Home » , , » Word 2010 Document ထဲကို Screen Shot လေးထည့်ကြည့်ရအောင်

Word 2010 Document ထဲကို Screen Shot လေးထည့်ကြည့်ရအောင်

Written By မောင်စေတနာ on Wednesday, February 29, 2012 | 3:13:00 PM

Microsoft Word Office 2010 နဲ့ မိတ်ဆက်လိုက်တဲ့ Imazing features တစ်ချို့ ရှိမှာပါနော်။အဲဒီ ထဲက တစ်ခု ဖြစ်မယ် ထင်တဲ့ ဘယ် Software မှ မသုံးဘဲ Word 2010 နဲ့ Screenshot ကို Insert လုပ်နည်းလေးပြောမလို့ပါ။ Screenshot capturing tool လေးကို Word 2010 ကပေါင်းထည့်လိုက်ပါပီ။ Screen ကိုဓါတ်ပုံရိုက်ပီး ကိုတို့ရဲ့ Document ထဲကိုထည့်လို့ရပါတယ်။
လုပ်ကြည့်ချင်ရင်

1. Word 2010 ကို ဖွင့်လိုက်ပါ။ Ribbon Tab က Insert Tab ကို Click လိုက်ပါ။



2.Tool Bar ပေါ်က Screen Shot Icon ကို Click ပါ။


3.ဒီိလိုဆိုရင် ဒီ Word Document Window အပါအ၀င် ပွင့်နေတဲ့ snapshot ကို လွယ်ကူစွာ ထည့်ခွင့်ပြုတဲ့ Drop Down လေး မြင်ရတယ် ဟုတ်။ ဒါဆိုရင် ကိုယ် ထည့်ချင်တဲ့ Window ရဲ့ snapshot လေးကို ရွေးပါ။ဒါမဟုတ် ကိုလိုချင်တဲ့ အပိုင်းလေး (particular region) လေးကို ရိုက်ယူဖို့ အတွက် Screen Clipping ကို Click လုပ်လိုက်ပါ။အဲလိုနှိပ်လိုက်တာနဲ့ Word က Minimize ဖြစ်သွားပီး Screen ကို Capture လုပ်ခွင့်ပေးမှာပါ။ ကိုလိုချင်တာတဲ့ အပိုင်းလေးကိုပဲ ရိုက်ဖို့ အတွက် Right Click နှိပ်ပီး ဖိဆွဲလိုက်ပါ။လွှတ်လိုက်တာနဲ့ တပြိုင်နက် Word ထဲကို ဒီလိုလေး ရောက်လာမှာပါ။


ကျွန်တော် တို့ အထက် က Feature နဲ့ ယူလိုက်တဲ့ screenshot ဟာ word document ထဲကို ရောက်နေပီ ဟုတ်။

ကျွန်တော် တို့တွေ အဲလိုမျိုး Word Document ထဲကို ထည့်လိုက်တဲ့ Screen Shot လေးတွေကို Format toolbar က များစွာသော picture tools လေးတွေနဲ့လည်း နောက်ထပ် format လုပ်လို့ ရပါသေးတယ်။

အားလုံးအဆင်ပြေကြပါစေ

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။