Home » » အယုဒ္ဓယမြို့မှ ရေဘေးသင့် မြန်မာအလုပ်သမားများ အကူအညီ လိုအပ်နေ

အယုဒ္ဓယမြို့မှ ရေဘေးသင့် မြန်မာအလုပ်သမားများ အကူအညီ လိုအပ်နေ

Written By မောင်စေတနာ on Thursday, October 20, 2011 | 1:30:00 AM



ထိုင်းနိုင်ငံ မြောက်ပိုင်း အယုဒ္ဓမြို့ နယ်မြေအတွင်း ရေဘေးဒုက္ခ ကြုံနေရသည့် မြန်မာ အလုပ်သမားများ သောက်ရေ၊ ဆေးဝါးနှင့် အမျိုးသမီး အသုံးအဆောင်များ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

အယုဒ္ဓမြို့ ဘန်ဘေးအင် လမ်းမကြီးဘေးရှိ အင်ဒိုရပ်ကွက်ရှိ ROCK WORKK ပရိဘောက အလုပ်ရုံတွင် အလုပ်သမား (၄၀)ကျော်၊ လုံဖရံ ဘန်လဌာနီ စွယ်နောင်ဒဲန်းရှိ အတောင့် ကုမ္ပ္ပဏီမှ အလုပ်သမား (၁၅၀)ကျော်၊ အယုဒ္ဓမြို့ မူဘန့်ဒီဒီ အရပ်ရှိ သံထည် အလုပ်ရုံမှ အလုပ်သမား (၃၇)ဦး၊ တလာ ကျောက်ဖုန်း အနောက်ဘက် လမ်းသွယ်(၁) ရှိ တရုတ် ဘုံကျောင်းတွင် (၁၀၀)ကျော်၊ ၀န်ခမ်းရပ်ကွက် သုခ၀တီ အဆောင်နံပါတ် နန်းထိစောင် တိုက်အစိမ်းတွင် အလုပ်သမား (၅၀၀)ကျော် (စုစုပေါင်း အလုပ်သမား တစ်ထောင်ကျော်) အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ယနေ့ သွားရောက် အကူအညီ ပေးနေသည့် ဘန်ကောက်မြို့ ဘန်ဘော် ငါးသေတ္တာရုံ အနီးရှိ ယာယီစံကျောင်းမှ မြန်မာ ဘုန်းတော်ကြီး နှစ်ပါးက မိန့်သည်။

သွားရောက် အကူအညီပေးနေသည့် ဘုန်းတော်ကြီး နှစ်ပါးနှင့် အလုပ်ရုံမှ အလုပ်သမားများ ပြောပြချက်အရ သောက်ရေ၊ ဖျားနာ ကိုက်ခဲဆေးဝါး၊ အစာခြောက်၊ ဖယောင်းတိုင်နှင့် အမျိုးသမီး အသုံးအဆောင်များ အပူတပြင်း လိုအပ်နေကြောင်း သိရသည်။

ဘန်ကောက်မြို့ ဘန်ဘော်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များအပြင် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်းတို့ ကလည်း ကူညီရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။