Home » , » ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိနေ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောက်ရှိနေ

Written By မောင်စေတနာ on Sunday, February 26, 2012 | 4:19:00 PM



ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ယူနန်နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ်၊ ယူနန်ပြည်နယ် ပြည်နယ်ပြည်သူ့ကွန်ဂရက် နိုင်ငြာံခးရေးဌာနမှူးတို့နှင့် တွေ့ဆုံဆွေးနွေးနေစဉ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထွက်ခွာလာခဲ့ပြီး ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက် ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ ရောက်ရှိနေခြင်းဖြစ်သည်။ အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေးနှင့် ပြည်သူ့လွှတ်တော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်တို့အကြား ချစ်ခင်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းမှလာရောက်စဉ်အတွင်း ကူမင်းလေဆိပ်၌ ခေတ္တရပ်နားစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ကိုယ်စားလှယ်များသည် ယူနန်နိုင်ငံခြားရေးရုံး ညွှန်ကြားရေးမှူးချုပ်၊ ယူနန် ပြည်နယ်၊ ပြည်နယ်ပြည်သူ့ကွန်ဂ ရက်နိုင်ငံခြားရေးဌာနမှူးတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ နာရီဝက်ခန့်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ လွှတ်တော်ဖွဲ့စည်းပုံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်ဂရက်ဖွဲ့စည်းပုံတို့ကို ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chen Bing De နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။