Home » , » စာဖတ်သူများ အားလုံးကို အသိပေး ပြောကြားရင်း တောင်းပန်ပါတယ် (အားလုံးဖတ်ပေးကြပါရန်)

စာဖတ်သူများ အားလုံးကို အသိပေး ပြောကြားရင်း တောင်းပန်ပါတယ် (အားလုံးဖတ်ပေးကြပါရန်)

Written By မောင်စေတနာ on Wednesday, December 21, 2011 | 9:14:00 PM



အားလုံးပဲ မင်္ဂလာပါ ခင်ဂျာ .... အားလုံးကို အသိပေး ပြောကြား တောင်းပန်ပါတယ် ခင်ဂျာ ...

ကျွန်တော် စာမရေးဖြစ်တာ တော်တော်လေး ကြာနေပါပြီ။ အလုပ် မအားတာနဲ့ တစ်ခြား အရေးကြီးတာတွေ ဝက်ဆိုက်ပေါ် တင်ပေးနေရတာနဲ့ အချိန်မပေးနိုင် တာနဲ့ ကျွန်တော် ပျင်းနေတာလည်း ပါတယ်ပေါ့။ ဘလော့ကာ ဆိုပေမဲ့ အခု 2011 ကစပြီး ဘာလော့ဆိုက်တွေပေါ်ကို သိပ်မရောက် ဖြစ်တော့ပါဘူး ...

လိုင်းကွဲသွားတာလည်း ပါပါတယ်။ အရင်ကဆို ဆိုက်တွေကို လည်နိုင်ဖို့ အချိန်ရနေပေမဲ့ အခုလက်ရှိ ဆိုက်တွေများ လာတာရယ် တစ်ခြား ကူညီပေးစရာ တွေလည်း များနေတော့ ဆိုက်တွေကို သိပ်မလည် ဖြစ်တော့ပါဘူး ... လက်ရှိ ဝက်ဆိုက်လေးက တော်တော်လေး စာဖတ်သူဦးရေ များလာတာနဲ့ ကျွန်တော်ဆိုက်လေးမှာပဲ အကောင်းဆုံး နေစဉ် ၂၄ နာရီ အပြည့် ကောင်းနိုးရာရာ အစီအစဉ်လေးတွေကို တင်ဆက် ပေးဖြစ်တာပါ။ အခု ကျွန်တော် ပြောချင်တာက ဒီလိုပါ။ လက်ရှိ ဆိုက်လိပ်စာ http://www.nayzawlin1.com/ လေးဟာ မနက်ဆို ဒိုမိန်း ကုန်နေပြီ ဖြစ်ပါတယ်။

2011 အတွက် ဒိန်းမတ်က မမ အိမ်လွမ်းသူ မိသားစုမှ ဝယ်လှူထားတာပါ။ ယခု 2012 အတွက် မလေးရှားမှ မလေးလေး မိသားစုမှ လှူထားပါတယ်။ ( ဒီနေရာလေးမှာ ကျွန်တော်ဆိုက်လေးဟာ အများအတွက် ပရဟိတ ဝန်ဆောင်ပေးနေသော ဝက်ဆိုက်လေး ဖြစ်သောကြောင့် လှူတယ် ဆိုတဲ့ စကားကို သုံးနှုန်းထားပါတယ် ခင်ဂျာ) ကျွန်တော်ဒီလထဲ အလုပ်များနေတာရယ် ဆိုင်နေရာ အလုပ်နေရာ ပြောင်းရမှာ ဖြစ်တာရယ် အလုပ်တော်တော်လေးဖိနေလို့ ဒိုမိန်းကို 1 လပိုင်းရောက်မှ ဒိုမိန်းချိတ်ဖြစ်မှာပါ။

ဒီကြားထဲ အဆင်ပြေရင်လည်း အဆင်သလို မြန်မြန်လေး ပြောင်းနိုင်ဖို့ လုပ်ဆောင်ပေးမှာပါ။ ကျွန်တော် ချက်ချင်းပြောင်းပေးဖို့ အဆင်မပြေသေးလို့ပါ။ ကျွန်တော်တို့က နိုင်ငံခြားမှာ အလုပ်လုပ်နေရင်း ပညာရှာနေရင်း တစ်ဖက်ကလည်း အွန်လိုင်းကနေ နည်းပညာ ၊ သုတ ၊ ရသ တွေကို နေ့စဉ်ဝါသနာအရ မျှဝေပေးနေတာပါ။

ဒါကြောင့် http://www.nayzawlin1.com/ လိပ်စာနဲ့ ကျွန်တော်ဆိုက်လေးကို တကယ်လို့ ဝင်လို့ မရဘူး ဖြစ်နေတယ်ဆိုရင် အခု လတ်တလော http://nayzawlin1.blogspot.com/ နဲ့ ဝင်ရောက်ပေးကြပါလို့ စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို တောင်းပန် အသိပေးအပ်ပါတယ် ခင်ဂျာ ...

အဝေးရောက် မြန်မာလူမျိုးများ အားလုံး အတွက် အမြဲတမ်း ကြိုးစားပေးနေပါတယ်။


Share this article :

1 comments:

Angelhlaing(May everybody be happy and healthy! said...

ဆထပ်တိုးလို့ အများအကျိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေ မောင်လေးရေ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။