Home » , » RAM ထပ်မစိုက်ဘဲ တိုးအောင် လုပ်မယ်

RAM ထပ်မစိုက်ဘဲ တိုးအောင် လုပ်မယ်

Written By မောင်စေတနာ on Sunday, October 23, 2011 | 1:30:00 PM

မိမိမှာ ရှိတဲ့ RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင်နည်းတစ်ခုပြောပြပါ့မယ်။ Hacking နည်းလမ်းတစ်ခုဖြစ်တဲ့ အတွက် အရမ်းတော့save မဖြစ်ပါဘူး။ CPU ကို over clock တင်သလိုပါပဲ ။ software လိုင်စင်တွေရဲ့ စကားတိုင်း ပြောရရင်တော့ သင့်ရဲ့ ကိုယ်ပိုင်စွန့်စားမှုသာဖြစ်ပါတယ် ။

My Computer ကို R-Click လုပ်ပြီးproperties ကိုသွားပါတယ်။ ပေါ်လာတဲ့ system properties က Advanced ကိုclick ပါတယ်။ Performance က Settings ကို click ပါတယ်။


Performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို check ပေး Virtual memory က Change ကို click ပါတယ် ။

အောက်ပါအတိုင်းVirtual memory ပေါ်လာပါမယ်။ Initial size နဲ့ Maximum size ကတန်ဖိုး နှစ်ခုကို ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ ရင်Default လုပ်နိုင်အောင်ပါ။

VirtualMemory ဆိုသည်မှာ RAM က Hard disk memory ကို ငှားသုံး ခြင်းဖြစ်ပါတယ် ။(ဥပမာ - Default Initial size = 1500 Mb(nearly 1.5Gb) , Hard Disk freespace = 5 Gb ရှိတယ် ဆိုကြပါစို့ Initial size ကို 2000 Mb ( 2Gb )တင်လိုက်ပါက Hard disk free space သည် 4.5 Gb ဖြစ်သွားပါလိမ့်မယ် ။ (မည်သို့ပင် memory transfer လုပ်နိုင်သည် ဖြစ်စေ System Memory က ပဲတစ်ကယ် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ) ကျနော့်မှာ Initial 1500 ရှိပြီးသားဖြစ်လို့ 2000 လို့ပေးပြီး၊ Maximum ကို 3500 ပေးလိုက်ပါတယ် ။ ပြီးရင် Set ကို နိုပ်ပါတယ် ။

ပြီးရင်တော့OK ပေါ့ ။ Restart တောင်းလာပါလိမ့်မယ် ။ window ပြန်တက်လာ ရင်တော့ခင်ဗျားစက် အရင်ထက်ပိုမြန် နေတာ တွေ့ရပါလိမ့်မယ် ။ CPUရဲ့လုပ်ဆောင်နိုင်ရည်ကို ကြည့်ပြီး တင်သင့်ပါတယ်။ Memory များရင် စက်မြန်တယ် ဆိုပြီး memory အများကြီး စိုက်ပြီး CPU မလိုက်နိုင် လို့ပိုလေး သွားတဲ့ စက်တွေ တွေ့ဘူးပါတယ်။ အားလုံး အဆင်ပြေကြပါစေ ။

Source by :http://ayarnyinaung.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။