Home » » ၂၀၁၂ ဧပြီလအထိ ရှိုးပွဲလေးပွဲသာ သီဆိုရန် စိုင်းစိုင်းခမ်းလှိုင် စီစဉ်ထား

၂၀၁၂ ဧပြီလအထိ ရှိုးပွဲလေးပွဲသာ သီဆိုရန် စိုင်းစိုင်းခမ်းလှိုင် စီစဉ်ထား

Written By မောင်စေတနာ on Thursday, October 27, 2011 | 12:30:00 AM



အဆိုတော် စိုင်းစိုင်းခမ်းလှိုင် သည် ၂၀၁၁ နှစ်ကုန်ပိုင်းမှ ၂၀၁၂ ဧပြီလအထိ ရှိုးပွဲလေးပွဲသာ သီဆိုရန် စီစဉ်ထားပြီး ရုပ်သံရိုက်ကူးရေး အစီအစဉ်များ ပါဝင်မည် မဟုတ်ကြောင်း သိရှိရ သည်။

“နှစ်ပေါင်းများစွာ လက်တွဲ လုပ်ကိုင်လာခဲ့တဲ့ ဘိုဘိုအင်တာတိန်းမန့်နဲ့ ဒီတစ်နှစ်ရဲ့ဘယ်အချိန်တွေမှာ ရှိုးပွဲလုပ်မယ်၊ ဘယ်နှပွဲပဲ လုပ်မယ်ဆိုတာမျိုး ကြိုတင်ညှိနှိုင်း ထားပြီးသားပါ။ ကျွန်တော်ဆိုစရာ သီချင်းတွေကလည်း ဒီသီချင်းတွေ ပဲ ဖြစ်သလို ပါဖောမန့်စ်ပိုင်းကလည်း ထူးခြားဆန်းသစ်တဲ့ စိတ်ကူး ဆိုတာ အမြဲမရှိနိုင်ဘူးလေ။ နောက်ပြီး ထူးခြားတဲ့တင်ဆက်မှုမျိုးရှိတဲ့ ပွဲမျိုးကိုပဲ ရုပ်သံရိုက်ကူးဖြစ်မှာပါ။ တစ်နှစ်မှာ ခုနစ်ပွဲပဲလုပ်တာကိုတော့ ခုနစ်ပွဲလုံးရုပ်သံရိုက်ကူး ထုတ်လွှင့်နေမှာမျိုးတော့ မဟုတ်ပါဘူး”ဟု စိုင်းစိုင်းခမ်းလှိုင်က ရှင်းပြခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင် သည် ၂၀၁၂ ဧပြီလအထိ ရှိုးပွဲလေးပွဲသာ လက်ခံသီဆိုမည်ဖြစ်ပြီး ယင်းရှိုးပွဲများမှာ တန်ဆောင်တိုင် မြရိပ်ညိုဖျော်ဖြေပွဲ၊ ခရစ်စမတ်ဖျော်ဖြေပွဲ၊ နယူးရီးယား အင်းလျားလိတ် ဖျော်ဖြေပွဲနှင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဖျော်ဖြေပွဲ တို့ဖြစ်ကြောင်း သိရပါသည်။

Source by :http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။