Home » » မလေးရှားတွင် သေကြောင်းကြံစည်မှုများ နေ့စဉ်ဖြစ်ပေါ် ...

မလေးရှားတွင် သေကြောင်းကြံစည်မှုများ နေ့စဉ်ဖြစ်ပေါ် ...

Written By မောင်စေတနာ on Wednesday, April 13, 2011 | 1:00:00 AM

http://a3.sphotos.ak.fbcdn.net/hphotos-ak-snc4/155625_172852749412824_172818309416268_417163_454710_n.jpg
ချစ်သူနှင့်လမ်းခွဲပြီး ၁၄ ထပ်ပေါ်မှ မခုန်ချခင် ၄၅မိနစ်အလို Facebook ပေါ်တွင်
အချိန်ရေတွက်သွားသူ Alviss Kong

မလေးရှားတွင် လူမှုရေးကိစ္စများနှင့် စိတ်ရောဂါဖြစ်ပွားမှုနှုန်းများ ဖြစ်ပေါ်လျှက်ရှိရာ သေကြောင်း ကြံစည်မှုများမှာ ယခင်ကထက် ပိုမိုများပြားလာသည်။ ထိုအထဲတွင် လူငယ်များ နှင့် သက်လတ် ပိုင်းများ ပါဝင်လာခြင်းမှာ ပိုမိုစိုးရိမ်ဖွယ်ရာဖြစ်သည်။ အတော်များများတွင် သေကြောင်းကြံစည်မှုမှာ ရက်လအတန်ကြာ အချိန်ယူ ကြိုတင် အချိန်ယူပြင်ဆင်ပြီး အများကို ကြိုတင်အသိပေးထားသည်ကို တွေ့ရသော်လည်း ဘေးပါတ်ဝန်းကျင်က ဂရုမထားသည့် အနေအထားကို တွေ့ရသည်။

ဖေဖေါ်ဝါရီလ (၇)ရက်နေ့က မလက္ကာရှိ အသက် ၁၇နှစ်အရွယ် ”ဆယ်လီ” ဆိုသူ ကျောင်းသူ တစ်ဦးက ကျောင်းဝရံတာ ဘောင်ပေါ်မှ ခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။ အဆိုပါ ကျောင်းသူသည် ဓါတုဗေဒဓါတ်ခွဲခန်းတွင် အခြားကျောင်းသား၅ဦးနှင့်အတူ လေ့ကျင့်ခန်း လုပ်နေရာမှ ရုတ်တရက် ထထွက်သွားပြီး အပေါ်ထပ်သို့တက်ကာ နောက်ပြန်အနေအထားဖြင့် ကျလာကြောင်း မျက်မြင်သက်သေများက ပြောခဲ့သည်။ ဦးခေါင်းဒါဏ်ရာများဖြင့် ကွယ်လွန်ခဲ့သော "ဆယ်လီ” နှင့် ပါတ်သက်၍ အမည်မဖေါ်လိုသူ ဆွေမျိုးတစ်ဦးက "ဆယ်လီ” သည် တရုတ်နှစ်ကူး အတွင်း ပျော်ရွှင်နေပုံရကြောင်း နှင့် ကျန်ရစ်သူမိသားစုမှာ "ဆယ်လီ” သေကြောင်းကြံသွား ရခြင်းကို နားမလည်နိုင်ကြောင်း ပြောသော်လည်း "ဆယ်လီ” .၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖေါ်ပြထားသော အကြောင်းအရာမှာ အဆိုပါပြောပြချက်နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ ”ဆယ်လီ” သည် ဇန္နဝါရီ (၁၇) ရက်နေ့မှ စတင်ကာ သူမ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် စိတ်ညစ်ညူးဖွယ်ရာ မှတ်ချက်များ စတင်ရေးသားခဲ့ပြီး ယခုတရုတ်နှစ်ကူးသည် သူမအတွက် နောက်ဆုံးနှစ်ကူးဖြစ် ကြောင်း ပြောကြားခဲ့သည်။

သတ်မသေခင် ၆ရက်နေ့ည ၁၁နာရီ ၇မိနစ်က အဆင်မပြေသော အချစ်ရေးနှင့် ကတိပျက်ကွက်မှုများကြောင့် "ဆယ်လီ” က ကိုယ့်ကိုယ်ကို သတ်သေလိုကြောင်း ရေးသားခဲ့ရာ ဖေ့စ်ဘွတ်တွင် ရှိသော သူငယ်ချင်းအချို့က မတားဆီးသည့်အပြင် ဆက်လုပ်ရန် တိုက်တွန်း ရေးသားခဲ့သည်ဟု ဆိုသည်။

သတ်သေမည့်နေ့ (၇)ရက်နေ့နံနက် ၃း၄၅ က သူငယ်ချင်းများကို ပေးထားသည့်ကတိအတိုင်း တယ်ဒီဝက်ဝံရုပ်နှင့် အလောင်းထည့်ရန် ခေါင်းဝယ်ပေးပါဟု တောင်းဆိုထားပြီး သူသေလျှင် လွမ်းဆွေးမနေရန် မှာကြားရေးသားခဲ့သည်။ မိသားစုက ဖြစ်ပျက်ခဲ့သမျှကို သိရှိနိုင်ရန် သမီးဖြစ်သူ၏ အတန်းဖေါ်များကို တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

”ဆယ်လီ” ၏ ဖြစ်ရပ်ကဲ့သို့ပင် အလားတူ ဖြစ်ရပ်မျိုး ပြီးခဲ့သော ဒီဇင်္ဘာကလည်း ဖြစ်ပွားခဲ့ရာ အသက် ၂၂ရွယ်ရှိ

"ဆယ်လီ” ပြီးနောက် ၂ရက်အကြာတွင် ဆားဒန်းတွင်လည်း မိမိကိုယ်မိမိ သတ်သေမှုတစ်ခု ဖြစ်ပွားခဲ့သည်။ တန်လီးယင် ဆိုသူက ၅နှစ်ရွယ် သမီးငယ်ကို ၄ထပ်တိုက်ခန်းပေါ်မှ ပစ်ချပြီး သူမကိုယ်တိုင်က ၁၀ထပ်အမြင့်မှ ခုန်ချသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အသက် ၃၅နှစ်အရွယ် ”တန်လီးယင်”မှာ ကာလရှည်ကြာစွာ စိတ်ဝေဒနာ ခံစားနေရသူဖြစ်ပြီး အိမ်ထောင်မကျခင်ကပင် ပုံမှန်ဆေးသောက်နေရသူ ဖြစ်ကြောင်း အိမ်နီးချင်း တစ်ဦးက ဆိုသည်။ အဆိုပါနီးချင်းကပင် စိတ်ဝေဒနာရှင် "တန်” သည် မကြာခဏသေကြောင်းကြံမည့် ကိစ္စကို ပြောဆိုတတ်ကြောင်း၊ သို့သော် မည်သူကမျှ ထိုသို့ ဖြစ်လာမည် မထင်ကြောင်း ပြောကြားခဲ့သည်။

လောလောဆယ်တွင် စိတ်ရောဂါအထူးကု ဆရာဝန်များက လူထုစိတ်ကျန်းမာရေး နှင့် ပါတ်သက်ပြီး ထိထိရောက်ရောက်ကြပ်မတ်ကိုင်တွယ်ခြင်း မရှိပါက သေကြောင်းကြံစည်မှုများ ပိုမိုတိုးပွားလာနိုင်ကြောင်း သတိပေး ပြောကြားထားသည်။

မလေးရှားတွင် စိတ်ကျန်းမာရေးအတွက် ကုသမှုမှာ အလွန်အမင်း လိုအပ်နေကြောင်းလည်း အကြံပေးထားသည်။ ၁၉၈၀ပြည့်နှစ်များတွင် လူတစ်သိန်းလျှင် ၈ယောက်နှုန်းသာ သေကြောင်းကြံရာမှ ယခုအခါ လူတစ်သိန်းလျှင် ၁၂ယောက် ဖြစ်လာကြောင်း သိရသည်။

ပင်လုံသစ္စာ

Source by :http://www.lannthit.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။