Home » » မယားပါသားအား သတ်ဖြတ်သည့် စင်္ကာပူနိုင်ငံသား

မယားပါသားအား သတ်ဖြတ်သည့် စင်္ကာပူနိုင်ငံသား

Written By မောင်စေတနာ on Saturday, October 15, 2011 | 11:32:00 AM



၂၀၀၈ ခုနှစ်တွင် အသက် ၇ နှစ်ရှိ မယားပါသားဖြစ်သူ ထိုင်းနိုင်ငံသား ကလေး တစ်ဦးအား သတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံရအပြီး အယူခံဝင်ရန် အလုပ်အကိုင်မဲ့ စင်္ကာပူနိုင်ငံသား တစ်ဦးကို အမိန့်ထုတ်ပြန်လိုက်သည်။

အသက် ၃၄ နှစ်ရှိ ရှာဝယ်လ် ဆီနင်း (Shawal Senin) သည် မယားပါသားဖြစ်သူ အသက် ၇ နှစ်ရှိ ဆီဝါကွန် ဆူခွန်သရက် (Siwakorn Sukunthaat) အား တမ်ပွိုင်၊ တမန် ကိုဘီနာရှိ ပူလိုင်းဗျူး ကွန်ဒိုမီနီယံမှ သူ၏ အခန်း တွင် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၄ နှင့် ၂၇ ရက်နေ့ များက ယခုကဲ့သို့ လူသတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ ယခုကဲ့သို့ လူသတ်မှုသည် သေဒဏ်ထိ ကျခံနိုင် ဖွယ်ရှိပြီး တရားသူကြီး ဆမ်ဆူဒင် ဟာဆန် (Samsudin Hassan) က ပြောကြားရာတွင် ရှာဝယ်လ်၏ ငြင်းကွယ်မှုအား ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် အောက်တိုဘာလ ၅ ရက်နေ့တွင် ဗဟိုတရားရုံး၌ မိမိအား စွဲဆိုထားခြင်းခံရမှုအား ခုခံချေပခွင့်ကို ခွင့်ပြုထားကြောင်း ပြောကြား လိုက်သည်။

မောင်သန္တာ
Ref: Asia One

Source by :http://newsnetworkmedia.blogspot.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။