Home » , » 7Day News သူရဲကောင်းဆု

7Day News သူရဲကောင်းဆု

Written By မောင်စေတနာ on Friday, March 9, 2012 | 6:20:00 PM

7Day News ဂျာနယ်က ၁၀ နှစ်ပြည့် အခမ်းအနားမှာ သူရဲကောင်းဆုတွေ ပေးအပ်ခဲ့ပါတယ်။ အခမ်းအနားကို မနေ့ညက ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

"မိမိကျရာကဏ္ဍက ကိုယ်ကျိုးမဖက်ဘဲ သတ္တိရှိရှိ၊ တာဝန်သိသိနဲ့ အများပြည်သူအကျိုးအတွက် အနစ်နာခံ စွမ်းဆောင်ခဲ့ကြတဲ့၊ တာဝန်ကျေခဲ့တဲ့ ပုဂ္ဂိုလ်တွေ" ကို ဒီနှစ်က စပြီး ပေးတယ်၊ နောင်နှစ်တွေမှာလည်း ပေးသွားမယ် လို့ ဂျာနယ် Facebook http://www.facebook.com/7daynews မှာ ရေးသားထားပါတယ်။

ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်း ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့၊ အမြဲတမ်း ပြုံးနေတဲ့ ကူညီတတ်ပေမယ့် ပိုက်ဆံမတောင်းတဲ့၊ ကားသမားတွေကို မရစ်တဲ့၊ လူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ယာဉ်ထိန်းရဲ ဒု-တပ်ကြပ် ခင်မောင်မြင့် 7Day News သူရဲကောင်းဆု ရပါတယ်။ အထက်ဖော်ပြဓာတ်ပုံမှာ တွေ့ရတဲ့အတိုင်း အင်္ကျီအဖြူနဲ့ ကိုခင်မောင်မြင့် ကိုယ်တိုင် ဆုတက်ယူပါတယ်။ ဆုချီးမြှင့်ပေးသူက ဦးတိုးနိုင်မန်း ဖြစ်ပါတယ်။

လူတဦးဆီက တလ ကျပ်တထောင်ပဲ အလှူခံပြီး လိုအပ်တဲ့ နေရာတွေကို လကုန်ရက်တိုင်း လှူနေတဲ့ One More အဖွဲ့ရဲ့ ကိုယ်စားလှယ်တဦးဖြစ်သူ စာရေးဆရာ မောင်သာချို (တိုက်ပုံအနက်ရောင်နဲ့)

ဦးနိုင်လင်း၊ တူဖြစ်သူ မောင်ထွန်းထွန်းဝင်းတို့က ပြီးခဲ့တဲ့နှစ် မြောက်ယမားချောင်း ရေကြီးမှုဒဏ်ခံရချိန်မှာ သူတို့ရဲ့ ရွှေပန်းခိုင်ရွာက လူ ၃၀၀ ကျော်ကို လှေနဲ့ လိုက်လံ ကယ်ဆယ်ခဲ့ပါတယ်။ သူတို့၂ယောက် အတွက်ဆုကို ဦးနိုင်လင်းက လက်ခံရယူပါတယ်၊ ဒေါက်တာထွန်းလွင်(မိုးလေ၀သပညာရှင်)က တက်ရောက် ချီးမြှင့်ပါတယ်။

ဗန်းမော်ခရိုင်၊ ဆမ်ဂန်ဒေသခံ ၄၀၀ ကျော်ကို တိုက်ပွဲတွေကြားကနေ ဘေးလွတ်ရာကို ဆိုင်ကယ်နဲ့ပို့ပေး၊ ပခုံးထမ်းပြီး ရွှေ့ပြောင်းပေးခဲ့သူက မွန်ဂါခရမ်အသင်းတော်က ဓမ္မဆရာ ဦးမျိုးလတ် ဖြစ်ပါတယ်။ သူတယောက်တည်း ကူညီရွှေ့ပြောင်းပြီး စားရေး သောက်ရေးကအစ တာဝန်ယူပေးနေတာ ၉လ ပြည့်ခဲ့ပါပြီ။

လားရှိုးမြို့မှာ နေထိုင်တဲ့ ဇနီးသည် မီးဖွားတာကိုတောင် ပြန်မကြည့်နိုင်ခဲ့ပါဘူး တဲ့။ သူ့ကိုယ်စား ရန်ကုန် ကချင်နှစ်ခြင်းအသင်းတော်က ဦးပေါ်နော်အော်န်က ဆုလက်ခံယူပါတယ်။ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီး ဆုပေးအပ်ပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ မင်္ဂလာ တောင်ညွန့် မေတ္တာမွန်ဂိုဒေါင်မီးလောင်ပေါက်ကွဲမှုမှာ အသက်ပေးခဲ့ရတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ ဒဏ်ရာရသူ ၄၀ ခန့်ရှိပါတယ်။ သူတို့ရဲ့စွမ်းဆောင်ခဲ့မှုတွေအတွက် 7Day News သူရဲကောင်းဆု ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။

“ရန်ကုန်မှာ ဒီနေ့ညနေ မီးမလောင်ရင် အခမ်းအနားကို တက်ရောက် ချီးမြှင့်ပေးမယ်” လို့ ပြောခဲ့တဲ့ တိုင်းမီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးကြည်ဝင်း ဆုလက်ခံယူပါတယ်။ 7Day News အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းက ဆုပေးအပ်ပါတယ်။


7Day News ဂျာနယ် ဆုတံဆိပ်

7Day News ဂျာနယ် ၀ိုင်းတော်သားများ

ဓာတ်ပုံများ၊ အချက်အလက်များ - 7Day News ဂျာနယ် Facebook http://www.facebook.com/7daynews

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။