Home » » ရန်ပွဲကို ဖျန်ဖြေသော ထိုင်းကျောင်းဆရာ ဖေါင်တိန်သေနတ်ဖြင့် ပစ်ခံရ

ရန်ပွဲကို ဖျန်ဖြေသော ထိုင်းကျောင်းဆရာ ဖေါင်တိန်သေနတ်ဖြင့် ပစ်ခံရ

Written By မောင်စေတနာ on Tuesday, August 9, 2011 | 11:45:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZzyv57hv3dFWQ-aghvFCmVGgRTO5oiTq2UTCjDZ6dSndxHB6F4wAoSC6R6kdSt9wwUeBJA3XsgPnkhaQgI67GLTYxpIMW95yJyzjnE5PfIjg770Ely43507Dx-K91eiAUNyk1K-oZ45H_/s1600/pen+gun
နွန်သာဘူရီပြည်နယ်ရှိ ဘတ်စ်ကား မှတ်တိုင်တွင် သက်မွေးကျောင်းသား ၅၀ ခန့် ခိုက်ရန် ဖြစ်ပွားနေစဉ် ၀င်ရောက် ဖျန်ဖြေပေးသည့် ကျောင်းဆရာမှာ မျက်နှာတွင် သေနတ်ပစ်ခံခဲ့ရသည်။

တပ်မတော် သယ်ယူပို့ဆောင်ရေး အင်ဂျင်နီယာကျောင်းမှ ဆရာ ၀ီချိယန်ပတ်ချာခီအော်မှာ ကျောင်းသားတစ်ဦးက ဖေါင်တိန် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မျက်လုံးအောက်နားတွင် ဒဏ်ရာရရှိခဲ့သည်။ ကျောင်း ၂ ကျောင်း အကြား ခိုက်ရန် ဖြစ်ပွားနေစဉ် တစ်ခါသုံး သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက် ခံရခြင်းဖြစ်သည်။ ဖရာရမ်ဟော့နှင့် နာကောင်လွန် နည်းပညာကျောင်းများမှ ကျောင်းသား ၁၇ ဦးကို ထိုင်းရဲက ဖမ်းဆီးထားသည်။ ဖေါင်တိန်သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာမူ လွတ်မြောက်သွားသည်။

ဓါး ၂၁ လက်၊ ပေါက်ဆိန်နှင့် ပင်ပေါင်လက်ပစ် ဗုံး တစ်လုံးတို့ကို ရဲများက သိမ်းဆည်းခဲ့ရသည်။

ကျောင်းသားများ ခိုက်ရန် ဖြစ်ပွားခြင်းနှင့် လက်နက် ကိုင်ဆောင်သည့်အတွက် လက်ရှိ ပြစ်ဒဏ်များဖြစ်သည် ဒဏ်ငွေ ၁၀၀ ဘတ်နှင့် မိဘ အုပ်ထိန်းသူများမှ လက်မှတ် ရေးထိုးခြင်းတို့မှာ ရန်ပွဲများကို တားဆီးရာတွင် မလုံလောက်သေးကြောင်း ရဲအရာရှိချုပ် ဆူရာချိုင်းဆူဆပ်က ဆိုသည်။

ဘန်ကောက်မြို့တော်၊ ရာမာ ၇ တံတားကြီး အနီးတွင်လည်း ဖရာရမ်ဟော့နည်းပညာ ကျောင်းသားတစ်ဦးမှာ သေနတ်ပစ်ခံရပြီး အသက်ဆုံးရှုံးခဲ့သည်။ မိန်းကလေးတစ်ဦး အပါအ၀င် သူငယ်ချင်း လေးဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။

စားသောက်ဆိုင်တွင် စားသောက်နေကြစဉ် မော်တော်ဆိုင်ကယ်ဖြင့် လူ ၂ ဦး ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဒေါဝ်ခနုံရပ်ကွက်နားတွင်လည်း အမှတ် ၁၀၁ ဘတ်စ်ကားကို သက်မွေးကျောင်းသားများက အနုကြမ်းစီးခဲ့သဖြင့် ရဲဖက်က ၀င်ရောက်ဟန့်တား ဖြေရှင်းခဲ့ရသည်။ ပြန်ပေးဆွဲသည့် ကျောင်းသားများ လွယ်အိတ်ထဲတွင် ဓါးများကို ဖွက်ထားကြောင်း တွေ့ရှိခဲ့ကြသည်။

“ကျမသာ ဓါး မဆောင်ထားလို့ကတော့ သေတာကြာပြီ။” မိန်းကလေး တစ်ဦးက ရဲများကို ပြောပြခဲ့သည်။

ကျောင်းသားများ ကားပေါ်ရောက်လာပြီးနောက် ရှေ့မီးများကို ပိတ်ထားရန် တောင်းဆိုခဲ့သည်။ အခြားရန်ဖက်ကျောင်းသားများက သူတို့အား မမြင်တွေ့နိုင်စေရန်အတွက် ဖြစ်သည်ဟု ဆိုသည်။

မောက္ခသတင်း

Source: BKK post

Source by :http://www.maukkha.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။