်လည်း၊ ပရီးမီးယား လိဂ်ပြိုင်ပွဲများတွင် အကောင်း ဆုံးပုံစံရရှိလျှက်ရှိနေသည်။

“ ကစားသမားတွေဟာ သူတို့တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအနေအထားကို နားလည်ကြပါတယ်၊ စပါးစ်အသင်းကို အနိုင် ရလိုက်တာဟာ၊ အသင်းအတွက် ဂရိတ်အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာ သူတို့သိကြပါတယ်၊ ”

“ ဒါပေမယ့် ၀က်ဘရွမ်းအသင်းဟာလည်း လက်ရှိမှာ အကောင်းဆုံးပုံစံ ရရှိနေပါတယ်၊ ကျွန်တော်တို့အနေနဲ့ အဲဒီအချက်ကို သတိပြုဖို့လိုပါလိမ့်မယ် ” ဟု ဖာဂီက ပြောကြားသွားခဲ့သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။