Home » , » စင်္ကာပူ ဝန်ကြီးချုပ် နှင့်အစိုးရ ဝန်ကြီးများ ၏ လစာနှူန်းများကို လျှော့ချမည်

စင်္ကာပူ ဝန်ကြီးချုပ် နှင့်အစိုးရ ဝန်ကြီးများ ၏ လစာနှူန်းများကို လျှော့ချမည်

Written By မောင်စေတနာ on Sunday, January 15, 2012 | 6:30:00 PM



စင်္ကာပူအစိုးရ ဝန်ကြီးများ၏ လစာများအား ပြန်လည်စိစစ်ရန် တာဝန်ရှိသော ကော်မတီအနေနှင့် လူသစ်တန်း ဝန်ကြီးများ၏ လစာအား (၃၇%) လျှော့ချရန် နှင့် ပင်စင်လစာများဖယ်ရှားရေးအပါအဝင် စင်္ကာပူဝန်ကြီးချုပ်၏လစာ (၃၆%) အားဖြတ် တောက်ရန် ထောက်ခံခဲ့သည်။

အကယ်၍သာ ပင်စင်လစာများ မဖြတ်ဘူးဆိုလျှင် လစာဖြတ်တောက်မှုပမာဏမှာ (၃၁%) နှင့် (၂၈%) အသီးသီး တို့ဖြစ်ကြပေမည်။

အဓိပ္ပာယ်မှာ စင်္ကာပူ လူသစ်တန်း ဝန်ကြီးတဦး၏ တနှစ်လုံးအတွက် စုစုပေါင်း လစာနှူန်းထားအား လက်ရှိနှူန်းထား စင်္ကာပူဒေါ်လာ (၁.၅၈) သန်းမှ (၁.၁) သန်း သို့လျှော့ချမည်ဟု ဆိုခြင်းဖြစ်သည်။

ဝန်ကြီးချုပ်၏ လစာကိုလည်း ဒေါ်လာ (၃.၀၇) သန်းမှ ဒေါ်လာ (၂.၂) သန်းသို့ လျှော့ချမည်ဖြစ်သည်။ လုပ်ပိုင်ခွင့်မရှိပဲ အဆောင်အယောင်ရာထူးသက်သက်သာဖြစ်သော စင်္ကာပူသမ္မတ၏ တနှစ်တာလစာကိုလည်း လက်ရှိဒေါ်လာ (၁.၅၄) သန်းမှ (၅၁%) လျှော့ချမည်ဖြစ်ပြီး အငယ်တန်းဝန်ကြီးများအတွက် ကနဦးလစာမှ ဒေါ်လာ (၉၃၅၀၀၀) ဖြစ်မည်ဖြစ်သည်။

လစာပမာဏ သုံးသပ်ရေးကော်မတီ၏ ထောက်ခံချက်များကို လက်ခံရန် စင်္ကာပူအစိုးရ အနေနှင့် ရည်ရွယ်ထားပါသည်ဟု ဝန်ကြီးချုပ်လီရှန်လွန်းမှ ထိုကော်မတီသို့ ဗုဒ္ဓဟူးနေ့၌ ပေးပို့ခဲ့သော စာတွင် ဖေါ်ပြထားခဲ့သည်။

စင်္ကာပူအစိုးရ ဝန်ကြီးများ၏ ပင်စင်လစာအား ဖျက်သိမ်းရန်လည်း ကော်မတီမှ ထောက်ခံချက်ပြုထားသည်။ လစာငွေဖြတ်တောက်ရခြင်း၏အခြေခံအကြောင်းရင်းသည် စင်္ကာပူအစိုးရဝန်ကြီးများ၏လစာနှူန်းထားအား ပုဂ္ဂလိကကဏ္ဍမှထိပ်တန်းအရာရှိများ၏ လစာ ငွေပမာဏနှင့် ကိုက်ညှိထားမှုအား ပြောင်းလဲရန် ကော်မတီမှ ထောက်ခံမှုပြုသောကြောင့်ဖြစ်၏။

လက်ရှိတွက်ချက်မှုအရ ဝန်ကြီးတဦး၏ကနဦးလစာငွေနှူန်းထားအား ဘဏ်လုပ်ငန်းနှင့် ဥပဒေအကျိုးဆောင်လုပ်ငန်းများအပါအဝင် လုပ်ငန်းခြောက်ခုရှိ ထိပ်တန်းအရာရှိများ၏လစာငွေနှူန်းထားပေါ် သုံးချိုးတချိုးလျှော့ချ၍ အခြေခံယူ တွက်ချက်ထားခြင်းဖြစ်သည်။

နိုင်ငံတော် ကျောက်ကပ် ဖောင်ဒေးရှင်း (NKF) ၏ ဥက္ကဋ္ဌ ဂျရတ်အီးမှ ဦးဆောင်သော လစာငွေစိစစ်သုံးသပ်ရေး ကော်မတီမှ လက်ရှိတွက်ချက်မှုစနစ်အား စင်္ကာပူရှိဝင်ငွေအမြင့်ဆုံးလူ (၁၀၀၀) ၏ ဝင်ငွေအား (၄၀%) လျှော့ချ၍ အလယ်အလတ်ထားတွက်ချက်ရန် အတွက်သာ ထောက်ခံခဲ့သည်။

လက်ရှိ၌ ဝန်ကြီးများလက်ခံရရှိနေသည့် နိုင်ငံတော်ဆုကြေးငွေအား GDP (နိုင်ငံတော်ကုန်ထုတ်စွမ်းအားပမာဏ) ပေါ်အခြေခံသည့်ဆုကြေးငွေဖြင့် အစားထိုးရန်လည်းကော်မတီမှထောက်ခံပေးခဲ့သည်။ ကော်မတီမှ အဆိုပြုသော ဆုကြေးငွေစနစ်သစ်မှာ GDP တိုးတက်မှု၊ အလုပ်လက်မဲ့နှူန်း၊ အလယ်အလတ်ဝင်ငွေရရှိသူတို့၏ အမှန်တကယ်တိုးတက်မှုနှူန်းနှင့် (၂၀%) သောဝင်ငွေနည်းလူတန်းစားတို့၏ အမှန်တကယ် တိုးတက်မှုနှူန်းတို့အပေါ်၌ အခြေခံထားတွက်ချက်ရန် ဖြစ်သည်။

Source by :http://freedomnewsgroup.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။