Home » , » ဘင်ခရာတီးဝိုင်း ခေါင်းဆောင်မှ ၀န်ကြီးချုပ်သို့ (သို့မဟုတ်)ယင်လပ်ရှင်နာဝပ်ထရ၏ နိုင်ငံရေးခရီး

ဘင်ခရာတီးဝိုင်း ခေါင်းဆောင်မှ ၀န်ကြီးချုပ်သို့ (သို့မဟုတ်)ယင်လပ်ရှင်နာဝပ်ထရ၏ နိုင်ငံရေးခရီး

Written By မောင်စေတနာ on Saturday, September 3, 2011 | 12:10:00 PM



အခုထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်ဖြစ်လာ သူဟာ နိုင်ငံရေးတော့ လူသစ်တစ် ဦးဖြစ်ပေမယ့် စီးပွားရေး လောကမှာတော့ လူသိများပြီး ပုဂ္ဂိုလ်တစ်ယောက်ဖြစ် ပါတယ်။ အခုထိုင်း သတင်းထောက် နာမယ်ဂို့ရှ် က ယင် လပ်ရှိနာဝါထရာရဲ့ အကြောင်း လေ့လာရေးသားထားတာ ထိုင်းနိုင်ငံ ထုတ်ဆန်း ဒေးတိုင်းသတင်းစာ မှာတွေ့ရပါတယ်။

ဒီသတင်းစာ မှာ ဓာတ်ပုံ(၃)ပုံကိုဖော်ပြထားတယ်။ ပထမဆုံးပုံကတော့ သူမချင်းမိုင်မြို့ အထက်တန်းကျောင်းသူ ဘ၀က ဘင်ခရာတီးဝိုင်း ၀တ်စုံနဲ့ကျိုင်း ကို ကိုင်ပြီးရိုက်ထား တဲ့ပုံဖြစ်ပါ တယ်။ နောက်တစ်ပုံကတော့ ၁၉၈၈ခုနှစ် လောက်က ချင်းမိုင်မြို့ရောက်စုံ ပန်းပွဲတော်၊ သစ်ခွပန်းတွေကြားမှ ရွှေချထားတဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ပုံဖြစ်တယ်။ ဒီဓာတ်ပုံကတော့ ထိုစဉ်က ချင်းမိုင်မြို့ တော် ကောင်စစ်ဝန်ဖြစ်တဲ့ သူမရဲ့အမယောင်ဝါပါ ကို ကူညီ ဆောင်ရွက်ပေးစဉ်ရိုက်ကူးခဲ့တာဖြစ်တယ်။

တတိယပုံကတော့ ဇွန်(၂၁) ရက်ကမှ ရိုက်ကူးထားတဲ့သူမရဲ့ခင်ပွန်းအခု ဆွန်အမ်ပိုချက်သားငယ်ဆူပါ ဆက်တို့နဲ့အတူ ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ သူမဟာ အသက် (၄၄)နှစ်အ ရွယ်ရှိပြီး သူမကိုစမတ်ကျလှတဲ့ အလုပ်ခွင်ဝတ်စုံနဲ့တွေ့ရလေ့ရှိတယ်။

ပြီးခဲ့ တဲ့အပတ်အတွင်းကပဲ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ၊ ဓာတ်ပုံစားလှသော ထိုင်းနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။ ဒါပေမယ့် ငယ်စဉ်ကသူမနေထိုင်ခဲ့ရာ ချင်းမိုင်ပြည်နယ် အထက်တန်း ကျောင်းအုပ်ကြီးကတော့ သူမကိုအကျင့်စရိုက်ကောင်းမွန်တဲ့ ကျောင်းသား တစ်ယောက်အဖြစ်အမှတ်ရနေတုန်းပါ။

သူမဟာ ကျောင်းတွင်းလှုပ်ရှားမှုများ နဲ့ပတ်သက်ရင် ကာယလေ့ကျင့်ခန်းများမှအစ၊ ပြဇာတ်များကတဲ့အထိ စိတ် အားထက်သန်စွာ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ သူမရဲ့မိသားစုမှာ (၉)ယောက် မြောက်အငယ်ဆုံးသမီးဖြစ်တဲ့ ယင်လပ်ဟာ သူ့အတန်းထဲမှာလဲ အဖိုးတန် ကျောင်းသားတစ်ဦးဖြစ်သလို ကျောင်းသားများ ကော်မတီမှာလည်း ပုံမှန်အ ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တယ်။

တစ်ကြိမ်မှာ သူမဟာ ချင်းမိုင်မှာ ကျင်းပ လေ့ရှိတဲ့ အလှပြတန်းစီ လှည့်လည်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်။ အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ဟန်ပန်ကြောင့် ကျောင်းတွင်း အားကစားပြိုင်ပွဲတွေမှာ အသင်းခေါင်းဆောင် အဖြစ်အလံကိုင် ချီတက်ရလေ့ရှိတယ်။

အစ်ကိုကြီးသက်ဆင်ရဲ့ အုပ်ထိန်းမှု

ထိုင်းမီဒီယာ ရဲ့ သူမနဲ့ပတ်သက်တဲ့ မကြာသေး မီကထုတ်ဝေတဲ့ အိပ်ဆောင်စာအုပ်ငယ်မှာ သူမမွေးဖွားချိန်မှာ အသက်(၁၈)နှစ် အရွယ်ရှိပြီဖြစ်တဲ့ သက်ဆင်ဟာ ထိုင်းလက်နက်ကိုင် တပ်များ အကယ်ဒမိ ၀င်အဖွဲ့ဝင်ခွင့် အကြိုသင်တန်းကျောင်းမှာတက်နေတဲ့ အချိန်လို့ဆိုပါ တယ်။ အဲဒီအချိန်က သူတို့အိမ်ရဲ့စီးပွားရေးဟာ အကောင်းကြီးမဟုတ်သေးပါဘူး။ သက်ဆင် တို့မောင်နှမ တွေ ငယ်စဉ်က သူတို့မိဘနှစ်ပါးဟာ ချင်းမိုင်ဈေးထဲမှာ သစ်သီးရောင်းတာပါ။ ဒီအတွေ့အကြုံတွေက သက်ဆင်နဲ့ယခုယင်လပ်တို့အ တွက် သာမန်ပြည်သူတွေနဲ့ ဆက်ဆံရာ မှာ ပိုမိုလွယ်ကူအဆင်ပြေစေခဲ့တာ ဖြစ်နိုင်ပါတယ်။

နောက်ပိုင်းမှာ သက်ဆင်ဟာ သူ့ညီမအငယ်ဆုံးကို ပွေ့ချီထားရပါတယ်။ သူပြောတာက ““အမေဆုံးသွားတဲ့ အချိန်မှာ ကျွန်တော်စီးပြွးရေးစလုပ်ပါတယ်။ အဆင်မပြေးသေးပါဘူး။ အမေမဆုံးခင်ကျွန်တော်တို့ကိုမှာတယ်။ ညီတွေ၊ ညီမတွေကို ဂရုစိုက်ဖို့ပေါ့။ အထူးသဖြင့် ပင်နဲ့ပိုး ဏော ညေိ ဏသက သာဆာနီနှင့် ယင်လပ်ကိုပြောခြင်းဖြစ်သည်။ သက်ဆင်ကသူ၏ မှတ်စုဟာအုပ်ကို ထုတ်ပြီး ကိုးကားပြောဆိုပါသည်။ ဒီစာအုပ်ထဲမှာ သူ့ညီမဘ၀ကို မြှင့်တင်ပေးရန် ရှင်းရှင်းလင်းလင်းရေးသားထားတဲ့ အစီအစဉ်တွေပါဝင်ပါတယ်။

မစ္စယင်လပ် က ချင်းမိုင်တက္ကသိုလ်ကနေ ပထမဒီဂရီကိုနိုင်ငံရေး၊ သိပ္ပံ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဘာသာရပ်တွေနဲ့ရပါတယ်။ သက်ဆင်က သူမကိုအ မေရိကန်၊ ကင်တပ်ကီပြည်နယ် တက္ကသိုလ်ကိုပို့ပေးပါတယ်။ အဲဒီကျောင်းမှာ သူမဟာ ပြည်သူ့ ရေးရာစီမံ ခန့်ခွဲမှုဘာသာရပ်နဲ့ပဲ မဟာဝဇ္ဇာဘွဲ့ရပါတယ်။ အမေရိကန်မှ ပြန်လာပြီးနောက် သူမဟာ ရှင်နာဝါထရာလမ်းနဲ့ ကြောငြာ လုပ်ငန်း ထုတ်ဝေရေးမှာလုပ်ခဲ့တယ်။ သူမရဲ့အလုပ်ကြိုးစားမှု ကို သက်ဆင်ကအသိအမှတ်ပြုခဲ့တယ်။ နောက်ပိုင်းသက်ဆင်ရဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး။ ဒီလုပ်ငန်းကြီးတစ် ခုလုံးကို စင်ကာပူတီမာဆက်ဟိုးလ်ဒင်းကို ရောင်းချခဲ့တဲ့အချိန်မှာ သူမဟာ မန်နေးဂျင်းဒါရိုက်တာအဆင့်ကို ရောက်နေပါပြီ။

မိသားစုဘဝ

၁၉၉၅ မှာ သူမဟာ အမေရိကန်မှာ ကျောင်းတက်ရင်း တွေ့ဆုံခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင် အနုဆွန်အမ်ပိုချက်နဲ့လက်ထပ်ခဲ့တယ်။ သူရဲ့ အဆိုအရ သူမဟာ ခင်ပွန်းလောင်းအပေါ် ကိန်းကြီး ခန်းကြီးမဟုတ်သော၊ အကြားအ ၀ါလေလုံးထွားခြင်းမရှိသော ပုံစံမျိုးကိုပိုနှစ်သက် တယ်လို့ဆို တယ်။ သူတို့ရဲ့ လက်ထပ်ပွဲကိုလည်း ယိုဒယားမှာသိပ်လုပ်လေ့မရှိတော့တဲ့ ရှေးရိုးပုံစံနဲ့လက် ထပ်ခဲ့တယ်။ အနုဆွန်ဟာြ-ူငညု အာရှကော်ပိုရေးရှင်းအတွက် မိုဘိုင်းဖုန်း ပစ္စည်းတွေ တင်သွင်းသူဖြစ်ပါတယ်။ ဒီကုမ္ပဏီမှာ ယင်လပ်ရဲ့အမဟောင်းဝါ ပါရဲ့ ရှယ်ယာ အများစုပါဝင်တယ်။ ယင်လပ်ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့က ကုမ္ပဏီရဲ့ရှယ်ယာ (၂၅)ရာခိုင်နှုန်းလောက်ဈေးမြင့်သွားခဲ့တယ်လို့ဆိုတယ်။ အခုဆွန်က ဒီကုမ္ပဏီရဲ့ ရာထူးက နေဇူလိုင်(၅) ရက်က ဆင်းပေးခဲ့တယ်။

သူမရဲ့အခင်မင်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်သူ ပွန်ဆူသမ်ဆာမိုင်က ယင် လပ်ကို သည်းခံမှုအရှိ ဆုံး ပုဂ္ဂိုလ်အဖြစ်ချီးကျူးပြောဆိုခဲ့သည်။ သူတို့ယင်လပ် ကို ဒီစကားလုံးနဲ့မကြာခဏ ရည်ညွှန်း ပြောဆိုကြ တယ် လို့ဆိုတယ်။ သူမဟာ ပေါ့ဂီတနဲ့ ဈေးဝယ်ထွက်ရတာတွေကို ကြိုက်တယ်။ ကာရာအိုကေသီဆိုရ တာလဲ ကြိုက်တယ်လို့ပွန်သမ်သာမိုင်က ပြောပါတယ်။

သူတို့ လင်မယား နှစ်ယောက်စလုံးက တစ်ဦးတည်းသော သားငယ်(၉)နှစ် အရွယ်ရှိ ဆွက်ပါဆက် အတွက် အချိန်အများကြီးပေးပြီး အရမ်းဂရုစိုက်ကြ တယ်။ သူတို့နှစ်ယောက်ဟာ ကလေးကို ကျောင်းသွား၊ ကျောင်းပြန်ကားနဲ့ မောင်းပို့တယ်။ တနင်္ဂနွေလိုနေ့မျိုးမှာ အိမ်မှာ သား အမိနှစ်ယောက် စန္ဒရားတီး ကြတယ်။ တစ်ခါတစ်ရံ ဂေါက်သီးလေ့ကျင့်ကွင်းသို့ သွားကြ တယ် လို့ဆိုတယ်။

မီဒီယာများရဲ့ ထူးဆွမှုများ

သူမကို ဗျူထိုင်းပါတီရဲ့ ကိုယ်စားလှယ်အမတ်လောင်းအဖြစ်စာရင်းသွင်း လိုက်ချိန်ကစလို့ မီဒီယာများက သူမအကြောင်း ပိုမိုလေ့လာဖော်ထုတ်လာ ကြတယ်။ ဒါပေမယ့် ကော်ပိုရေးရှင်း လောကမှာ တော့ သူမကိုသက်ဆင်ရဲ့ ရှင်ကော့ပ်(ှ့ငည ဃသသစ)ကုမ္ပဏီရောင်းလိုက်ပြီး နောက်ပိုင်း မိသားစုပိုင်အိမ်ခြံ မြေဖော်ထုတ်ရေး ကုမ္ပဏီကြီး ရဲ့ မန်နေဂျာ အ ဖြစ် သိနေကြပြီးဖြစ်ပါ တယ်။ ဒါအပြင် သူမဟာရှင်နာဝါထရာ မိသားစုရဲ့ ကုသိုလ်ဖြစ်ဖောင်ဒေးရှင်း မှာ လည်း တက်ကြစွာတာဝန်ထမ်းဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဂန္တ၀င်ဘော်လုံးသမားချာ်လ်စ်ဝပ်နဲ့ နည်းပြနူးတို့ ဦးစီးတဲ့ကုမ္ပဏီရဲ့ အစီအစဉ် တစ်ခုထဲမှာ ပါတဲ့ ကလေးဘောလုံးလေ့ကျင့်ရေး ကျောင်းကိုလည်း မကြာခဏ ရောက် လာတတ် တယ်။ ဦးထုတ်မပါ၊ နေကာ မျက်မှန်မပါနဲ့ ရုတ်တရက်ရောက်လာကာ၊ ပူလောင်ပြီး ချွေးတွေသန်တွေထွက် နေတဲ့ကလေးတွေကို ပွေ့ဖက်နှုတ်ဆက်တတ်တယ်လို့ဆိုတယ်။

သိုသိုသိပ်သိပ်နေတတ်ခြင်း

မစ္စယင်လပ်ဟာ သက်ဆင်ရဲ့ ၂၀၀၁ခုနှစ်မှ ၂၀၀၇ခုနှစ်လောက်အထိဖြစ် ပွားခဲ့တဲ့ ရှည်လျား လှတဲ့ ဥပဒေကြောင်းဆိုင်ရာ အငြင်းပွားမှုကာလအတွင်း သူမနှင့်အစ်ကိုသက်ဆင်ကြား ပတ်သက် ဆက်စပ်မှုကို အခါအားလျော်စွာ ဖော်ပြခံရမှုတွေရှိခဲ့တဲ့နောက်ပိုင်း အလွန်ကို သိုသို သိပ်သိပ် နေခဲ့တယ်လို့ ဆို တယ်။ သက်ဆင်ရဲ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့သူမကို တရားရုံး မှသက် သေထွက်ဆိုအစစ်ဆေးခံပြီးတဲ့နောက် ထွက်ပေါ်လာတဲ့သက်ဆင်နဲ့ပတ် သက်တဲ့ စာအုပ်နှစ်အုပ် မှာ တစ်လုံးတစ်ပါဒမှဖော်ပြခြင်းမခံရအောင်နေ နိုင်ခဲ့ တယ်။
သူမရဲ့ သူငယ်ချင်း များနှင့် ကျောင်းနေဘက်များရဲ့ပြောဆိုမှုအရ အလုပ် လုပ်နေရတာကိုနှစ်သက်တယ်။ ပြဿနာတွေကြောင့် စိတ်ပျက်သွားလေ့မရှိ ဘူး။ ဖိအားတွေကို တည်တည်ငြိမ်ငြိမ်၊ သွေးအေးအေးနဲ့ ရင်ဆိုင်နိုင်တယ်ဆို တယ်။

ရွေးကောက်ပွဲအတွက်လှည့်လည် စည်းရုံးတဲ့ကာလမှာ တစ်ရက်ကို(၄) နာရီလောက်ပဲအိပ်ရပြီး ပဲနီပေါင်မုန့်တွေကို အများကြီးစားပြီး ဘတ်စ်ကားနဲ့ လှည့်လည်ဟောပြောပါတယ်။ လှုပ်ရှားမှု ဒဏ်ကြောင့် အဖျားဝင်တဲ့ ဒဏ်ကိုကာ ကွယ်ဖို့ ခါးမှာဆေးခါးပတ်ကို ပတ်ထားရတယ် လို့သူမနဲ့ အတူ လှည့်လည်စည်း ရုံးရေးအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

အခြားပုဂ္ဂိုလ်များရဲ့ အဆိုအရသူမရဲ့နွေးထွေးမှုရှိသော၊ နှိမ့်ချရိုးကျိုးမှု ရှိသော၊ အောက်ခြေ အထိထိတွေ့မှုရှိသော အရည်အချင်းများကြောင့် သူမဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာလို့ပြောပါတယ်။ ““သူမဟာ စွမ်းဆောင်ရည် အလွန်ရှိပါတယ်။ လေ့လာသင် ယူမှုလည်းမြန် ပါတယ်။ ကိစ္စတွေကို အလျင်အ မြန်ဆုပ်ကိုင်နားလည်နိုင်တယ်။

လေကြီးမိုးကြီးတွေလဲမပြောပါဘူး။ နောက်ပြီး သူမမှာဟာသဉာာဏ်လည်းရှိပါတယ်လို့ ပြောတယ်။ သူမချင်းမိုင်တက္ကသိုလ် မှာ တက်စဉ်က စိတ်မ၀င်စားဆုံး ဘာသာရပ်က (အံအားသင်စရာကောင်း လောက်အောင်)နိုင်ငံရေးဘာသာရပ်ဖြစ်ပါသတဲ့။ သက်ဆင်ရဲ့ စာအုပ်ထဲမှာ လည်း သူနိုင်ငံရေးကိစ္စအကြောင်းပြောတဲ့အခါတိုင်း သူမဟာ စိတ်ဝင်စားမှု ပြခဲ့တာ သိပ်မရှိဘူးလို့တဲ့ရေးသားတယ်။

လက်သစ်နိုင်ငံရေးသမားလား

သူ့အပေါ်ဝေဖန်ချက်ကတော့ သူမဟာနိုင်ငံရေးအရ လူသစ်တန်းဖြစ်နေ တယ်။ တိုင်းပြည်ကို စီမံအုပ်ချုပ်နိုင်မှာ မဟုတ်ဘူးလို့ယူဆကြတယ်။ နောက် တစ်ချက်ကတော့ သူမဟာ သက်ဆင်ရဲ့ရုပ်သေးရုပ်လိုဖြစ်နေ နိုင်တယ်လို့ ယူဆကြတာဖြစ်တယ်။ ဒီလိုပြောဆိုချက်တွေကို မစ္စယင်လပ်ကပယ်ချခဲ့ပါ တယ်။ သူမဟာ နိုင်ငံရေးမိသားစုအတွင်း ကြီးပြင်းလာခဲ့ပုံနှင့် သက်ဆင်ကဲ့ သို့ပင် ပါလီမန်အမတ်တစ်ဦးဖြစ်တဲ့ သူ့အမေထံမှ သူမသင်ယူလေ့လာခဲ့ပုံများ ကိုပြောပြခဲ့တယ်။ သူမမှာသာ စွမ်းဆောင်နည်းမရှိခဲ့ဘူးဆိုရင် ရှင်းကော့ဗ်နှဲ့ဃ ဗျနညအ ကုမ္ပဏီကြီးတွေကိုလည်း လည်ပတ်အောင်လုပ်နိုင်ခဲ့မှာမဟုတ်ဘူး လို့ ပြောပါတယ်။

သူမဟာ နိုင်ငံရေးလောကထဲကို တာဝန်မဲ့ ၀င်ရောက်လာ တာမဟုတ်ကြောင်း လူထုအများအပြားရဲ့ ၀ိုင်းဝန်းတောင်းဆိုမှုအရ၀င်ရောက် လာတာဖြစ်ကြောင်း သူမနိုင်ငံရေးလောကအတွင်း ၀င်ရောက်လာခြင်းအတွက် စိုးရိမ်မှုတစ်ခုသာရှိကြောင်း၊ ၎င်းင်းမှာ သူမသားငယ်အတွက် အချိန်မပေးနိုင်မှာ ကိုဖြစ်ကြောင်း၊ ဒါပေမယ့် သူမတို့မိသားစုအနေနဲ့ တိုင်းပြည်အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ဘဲ။ လက်ပိုက်ကြည့်မနေနိုင်ပါလို့ ပြောပါတယ်။ ဒီအဆင့်အထိ ရောက်လာလိမ့်မယ်လို့လည်း သူမအနေနဲ့မမျှော်လင့်ခဲ့ပါလို့ဆိုပါတယ်။ စာအုပ်ထဲမှာ သက်ဆင်က အခုလိုမှတ်ချက်ပေးထား ပါတယ်။ ““သူညီမက သူ့ထက်ပိုတော် တာတစ်ချက်ရှိ ကြောင်း၊ သူမဟာရန် လိုတဲ့ လူမျိုးမဟုတ်ကြောင်း သူ့လိုခက်ထန်သူ တစ်ယောက်မဟုတ်ကြောင်း ရေးထားတယ်။

၎င်းင်းက ဆက်လက်ပြောဆိုတာကတော့““ကျွန်တော်က သူမကိုတစ်ခုခု လုပ်ဖို့ ပြောတဲ့အခါမှာ၊ သူမရဲ့ပင်ကိုအယူအဆနဲ့သာ မကိုက်ညီပါက သူမအ နေနဲ့ လက်ခံလေ့မရှိပါဘူး။ ဒီလိုကွဲပြားမှုရှိပေမယ့် ဒီအချက်ဟာ ကောင်းတဲ့ အချက်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်လို့ ပြောထားပါတယ်။

Source by :https://linyonemagazine.wordpress.com/
Share this article :

1 comments:

မဒမ်ကိုး said...

အကိုရေ ပုံတွေမတွေ့ရဘူး ကြည့်ချင်လို့ပါ
တင်ပေးပါလား

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။