Home » , » Internet ပေါ်က ကလေးတို့ရဲ့ Activities တွေကို Qustodio နဲ့စစ်ကြည့်ရအောင်

Internet ပေါ်က ကလေးတို့ရဲ့ Activities တွေကို Qustodio နဲ့စစ်ကြည့်ရအောင်

Written By Anonymous on Friday, January 27, 2012 | 9:10:00 PM

Application တစ်ခု နဲ့ မိတ်ဆက်ပေးချင်လို့ပါ။ ဒီ Application လေးက ကလေး တစ်ယောက် သုံးခဲ့တဲ့ internet ပေါ်က activities အားလုံးကို Monitor လုပ်ပေးပါတယ်။ယခု အခါ မှာ Internet နဲ့ Social Networking တွေဟာ အရမ်းကို Popular ဖြစ်လာပြီး ကျွန်တော် တို့တွေ ရဲ့ နောင်လာနောက်သား ကလေး လေးတွေ ဟာဆိုရင် Cyber Bullying ရဲ့သားကောင်တွေ ဖြစ်လာနိုင်ပါတယ်။

ကလေး တစ်ယောက်ကို ဒီလိုတွေ ဖြစ်လာပြီဆိုရင် အဲဒါ နဲ့ပတ်သက်ပြီး သူတို့ ဟာ Client တွေ ဖြစ်ဖို့ အများစု ဖြစ်သွားနိုင်ပါတယ်။ သူတို့ကလည်း မပြောတဲ့ အခါ ဒီလို အခြေအနေ မှာ မိဘ ဖြစ်ရတဲ့ သူမှာလည်း ခက်ခဲ လာနိုင်ပါတယ်။ဒါကြောင့် ကိုတို့ရဲ့ကလေး တွေကို ဒီလို အခြေအနေတွေ မဖြစ်စေဖို့ ကျွန်တော် တို့တွေ ဟာ Internet ပေါ်က ကလေး တွေရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးပေးဖို့လိုအပ်လာပါတယ်။ဒါကြောင့် အဲဒါတွေနဲ့ ပတ်သက်ပြီး ကူညီ နိုင်တဲ့ Qustodio လို့ခေါ်တဲ့ Application လေးတစ်ခု နဲ့ မိတ်ဆက်ပေးချင်လို့ပါ။

ဒီ Application လေးဟာ Access Limits ကိုလည်း စစ်ဆေးပေးပါတယ်။ ပြီးတော့ ကလေး တစ်ယောက် ကို Cyber bullying နဲ့ အတူ မသင့်လျှော်တဲ့ Content တွေကလည်း ကာကွယ်ပေးပါတယ်။ ဒါလေးက Window ရဲ့ Hidden Mode မှာ Run ဖို့ကိုလည်း Set ထားနိုင်နိုင်သလို System Tray ထဲမှာလည်း ထားနိုင်ပါတယ်။ ကွန်ပျူတာ ကို သုံးမယ့် ကလေး တစ်ယောက်အတွက် Window အကောင့်ကိုလည်း Set ခွင့်ပြုပါတယ်။ လုပ်ဆောင်ချက်တွေ အားလုံးကို စစ်ဆေးနေစေဖို့ကတော့ Qustodio မှာ Account တစ်ခု ရှိနေရပါတယ်။ လုပ်ဆောင်ချက်တွေ အားလုံးကို Website ပေါ်က ကိုယ့်ရဲ့ အကောင့်မှာ Upload လုပ်ထားပါလိမ့်မယ်။


ဒေါင်းပြီးတဲ့ အချိန်မှာ Icon ဟာ ကွန်ပျူတာ ရဲ့ System Tray ထဲမှာ ရှိနေမှာပါ။ Software ဟာ Active ဖြစ်နေလား မဖြစ်ဘူးလားဆိုတာ ဆိုတာကိုလည်း ပြပါလိမ့်မယ်။ Configure Option ကို သုံးပြီးလည်း Tool တွေကို Configure လုပ်နိုင်ပါတယ်။ကျွန်တော်ကတော့ Window ရဲ့ Hidden Mode မှာပဲ Run ခဲ့တဲ့ အတွက်ကြောင့် System Tray ထဲမှာ မပေါ်သလို ဒီလိုလေးလဲ ပြမှာ မဟုတ်ပါဘူး။



ဒီ Window က တော့ Configure Option ကို Click လိုက်တဲ့ အခါ ရလာမယ့် Window ပါ။ ကွန်ပျူတာပေါ်မှာ လွန်ခဲ့တဲ့ ၁၅ ရက်က လုပ်ဆောင်ချက်တွေကို ပြပေးပါလိမ့်မယ်။ လည်ဖြစ်ခဲ့တဲ့ Websites တွေကိုလည်း ပြပေးပါလိမ့်မယ်။


ဒီ Window က ကွန်ပျူတာပေါ်မှာ လက်ရှိ ရနေနိုင်တဲ့ Websites Categories ကို ပြပေးပါတယ်။ အနီရောင် ကတော့ မရနိုင်တာတွေကို ပြပေးပါတယ်။ အဲဒီ Category တွေပေါ်မှာ Click နှိပ်ပီးလည်း Enable နဲ့ Disable လုပ်နိုင်ပါတယ်။

အထက်က Window ကတော့ ကလေး ရဲ့ Usage Limit ကို လည်း Set ထားနိုင်ပါတယ်။ Weekdays နဲ့ Weekends တွေကိုလည်း သီးခြား ခွဲသတ်မှတ်နိုင်ပါတယ်။


ဒီ နေရာလေးက နေလဲ မကြည့်စေချင်တဲ့ Website လိပ်စာကိုထည့်ထားနိုင်ပါတယ်။

Installation အတွင်းမှာ

ကလေး ဘယ်နှစ်ယောက်သုံးမှာလဲ တို့ ၊ ကလေး ရဲ့ အမည် ၊ မွေးနေ့ တွေအပြင် ကလေး အတွက် Window အကောင့် ၊ ကို က စစ်တဲ့ အခါ သုံးမယ့် Websites အကောင့် တွေ အပါအ၀င် တစ်ခြား User တွေ သိမှာစိုးလို့ Hidden Mode မှာပဲ Run ဖို့ အမှန်ခြစ်ခဲ့တယ် ဆိုရင်တော့ System Tray ထဲမှာ ပေါ်မှာ မဟုတ်ပါဘူး။ Setup က Successful ဖြစ်ချိန်မှာ ကို့ရဲ့ Mail ထဲကို Verify လုပ်ဖို့ စာပို့ပေးတဲ့ အခါ Confirm လုပ်ပေးလိုက်ပါ။


လိုချင်ရင်တော့ ဒီမှာ ယူပါ။

ကလေးရဲ့ Activities ကိုစစ် ဖို့ အတွက်ကတော့ သူရဲ့ Website ဖြစ်တဲ့ https://family.qustodio.com ကနေပဲ သွားရမှာပါ။

အားလုံးအဆင်ပြေကြပါစေ..

မျိုးကိုကို
freshest5@gmail.com

Technique & Translate

8JAN2012-004

10:51PM

27.1.2012

(Friday)

myokokyaw@nayzawlin.com

http://myokokyaw.blogspot.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။