Home » , , » နယူးယောက် မြန်မာသံရုံးရဲ့ ခြေလှမ်း

နယူးယောက် မြန်မာသံရုံးရဲ့ ခြေလှမ်း

Written By မောင်စေတနာ on Wednesday, March 7, 2012 | 11:39:00 PM

နယူးယောက် အမှတ် ၁၀၊ ၇၇ လမ်းမှာ အခြေစိုက်တဲ့ မြန်မာကောင်စစ်ဝန်ရုံး နဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ရုံး (ဓာတ်ပုံ - Google camera)

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားအောင် နယူးယောက် မြန်မာသံရုံးရဲ့ ကြိုးပမ်းချက်တခုကို Swe Swe Kyi/Facebook မှာ တွေ့ရလို့ မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

နေပြည်တော်သို့ အစီရင်ခံစာ - ၁

နေပြည်တော်သို့ အစီရင်ခံစာ -
နယူးယောက် တရုတ်မြန်မာအသင်းရဲ့စာ


အမေရိကန်ဆန်ရှင်ရုတ်သိမ်းအောင် သိန်းစိန်အစိုးရ အောက်လမ်းနည်းသုံးပြီ

မြန်မာအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု (ဆန်ရှင်) ကို ပြန်ရုတ်သိမ်းရေးအတွက် သိန်းစိန်အစိုးရက နည်းမျိုးစုံ ကျင့်သုံးနေတယ်။ ဒေါ်စုနဲ့ သိန်းစိန်အစိုးရ အပေါ်ယံ လောကွတ်ဆက်ဆံရေးကနေ အမေရိကန်ဘက်က ဆန်ရှင်ရုတ်သိမ်းရေး လွယ်လွယ် လုပ်မပေးဘူးဆိုတာ သိန်းစိန်အစိုးရ သိလာတယ်။

ဒီမှာတင်သိန်းစိန်အစိုးရက အောက်လမ်းနည်းတွေသုံးလာတယ်။ ဒီနည်းကတော့ အမေရိကန်သမ္မတ အိုဘားမားကို မြန်မာအပေါ်ဆန်ရှင်တွေ ဖွင့်ပေးပါလို့ အမေရိကန် မဲဆန္ဒရှင်တွေက စာရေးဖိအားပေးတဲ့နည်းပါ။

အမေရိကန် နယူးရောက်မြို့ မြန်မာသံရုံးကနေ နယူးရောက်မြို့မှာရှိတဲ့ အမေရိကန်နိုင်ငံသား တရုတ်မြန်မာအသင်းကြီးရဲ့ ဥက္ကဌ ဦးသိန်းဟန်နဲ့ အလှည့်ကျသဘာပတိ ဒေါက်တာဟာဘီချူးကို သမ္မတ အိုဘားမားထံ စာရေးပေးဖို့ လျို့ဝှက်ညှိနှိုင်းခဲ့ကြတယ်။ အဲသလို နယူးရောက်မြန်မာသံရုံးနဲ့ နယူးရောက် တရုတ်မြန်မာအသင်းလူကြီးတွေ လျို့ဝှက်ဆွေးနွေးတဲ့ မှတ်တမ်း အထောက်အထားတွေကို ခု ဖော်ထုတ်လိုက်တယ်။ (အင်တာနက်ပေါ်မှ တွေ့ရှိချက်)

-အတိုက်အခံဘက်က နယူးရောက် မြန်မာသံရုံးနဲ့ တရုတ်မြန်မာအသင်းကို ၀ိုင်းပြီး ဖိအားပေးသင့်တယ်။

-သိန်းစိန်အစိုးရရဲ့ ခိုးကြောင်ခိုးဝှက် လုပ်ရပ်ကြောင့် ကြားဖြတ်ရွေးကောက်အပြီးမှာ သိန်းစိန်အစိုးရနဲ့ဒေါ်စုကြား ဆန်ရှင်နဲ့ ပတ်သက်ပြီး အကြီးအကျယ် စကားများမဲ့ အလားအလာရှိတယ်။

-ဒေါ်စုနဲ့ သိန်းစိန်အစိုးရ အပေါ်ယံ လောကွတ် ဆက်ဆံရေးဟာ စလယ်ဝင် ဖင်မမဲခင်က ကွဲမဲ့အရိပ် အယောင်တွေ မြင်နေရတယ်

-သိန်းစိန်အစိုးရ ခုလို လိမ်နေတဲ့အကြောင်း အိုဘားမားထံ စာရေးကြပါ။ နယ်မြေ ဆီနိတ်တာတွေထံ စာရေးကြပါ။ ခုစာကို ပူးတွဲပေးပို့ပါ သက်သေအနေနဲ့။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။