Home » » ဟာနန်ဒက်ဇ်ရဲ့ ဒါဘီပွဲကြို ရင်ခုန်သံ

ဟာနန်ဒက်ဇ်ရဲ့ ဒါဘီပွဲကြို ရင်ခုန်သံ

Written By မောင်စေတနာ on Monday, October 24, 2011 | 8:00:00 PM


ဟာနန်ဒက်ဇ်ရဲ့ ဒါဘီပွဲကြို ရင်ခုန်သံ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျာဗီးယား ဟာနန်ဒက်ဇ်ဟာ ဒီနေ့ကစားမည့် မန်ချက်စတာဒါဘီပွဲမှာ ဂိုးသွင်းယူနိုင်ဖို့ ဆန္ဒရှိနေသည်။ အထူးသဖြင့် အမှတ်ပေးဇယားမှာ ဦးဆောင်နေသည့် မန်စီးတီးအသင်းကို အနိုင်ယူလိုက်နိုင်ရင် အသင်းအတွက် အရေးပါသည့် တန်ဖိုးကြီး ရမှတ်များဖြစ်ကြောင်း ဟာနန်ဒက်ဇ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဟာနန်ဒက်ဇ်က “ကျနော်တို့ စိတ်ဝင်စားနေတာက ဒီပွဲကို အနိုင်ရဖို့ပါပဲ။ ဒီပွဲက ဒါဘီပွဲ ဖြစ်နေလို့မဟုတ်ပါဘူး။ ဒီပွဲက ရလာမယ့် ရမှတ်ဟာ တန်ဖိုးကြီးတဲ့ ရမှတ်တွေမို့ပါပဲ။ အနိုင်ရလိုက်မယ်ဆိုရင် စီးတီးရဲ့ အထက်ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပြီး နောက်ထပ် ပရီးမီးယားချန်ပီယံဆုတစ်ဆုကို ရရှိဖို့ တိုက်ခိုက်ရမယ့် လမ်းကြောင်းမှာ အကူအညီ ဖြစ်စေမှာမို့ပါ။ ဒီပွဲဟာ ကျနော်တို့အတွက်၊ အားပေးသူ ပရိသတ်များအတွက် သိပ်အရေးကြီးတဲ့ပွဲဆိုတာ ကျနော်တို့ ကောင်းကောင်းသိပါတယ်။ ပွဲအပြီးမှာ ပျော်ရွှင်စွာ အဆုံးသတ်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

“ဒါ မန်ချက်စတာ ဒါဘီပွဲပါ။ ကစားကွင်းထဲကို လာရောက်အားပေးမယ့် ပရိသတ်တွေအတွက်တော့ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဒါဘီပွဲတစ်ခုပါပဲ။ ဥပမာတစ်ခုအနေနှင့် ရိုးသားစွာ ပြောရရင် မက္ကဆီကိုမှာ ဒါဘီပွဲတွေရှိပေမယ့် ပရိသတ်တွေအတွက် ဒီလို ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ မန်ချက်စတာဒါဘီကတော့ တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ ကြီးကျယ်လာပါပြီ။ သိပ်ကို ထူးခြားတဲ့ ကစားပွဲတစ်ခုပါ။” ဟု United Review သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။