Home » » ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် မြန်မာသို့ ပြန်လာသူ နေ့ စဉ် တစ်ရာကျော်ခန့် ရှိ

ထိုင်းနိုင်ငံ ရေကြီးမှုကြောင့် မြန်မာသို့ ပြန်လာသူ နေ့ စဉ် တစ်ရာကျော်ခန့် ရှိ

Written By မောင်စေတနာ on Saturday, October 22, 2011 | 11:30:00 AM


မြန်မာရွှေ့ပြောင်းလုပ်သားများ မြ၀တီနယ်စပ်သောင်းရင်းမြစ်တစ်ဖက်ကမ်းမှ ပြန်လာစဉ်

ထိုင်းနိုင်ငံအတွင်း သွားရောက် လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ ၀င်ရောက် လုပ်ကိုင်နေကြသည့် အလုပ်ရုံစက်ရုံများ ရေနစ်မြုပ်မှုကြောင့် မဲဆောက်-မြ၀တီလမ်းမှတစ်ဆင့် နေရပ်မြန်မာနိုင်ငံ သို့ ပြန်လာသူ နေ့စဉ်တစ်ရာ ကျော်ခန့်ရှိကြောင်း သိရသည်။

စက်ရုံအလုပ်ရုံနေရာရေနစ်မြုပ်၍ အလုပ်ရက်ရှည်နားနေရကာ မိဘနေရပ်သို့ ပြန်လာသူများအနက် တရားဝင်စာအုပ်ဖြင့် ပြန်လာသူများထက် မိမိကိုယ်ကိုအဖမ်းခံကာ အချုပ်ကားဖြင့်လာခဲ့သူက ပို၍များကြောင်း သိရသည်။

''ဒီဂိတ်က ပြန်လာသူမနက်နဲ့ညနေဆိုရင် တစ်နေ့လူတစ်ရာကျော်ပါတယ်။ အကုန်လုံးကတော့ ပတ်စ်ပို့မရှိလို့ အဖမ်းခံပြီးလာတာချည်းပါပဲ။ မြ၀တီဖက်ကမ်းမှာ လာကြိုမယ့်မြို့ခံကဂိတ်ထဲမှာ စာရင်းပေးရတယ်။ အခုထိုင်းမှာ ရေကြီးလို့ပြန်လာနေကြ တာ တစ်ပတ်ခန့်ရှိနေပါပြီ'' ဟု ဂိတ်အနီးနေသူတစ်ဦးက ပြောကြားသည်။

''ကျွန်တော်တို့အလုပ်ရုံနေရာ ရေနစ်မြုပ်လို့အလုပ်ပိတ်ထားတော့ သူငယ်ချင်းတွေ၊ မိသားစုတွေ တော်တော်များများ ပြန်ခဲ့ကြပါတယ် တခြားနေရာကလူတွေလည်း ပြန်ခဲ့ကြပါတယ်'' ဟု ထိုင်းနိုင်ငံ အယုဒ္ဓယမြို့မှ ပြန်လာသူတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သွားရောက်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား ရေဘေးဒုက္ခကြုံနေကြရပြီး မဲဆောက် - မြ၀တီလမ်းမှ နေ့စဉ်တစ်ရာကျော်ခန့် နေရပ်သို့ပြန်လာနေကြောင်း သိရသည်။

Source by :http://www.first-11.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။