Home » , » မလေးရှား မင်းသမီး တိုင်ယာရာ ဂျက်ကွေလီနာ

မလေးရှား မင်းသမီး တိုင်ယာရာ ဂျက်ကွေလီနာ

Written By မောင်စေတနာ on Wednesday, October 12, 2011 | 11:07:00 PM


တိုင်ယာရာဂျက်ကွေလီနာသည် မလေး ရှားနိုင်ငံ၏ အထင်ကရ အောင်မြင်ကျော်ကြားသော မင်းသမီးဖြစ်ပြီး ရုပ်ရှင် ထုတ်လုပ်သူတစ်ဦးလည်း ဖြစ်သည်။သူမသည်Puteri Gunung Ledang ဇာတ်ကားဖြင့် အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့ပြီး ရုပ်ရှင်နှင့် အော်ပရာ ဇာတ်သဘင်များတွင် ထင်ရှား သော သရုပ်ဆောင်တစ်ဦးဖြစ်သည်။

တိုင်ယာရာသည်ဗမာသွေးပါသူ တစ်ဦး ဖြစ်ပြီး ၁၉၆၇ ခုနှစ်အောက်တိုဘာ ၃ ရက်နေ့တွင် ဗမာ+တရုပ်ကပြား ဖခင်နှင့်အင်ဒိုမိခင်တို့မှ ကွာ လာလမ်ပူမြို့တွင်မွေးဖွားခဲ့သည်။ တိုင်ယာရာသည် ကျောင်းနေစဉ်အရွယ် ကတည်းကပင် စင်တင်ဖျော်ဖြေမှုများဖြင့် ရင်းနှီး ကျွမ်းဝင်ခဲ့သည်။ ထို့မှတဆင့် ဇာတ်သဘင်အသိုင်း အ၀ိုင်း၊ စာပေအသိုင်းအ၀ိုင်းများတွင် ကျင်လည်ခဲ့ ပြီး ရုပ်ရှင်အသင်းအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်ခဲ့သည်။ သူမသည် ရုပ်ရှင်အနုပညာထဲသို့ ၁၉၈၈ ခုနှစ်တွင် အစောဆုံး ပါဝင်လာခဲ့သည်။ ၁၉၉၅ခုနှစ်တွင် ၈၈ အရေးအခင်းနှင့် မြန်မာပြည်အကြောင်း ရိုက်ကူး ထားသော Beyond Rangoon ဇာတ်ကား၌အ ကယ်ဒမီဆုရမင်းသားF rances Mc Dormand နှင့် အတူတွဲဘက်၍ ဟိုတယ်စာရေးမလေး]စန်းစန်း} အဖြစ် သရုပ်ဆောင်ခဲ့သည်။

(ထူးခြားသည်မှာ မကြာမီက မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဟောလိ ၀ုဒ်မှရိုက်ကူးသော]the lady ရုပ်ရှင် ဇာတ်ကား တွင်ဒေါ်အောင်ဆန်းစုကြည်အဖြစ် မလေးရှားနိုင်ငံ သူ ကမ္ဘာကျော်မင်းသမီး မစ်ရှဲဝီ ကလည်း ပါဝင် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်�)

ထိုနှစ်တွင်ပင် မလေးရှားရုပ်ရှင်ပွဲတော်၌ Ringgit Kasorrga ဇာတ်ကားဖြင့် အကောင်း ဆုံးသရုပ်ဆောင်မင်းသမီး ဆုရရှိခဲ့သည်။ ထိုဇာတ် ကားမှာ နိုင်ငံရေးသမား တစ်ဦးနှင့်မော်ဒယ်မလေး တို့၏လိင်မှုအရှုပ်အထွေးကို အခြေပြုရိုက်ကူးထား သောလူမှုရေးဒရာမာ ဇာတ်ကားဖြစ်သည်။

၂၀၀၄ ခုနှစ်တွင်မူPuteri Gunung Ledang ဇာတ်ကားဖြင့် Asia-Pacific Film Festival ကပေးသောအကောင်းဆုံးမင်းသမီးဆု၊ Asian First Film Festival ကပေးသော အ ကောင်းဆုံးထုတ်လုပ်သူဆု၊ Malaysian PPFM Oscars 2005 ၂၀၀၅၏အကောင်းဆုံးမင်းသမီးနှင့် ထုတ် လုပ်သူဆုများကိုဆွတ်ခူးရရှိခဲ့ပြီး ဇာတ်ကားအနေနဲ့ စုစုပေါင်း ၁၁ ဆုရရှိခဲ့သည်။

ထိုဇာတ်ကားသည် ၂၀၀၄ ခုနှစ် အ ကယ်ဒမီဆုပေးပွဲ၏ အကောင်းဆုံးနိုင်ငံခြား ဘာသာစကားပြော ရုပ်ရှင်စာရင်းတွင် နံပါတ် ၄၉ ချိတ်ခဲ့သည်။တိုင်ယာရာသည် အောင်မြင်မှုရခဲ့သော ထိုဇာတ်ကားအား Puteri Gunung Ledang: The Musical အဖြစ် ဇာတ် သဘင်အော်ပရာအသွင်ပြောင်းခဲ့ရာတွင် လည်း အထူးအောင်မြင်မှုရခဲ့သည်။ ဇာတ်စင်အပြင်အဆင်၊ ဒီဇိုင်း၊ စ လိုက်မီး၊ အသံ၊ ဂီတစသဖြင့် အ ဘက်ဘက်မှ အကောင်းဆုံးအလိုက် ဖက်ဆုံးတင်ဆက်မှုကြောင့် ပရိသတ် က ရွေးချယ်ပေးသော ဆု ၈ခုရရှိခဲ့ သည်။ မလေးရှားတွင် ၃ကြိမ်ကပြအ သုံးတော်ခံခဲ့ပြီး စင်ကာပူတွင် ၁ကြိမ် တင် ဆက်ကပြခဲ့ရသည်။

၃ကြိမ်မြောက်ကပြ သောညတွင် ရုံဝင်လက်မှတ်များမှာ ပထမ အဖွင့်ညမှာပင် အကုန်ရောင်းထွက်ခဲ့သည် အထိအောင်မြင်မှုရရှိခဲ့သည်။ အလားတူ ၂၀၀၇ ခုနှစ်တွင်လည်း ဏ.ျွောူနန အ့န ကျြငခေူ စင်တင်ကဇာတ်ကို စီစဉ်တင်ဆက်ခဲ့ပြီး အကောင်းဆုံးဒါရိုက်တာ၊ အ ကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုများ အပါအ၀င် ပရိသတ်ကြိုက်ဆုံးဆု ၆ခုရှိခဲ့သည်။

အိမ်ထောင်ရေး သူမ၏ ခင်ပွန်းသည်မှာ ဆီရာဝပ်ပြည် နယ်မှ အထင်ကရ စီးပွားရေးသမား တစ်ဦးဖြစ်ပြီး ယခင် မလေးရှား ၀န်ကြီးချုပ်ရုံးဝန်ကြီးနှင့် အထက် လွှတ်တော် အမတ်တစ်ဦးဖြစ်သူဒါတိုစရီမိုဟာမက် အိရ်ဖန်ဒီနော်ဝါ၀ီဖြစ်သည်။

ခင်ပွန်းသည်မှာ ဒါတိုစရီဖြစ်သည့် အလျောက် သူမသည်လည်း ဂုဏ်ထူးဆောင်ဘွဲ့ ]ဒါတင်စရီ}ရရှိခဲ့သည်။ ထို့ပြင် တိုင်ယာရာသည် သစ်လွင် မွတ်စလင် တစ်ဦးဖြစ်သည်။ သူမတွင် ပထမ အိမ်ထောင်ရှိပြီး ကျော်ကြားသော မင်းသားဟနီ မွတ်ဟ်ဆင်ဖြစ်သည်။ မင်းသားနှင့်၁၉၉၃ တွင် လက်ထပ်ခဲ့ပြီး ၁၉၉၈ခုတွင် ကွာရှင်းခဲ့သည်။ သူမသည် ကလေးနှစ်ဦး၏ မိခင်ဖြစ်သည်။

ခြေလှမ်းသစ် တိုင်ယာရာသည် ၇ နှစ်နီးပါး ပြဇာတ် ဖြင့် အောင်မြင်မှုသရဖူကို ထိန်းသိမ်းလာနိုင်ခဲ့ပြီး နောက်ပိုင်းလာမည့် စက်တင်ဘာ ၂၉ ရက်တွင် ]နိုရာ၏လျှို့ဝှက်သော ဘ၀အကြောင်း}ဟု အဓိပ္ပာယ်ရသည့်]The Secret Life of Nora} အမည်ရှိအော်ပရာဇာတ်ဖြင့် စတိတ်ပေါ်သို့ ပြန် လည်ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါဇာတ်တွင် သူမကမမျှော်လင့်ဘဲ စပိုင်ဖြစ်သွားသူ]နိုရာ}အဖြစ် ခေါင်းဆောင် မင်းသမီးနေရာက ပါဝင်သရုပ်ဆောင် မည်ဟုသိရသည်။

ထင်ရှားကျော်ကြားသောမ လေးရှားအနုပညာရှင်များဖြစ်သည့် အဘီဒါဟ် နှင့်အဇ်နီလ်န၀ါဝီတို့ကလည်း သူမ၏အော်ပရာ တွင်ပါဝင်လာမည်ဖြစ်ရာအဘီဒါဟ်က ]နိုရာ}၏သူ ငယ်ချင်းခတီဂျာအဖြစ်လည်းကောင်း၊ အဇ်နီလ်န ၀ါဝီက]နိုရာ}အား တိတ်တခိုးစွဲလမ်းနေ သောသူ အဖြစ်လည်းကောင်းသရုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဘရော့ဒ်ဝေးမှ ရောက်ရှိလာသော မင်းသား ရိုင်ယန်ဆီလ်ဗားမန်းက ခေါင်းဆောင် မင်းသားဖြစ်ပြီး ]နိုရာ}နှင့် ချစ်ကြိုးသွယ်သူ စပိုင် အဖြစ်သရုပ်ဆောင်မည်ဖြစ်သည်။ အဆိုပါ အော်ပရာဂီတဇာတ်ပွဲကို စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁၆ရက် နေ့အထိကွာလာလမ်ပူ၊ျှုအညေေ ကြိပေေ၌ ဖျော်ဖြေ အသုံးတော်ခံမည်ဖြစ်ကြောင်းသိရှိရသည်။

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။