Home » » ပရိသတ် အများအပြား လာရောက်ခဲ့သည့် ရဲလေး တစ်ကိုယ်တော် 2011 Show

ပရိသတ် အများအပြား လာရောက်ခဲ့သည့် ရဲလေး တစ်ကိုယ်တော် 2011 Show

Written By မောင်စေတနာ on Thursday, September 22, 2011 | 7:39:00 AM



ပရိသတ်နှင့် အားစမ်းမည်ဟု အင်တာဗျူး အဖြေစကားများတွင် လွန်ခဲ့သည့် သုံးလခန့်ကတည်းက ဖြေကြားခဲ့သည့် ရဲလေး၏တစ်ကိုယ်တော် 2011Show က စိတ်ဝင်စားစရာ ဖြစ်နေခဲ့သည်။ ဖျော်ဖြေပွဲပြုလုပ်မည့် ကွင်းအတွင်းသို့ ရောက်ရှိသွားချိန်တွင် ထိုင်ခုံနေရာများတွင်ရော မတ်တပ် နေရာများတွင်ပါ ပရိသတ်အများစု ရောက်ရှိနေကြပြီ။

စောင့်ဆိုင်းနေကြဆဲမှာပင် ယူရေနီယမ် အကအဖွဲ့နှင့်အတူ ရဲလေး က ညီဖြစ်သူ ဂျိုကာနှင့် အတူ တွဲဖက် ၍ စင်ပေါ်ရောက်ရှိလာခဲ့သည်။ နှုတ်ဆက်စကားဦးစွာ ပြောကြားပြီးနောက် ဒီဂျေသော်သော်၏ non-stop အစီအစဉ်နှင့် တေးသီချင်းများ ဆက်တိုက်သီဆိုဖျော်ဖြေခဲ့ရာ ပရိသတ်များက တခဲနက် အားပေးခဲ့ကြသည်။ ထို့နောက် ပရိသတ်မြင်ကွင်း ရှေ့တွင် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော Bambino အဖွဲ့မှ အိနွေ နှင့် သီရိတို့နှင့်တွဲဖက်၍ သီဆိုဖျော်ဖြေခဲ့သည်။ ပထမပိုင်း၏အဆုံးသတ် အစီအစဉ်အဖြစ် ရဲလေးက စည်သူလွင် နှင့်တွဲဖက်၍ သီဆိုဖျော်ဖြေပေးခဲ့သည်။

ပရိသတ် တောင်းဆိုမှုများ ကြားတွင်ပင် ဂျေမီနှင့်ကြက်ဖတို့က ‘အရည်ထုတ်’ တေးသီချင်းကို စတင်သီဆိုရာ ပရိသတ်အားလုံးလိုက်ပါ သီဆိုပြီး Hibird band ကိုဖိတ်ခေါ် ကာ ရဲလေးကိုယ်တိုင် ဂစ်တာတီးခတ်၍ သူရေးသားထားပြီး ၀ိုင်းစုခိုင်သိန်း သီဆိုခဲ့သော ‘လမ်းမကြီးရဲ့ဘေး’ သီ ချင်းကို အမှတ်တရ ပြန်လည်သီဆိုပေးခဲ့သည်။ ထို့နောက် အဆိုတော် Lဆိုင်းဇီနှင့် တေးသီချင်းတစ်ပုဒ် သီဆိုဖျော်ဖြေခဲ့သည်။ ထို့နောက်သင်္ကြန် သီချင်းတစ်ပုဒ်သီဆိုမည်ဟု ကြေညာအပြီးတွင် အဆိုတော်ထိန်ဝင်းက စင်ပေါ်သို့ရောက်ရှိလာခဲ့သည်။

‘ဘာစားမလဲအစ်ကို’၊ ‘မဟုတ်ရပါဘူး’ တေးသီချင်းများအား မြူးကြွစွာသီဆို ဖျော်ဖြေပေးခဲ့ကြသည်။ ’မိုးတွေရွာချ ပါတော့မယ်’ ဆိုသည့် ကြေညာမှုတွင် မိုးတေးသီချင်း သီဆိုရင်းစင်မြင့်ပေါ် တွင် မိုးရေစက်များ ကျဆင်းစေခဲ့သော ကြောင့် ရေစက်များကြားတွင်ပင် ရဲလေးက ဆက်လက်ဖျော်ဖြေရင်း ဒုတိယပိုင်းအား အဆုံးသတ်ခဲ့သည်။

တတိယပိုင်း ဖျော်ဖြေမှု၏ အစအဖြစ် ယူရေနီယမ်၏ တင်ဆက်မှု နှင့်အတူ ရဲလေးနှင့် အေသင်ချိုဆွေတို့ ကဖွင့်လှစ်ခဲ့သည်။ ထို့နောက် အဆိုတော် ဟဲလေးနှင့်အတူ တွဲဖက်သီဆို ဖျော်ဖြေခဲ့သည်။ အစ္စဏီနှင့်နှစ်ယောက် တွဲဖက်၍ တေးသီချင်းများ သီဆိုအပြီးတွင် အစ္စဏီ၏’ ရင်မှာအရင်အတိုင်း’ သီဆိုဖျော်ဖြေမှုနှင့်အတူ တတိယပိုင်းအား အဆုံးသတ်ခဲ့သည်။

စတုတ္ထပိုင်း ဖျော်ဖြေမှုတွင် Gateway အဖွဲ့၏ သီချင်းများနှင့် ဖျော်ဖြေခဲ့ပြီး တစ်ဦးချင်းအနေနှင့် ရော၊ အဆိုတော်များစွာနှင့် တွဲဖက်၍ သီဆိုဖျော်ဖြေခဲ့သည့် ရဲလေး၏ 2011Show အား ညနေ ၆နာရီကျော်တွင် အဆုံးသတ်ခဲ့သည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။