Home » , » ကော့သောင်းနဲ့ ကျောက်မီးသွေး အန္တရာယ်

ကော့သောင်းနဲ့ ကျောက်မီးသွေး အန္တရာယ်

Written By မောင်စေတနာ on Friday, March 9, 2012 | 5:12:00 AM

ကော့သောင်းမြို့နယ် ရွှေပြည်သာရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက်အကြား ဆောက်လုပ်ထားတဲ့ ကျောက်မီးသွေးသုးံ ဓါတ်အားပေး စက်ရုံရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မြို့ခံပြည်သူ များက များစွာ စိုးရိမ်လျက်ရှိပါသည်။

လုပ်ငန်းရှင် ထိုင်းမြန်မာလူမျိုး ဦးကျော်လွင် ပိုင်ဆိုင်သည့် သန်းဖြိုးသူ ကုမ္ပဏီ၏ ၈ မဂ္ဂါဝက် အားပေး စက်ရုံသည် ၉၀ ရာခိုင်နုန်း ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်သည်။

(၁.၃.၂၀၁၂) နေ့က ကုမ္ပဏီ စီမ်ံကိန်း မန်နေဂျာဦးလှမော် နှင့် ကုမ္ပဏီတာဝန်ရှိသူများသည် စာသင် ကျောင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုးံများတွင် ရပ်ကွက်နေပြည်သူများအား လိုက်လံရှင်းပြခဲ့သည်။

(၁) ဓါတ်အားပေးတည်ဆောက်ရသည့်အကြောင်းရင်း၊
(၂) စက်ရုံတည်ဆောက်ပုံအဆင့်ဆင့်၊
(၃) ရှင်းလင်းချက်အပေါ်တွင် ပြန်လည်မေးမြန်းသည့် အစီအစဉ်များ ပါဝင်သည်ဟု သိရသည်။


ကျောက်မီးသွေး စက်ရုံကြောင့် ရေနှင့် လေထုညစ်ညမ်းကာ ဒေသခံလူထုများအတွက် ကျန်းမာရေး ထိခိုက်မှု များ ဖြစ်ပွားစေနိုင်သည်။စက်ရုံကို ၂၀၁၂ ခုနှစ် ဇွန်လတွင် စတင် စမ်းသပ် လည်ပတ်မည်ဖြစ်ကြောင်း သိရှိရသည်။

စက်ရုံအတွက်လိုအပ်သော ကျောက်မီးသွေးကို စက်ရုံမှမိုင်(၂၀၀)၀န်းကျင်အကွာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လေညာသစ်တောကြိုးဝိုင်းအတွင်းမှ ထုတ်ယူမည်ဟု ဆိုသည်။

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင် သည့်ဆာလဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူလမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန် အမွှား အများအပြား ထွက်လာနိုင်သည်။

ထို့အပြင် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင်ကြောင်း၊ လေထု၊ ရေထုနှင့် မြေထုကိုညစ်ညမ်းစေနိုင်သည့် ဓာတ်ငွေ့ပေါင်းများထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။