Home » » တက္ကစီသမား ဟန်ဆောင်ပြီး မြန်မာဒုက္ခသည် ၂ ဦးအား လုယက်တိုက်ခိုက်

တက္ကစီသမား ဟန်ဆောင်ပြီး မြန်မာဒုက္ခသည် ၂ ဦးအား လုယက်တိုက်ခိုက်

Written By မောင်စေတနာ on Sunday, October 16, 2011 | 9:00:00 PM



KHT/ PETALING JAYA- ပြီးခဲ့တဲ့အပတ် အစောပိုင်းတွင် ဒုက္ခသည် ၂ ဦးကို တက္ကစီ သမားများအဖြစ် ဟန်ဆောင်သူ၏ ဓားစာခံ ဖြစ်ခဲ့ပြီးနောက် တက္ကစီသမားများ အဖြစ်ဟန်ဆောင်နေသည့် ဒုစရိုက်သမားများကို တိုက်ဖျက်ရန် မလေးရှားနိုင်ငံ တ၀န်းလုံးရှိ တက္ကစီ အဖွဲ့များအားလုံးကို Tenaganitaက တောင်းဆိုလိုက်သည်။

မနက်ပိုင်းတွင် သီးခြား တက္ကစီ စီးနင်းလားသည့် မြန်မာဒုက္ခသည် ၂ ဦးသည် လုယက်တိုက်ခိုက်ခံခဲ့ရသည် ဖြစ်ရပ်ကို လူမှုရေး အဖွဲ့အစည်းများက အဆိုးဝါးဆုံး အဖြစ်အပျက်ဟု ဆိုသည်။

Tenaganita ဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တိုက်ခိုက်သူများက ထပ်မံ တိုက်ခိုက်မည်ကို စိုးရိမ်သည့် အတွက် ဒုက္ခသည် ၂ ဦးက သူတို့၏ အမည်နှင့် သက်သေခံများကို ထိန်းသိမ်းပေးရန် တောင်းဆိုခဲ့သည်။

အသက် ၂၃ နှစ် အရွယ်ရှိ ပထမ ဓားစာခံတဦးက အဖြူနှင့် အနီရောင် တက္ကစီကို ဖခင်ဖြစ်သူနှင့်အတူ Puchongမှ Bukit Petalingရှိ ကုလသမဂ္ဂ ရုံးသို့ သွားရောက်ရန် တနလာင်္နေ့ မနက် ၅ နာရီခွဲက ဌားရမ်းခဲ့သည်ဟုဆိုသည်။

ကားမောင်းသမားက လမ်းကြောင်းပြောင်း မောင်းနှင်ကာ တက္ကစီနံပါတ်ပြားကို ကာထားလိုက်ပြီး ဓားဖြင့် တရားခံကို လည်ပင်းကို ထောက်ထားလိုက်သည်။

မရုန်းကန်နိုင်စေရန် ဓားစာခံလည်ပင်းကို ဓားဖြင့် မွန်းခဲ့ပြီး ဘယ်ဘက်လက်ကိုလည်း ဓားဖြင့် ၁၃ ချက်ခန့်မွန်းခဲ့ကာ မလေးရှားရင်းဂစ် ၂၂၀ နှင့် ဖုန်းတလုံးကို တိုက်ယူခဲ့သည်။

“တက္ကစီသမားတွေနဲ့ ပတ်သက်ပြီးတော့ဒါက ကျနော်အတွက် နာကျင်စရာကောင်း ဒုတိယအကြိမ် အတွေ့အကြုံပါဘဲ၊ ပထမအကြိမ်က ဧပြီလ Putrajaya ကနေ Kota Rayaကို သွားတုန်းက တက္ကစီသမားနဲ့ သူ့သူငယ်ချင်းဆီက ခရီးစဉ် အတွက် ရင်းဂစ် ၂၀၀ တောင်းခဲ့တယ်” ဟု သူက ပြောသည်။

“ကျနော်နဲ့ သူငယ်ချင်းက အဲသလောက်ပိုက်ဆံမရှိဘူး ဆိုတာပြောတော့ သူတို့ကျနော်ဆီက နေရှာပါတယ် နောက်ပြီးတော့ ရဲတွေဆီကို ပို့ဖို့ ခြိမ်းခြောက်တယ်၊ သူတို့တွေဆီမှာ ဓားတွေကို မြင်တော့ ကျနော်တို့ သူတို့လိုချင်တာ အားလုံးပေးလိုက် ရတယ်” ဟု သူက ဆက်ပြောသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဒုတိယ တရားခံတဦးက Cherasမှ Kota Rayaသို့ မနက် ၄နာရီခွဲ သွားသည့် အခါ အဖြူနှင့် အစိမ်းရောင် တက္ကစီက တရုတ်တန်း လမ်းကြားတွင် ရပ်ပေးခဲ့သည်ဟု ဆိုသည်။ ယင်းနောက် ကားပေါ်မှ ဆင်းကာ ပိုက်ဆံပေးသော်လည်း တစုံတရာမယူပဲ သူကိုထားသွားကြောင်း ပြောပြသည်။

မကြာမီအချိန်တွင် လူ ၃ ဦးရောက်လာပြီး ခါးကို ဓားဖြင့်ထောက်ကာ သူ၏ အိန်ကို စတင်ရှာဖွေ၍ ရင်းဂစ် ၃၀၀ကို ယူသွားကြောင်း၊ သူက ဖုန်းနှင့် ပိုက်ဆံ အနည်းငယ်ကို ယူရန် ပြောသောအခါ ယင်းလူ ၃ဦးက သူကို ကန်ကြောက် ရိုက်နှက်ကြောင်း ပြောသည်။

“ဒီလို မလုံခြုံ ကြောက်စရာကောင်းတာကို ဒီမှာနေတဲ့ လေးနှစ်လုံး တခါမှမခံစားရဖူးဘူး” ဟု သူက ပြောသည်။

တက္ကစီကားပေါ်ရှိ ဒရိုင်ဘာနှင့် ပတ်သက်သော အထောက်အထားတစုံတရာမျှ သတိထားမိခြင်းမရှိဟု ဓားစာခံ ၂ ဦးစလုံးက ပြောသည်။

Tenaganitaက တက္ကစီ အဖွဲ့အစည်းများ အားလုံးထံသို့ စာပေးပို့မည်ဖြစ်ကြောင်း သို့သော်လည်း ဒုက္ခသည်များ၏ အခြေအနေအရ ရဲထံသို့ တိုင်ကြားရန်ကို သေချာစွာ စဉ်းစား ဆင်ခြင်နေသည်ဟု သူက ဆိုသည်။


အမှုဆောင် ညွန်ကြားရေးမှူး Irene Fernandezက ယခုကဲ့သို့ တက္ကစီသမားများ၏ ပြုကျင့်မှုသည် ဒေသခံနှင့် နိုင်ငံခြားသားများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ပြောသည်။

“လုယက် ထွက်ပြေးတဲ့ တက္ကစီသမားဟန်ဆောင်ထားတဲ့ လုယက်သူနဲ့ သူခိုးတွေရဲ့ အရေးက အရေးပေါ် ဖြစ်လာပါပြီ၊ အဲသလိုလူတွေကို နှိမ်နှင်းဖို့ သတိရှိဖို့လိုပါတယ်၊ တက္ကစီတွေကို သယ်ယူပို့ဆောင်ရာမှာ လုံခြုံမှု နည်းလမ်းအဖြစ် မြင်နေတဲ့ ပုံရိပ်ကို ကယ်တင်ဖို့လိုပါတယ်” ဟု သူမက ပြောသည်။

Fernandez လမ်းပန်းဆက်သွယ်ရေး ဌာနနှင့် ရဲများကို တက္ကစီသမားများနှင့် ပတ်သက်၍ တင်းကြပ်စွာ ကြီးကြပ်ပေးရန် တောင်းဆိုသည်။

“အတိုက်ခံရတဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့သူတွေက လျော့ရဲရဲနဲ့ အရမ်းသက်ညှာနေသလား၊ ခရီးသွားတွေရဲ့ လုံခြုံမှုက အဓိက ကျတဲ့ အတွက် မဆင်မခြင်မပြုသင့်ဘူး” ဟု သူမက ပြောသည်။

တက္ကစီ ကားအတွင်း မိမိကိုယ်ကိုယ်ကာကွယ်ရန် မဟုတ်သော ဓားစသည့် လက်နက်အဖြစ်အသုံးပြုနိုင်သည့် ပစ္စည်းများ ဆောင်ယူခြင်းကို တားမြစ်သင့်တယ်ဟု Fernandez က ဆိုသည်။

“လိုင်စင်ထုတ်ပေးတဲ့ အခါမှာလည်း အာဏာပိုင်တွေက သေချာသုံးသပ်သင့်တယ်၊ ဒီလိုပြဿနာတွေက စောင့်ကြည့်ဖို့ ခက်ခဲပါတယ်၊ ဒီလို ထိခိုက်လွယ်တဲ့ အသိုင်းအ၀န်းနေထိုင်နေတဲ့ ပတ်ဝန်းကျင်နားမှာ မနက် အစောပိုင်းဆွဲနေတဲ့ တက္ကစီတွေကို စောင့်ကြည့်ရာမှာ ထိရောက်တဲ့နည်းလမ်းတွေကို ဆောင်ရွက်နိုင်ဖို့ ဒုစရိုက်တားမြစ်ရေး ဖောင်ဒေးရှင်းက လုပ်ဆောင်သင့်ပါတယ်” ဟု သူမက ပြောသည်။

သူရိယသတင်းဂျာနယ်

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။