Home » , » ရွှေ့ပြောင်းမြန်မာ အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးစဉ် ကားတိုက်ပြီးသေဆုံး

ရွှေ့ပြောင်းမြန်မာ အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးစဉ် ကားတိုက်ပြီးသေဆုံး

Written By မောင်စေတနာ on Wednesday, February 8, 2012 | 11:43:00 PM



Photo: Wichai Witthawat - Phuket Gazette
(၂၃.၁၂.၂၀၁၁)ရက်နေ့ ည(၉း၀၀)နာရီကျော်ခန့်တွင် ရွှေ့ပြောင်းမြန်မာ အမျိုးသမီးတစ်ဦးနှင့် သူမ၏ ဖခင်ဖြစ်သူတို့သည် ဖူးကက်မြို့၊ ထန်လန်းအရပ်ရှိ ဖူးကက်လေဆိပ်သို့သွားသော လမ်းမကြီးကို ဖြတ်ကူးစဉ် အဝေးမှလာသော တိုယိုတာဗီဂို ပစ်ကပ်ကားနှင့် တိုက်မိသဖြင့် အသက်(၁၆)နှစ်အရွယ်ရှိ သမီးဖြစ်သူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“ညပိုင်း (၉)နာရီ (၁၀)နာရီ လောက်ရှိပြီ၊ မုန့်ဝယ်စားဖို့ လမ်းဖြတ်ကူးတာ၊ လမ်းမကူးခင် ကားက အဝေးကြီးမှာဗျ။ ကားက တော်တော်မြန်တယ်ဗျ။ လမ်းကိုလည်း ဖြတ်ကူးရော ကျွန်တော်နဲ့ သမီးလေးကို တိုက်သွားတယ်။ သမီးလေးက တစ်ခါတည်း ပွဲချင်းပြီး သေတယ်။ ကျွန်တော့်ခေါင်းမှာ ချုပ်ရတယ်။ ကျွန်တော့် သူဌေးက ကောင်းပါတယ်။ အစစ အရာရာ လိုက်ကူညီပေးတယ်”ဟု ဖခင်ဖြစ်သူ ဦးဥာဏ်ထွန်းမှ ပြောပြသည်။

အမှုကို ထန်လန်း ရဲစခန်းတွင် ဘတ်သုံးသိန်းဖြင့် အမှုကျေအေး လိုက်သော်လည်း အာမခံ ကုမ္ပဏီအနေဖြင့် သေဆုံးသူ၏ ဖခင်အား အဖေအရင်း ဟုတ်မဟုတ် မြန်မာပြည်မှ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင် အထောက် အထားများ အစုံအလင်ပြနိုင်မှ လျော်ကြေးပေးရန် ပြောဆိုထားကြောင်း သိရသည်။ အဆိုပါအမှုနှင့် ပတ်သက်၍ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED)၏ အလုပ်သမား ဖွံ့ဖြိုးရေးဌာနမှ ဥပဒေကြောင်းအရ အကြံပေးကာ လိုက်ပါ ဆောင်ရွက် ပေးလျက်ရှိသည်။

သေဆုံးသူမှာ မွန်အမျိုးသမီး မိရင်ရင်ထွန်းဖြစ်ပြီး ဖခင်ဖြစ်သူနှင့်အတူ ဆောက်လုပ်ရေး(ပန်းရံ)လုပ်ငန်းကို လုပ်ကိုင်လျက် (ဖူးကက်)ထန်လန်းရှိ ဘန်းပွန်း ပရိဘောဂဆိုင် (Baan Porn Furniture store)၏ နောက်ဘက် အလုပ်သမား တန်းလျားတွင် နေထိုင်ကြပြီး မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်းကြီး ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။